အရွယ်တင်စေဖို့ သင်ရဲ့ ခန္ဓာကိုယ်အင်္ဂါတွေ အာဟာရပြည့်ဝဖို့အတွက် ကောင်းမွန်တဲ့ အာဟာရတွေကို မှီဝဲရန် လိုအပ်ပါတယ်။
အခုဒီမှာတော့ အိုမင်းခြင်းကို အတတ်နိုင်ဆုံးကာကွယ်ပေးနိုင်တဲ့ အစားအသောက်တွေကို ဖော်ပြလိုက်ပါတယ်။
၁။ပဲကြီးပဲ

အမျှင်ဓာတ်များစွာပါဝင်တဲ့ ဒီပဲတောင့်တွေဟာ ကိုလက်စထရော ပမာဏမြင့်တက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ပိုတက်ဆီယမ်ပါဝင်တဲ့အတွက် သွေးဖိအားကိုလည်းလျှော့နည်းစေပါတယ်။
၂။လိမ္မော်သီး

antioxidant ဓာတ်တွေဟာ လိမ္မော်သီးမှာ ကြွယ်ဝစွာပါဝင်ပြီး လိမ္မော်သီးကို စားသုံးခြင်းဟာ သွေးခဲခြင်းကို ကာကွယ်ပေးပါတယ်။သွေးကြောတွေကို ကောင်းမွန်စွာစီးဆင်းနိုင်အောင် သွေးခဲခြင်းကို ကာကွယ်ခြင်းဟာ သွေးတွင်း ကိုလက်စထရော ပမာဏနည်းပါးအောင်း ထိန်းသိမ်းထားခြင်းကဲ့သို့ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။
၃။ဖွဲနုအချပ်များ

ဖွဲနုဟာ ကာဘိုဟိုက်ဒရိတ်ဓာတ်(carbs)ပါဝင်ပြီး ဂျုံမှုန့်၊ပြောင်းဖူးတို့ဟာ သင့်ဦးနှောက်ရဲ့ အာရုံကြောအတွက်အရေးပါတဲ့ ဂလူးကိုစ်ဓာတ်ပါဝင်ပါတယ်။လေ့လာချက်တစ်ခု အရ ဖွဲနု များကို စားသုံးတဲ့ လူတွေဟာ မစားသုံးတဲ့ သူတွေထက် ၂၉ % ကျန်းမာရေး ပိုကောင်းကြပါတယ်။
၎။ဒိန်ချဉ်

ဒိန်ချဉ်မှာ အဟာရကြွယ်ဝစွာပါဝင်ပြီး ပရိုတင်း၊ပိုတက်ဆီယမ်ဓာတ်၊မက်ဂနီဆီယမ်ဓတ်နဲ့ ကယ်ဆီယမ် တို့ပါဝင်ပါတယ်။ဒိန်ချဉ်ဟာနှလုံးအတွက်ကောင်းမွန်တဲ့ အစားအစာတစ်ခုဖြစ်ပြီး အရိုးနဲ့ ကြွက်သာများကို သန်မစေပြီး ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
၅။မုန်ညှင်းဖြူ

ကယ်ဆီယမ်ဓာတ် အရိုးများသန်မာရန်အတွက် အရေးကြီးတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ နို့ထွက်ပစ္စည်းတွေမှာပဲ ကယ်ဆီယမ်ပါဝင်တာ မဟုတ်ပါဘူး။မုန်ညှင်းဖြူမှာလည်း ကယ်ဆီယမ်ဓာတ်ပါဝင်ပြီးတော့ မုန်ညှင်းဖြူဟင်းတစ်ခွက်ဟာ နို့တစ်ခွက်မှာ ပါဝင်တဲ့ ကယ်ဆီယမ်နဲ့ ညီမျှပါတယ်။
၆။ချောကလတ်

ချောကလတ်မှာ အရေပြားကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ အန်တီအောက်ဆီဒန့် ဓာတ်တွေပါဝင်ပါတယ်။ချောကလတ်ကို နေ့တိုင်းမစားနိုင်ဘူးဆိုလည်း ကိုကိုးမှုန့် တစ်ဇွန်းလောက်ကို ကော်ဖီထဲဖျော်သောက်ခြင်းက ချောကလတ်မှပါဝင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေကို ရစေနိုင်ပါတယ်။
Ref : HeadLine camp
MyanmarMMRD မှ Health Products Directory စာအုပ်အပြင် တခြားစာအုပ်လေးတွေလည်း ထွက်ရှိနေပါပြီနော်။
