- ကိုယ်ဝန်ရှိသည်ဟု သံသယရှိလျှင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနများတွင် ကိုယ်ဝန်အပ်ပါ။
- ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုကို ကျွမ်းကျင်သူ ကျန်းမာရေးဝန်ထမ်းထံတွင် အနည်းဆုံး (၄) ကြိမ်ခံယူပါ။
ပထမအကြိမ် - ကိုယ်ဝန် (၄) လအတွင်း (စောနိုင်သမျှစောစော)
ဒုတိယအကြိမ် - ကိုယ်ဝန်(၆) လမှ (၇) လအတွင်း
တတိယအကြိမ် - ကိုယ်ဝန် (၈) လအတွင်း
စတုတ္ထအကြိမ် - ကိုယ်ဝန် (၉) လအတွင်း
- ကိုယ်ဝန်ဆောင်မိခင်များ အာဟာရပြည့်ဝမျှတစေရန် အစားမရှောင်ပါနှင့်။ ကိုယ်ဝန်ဆောင်စဉ် အစားပိုစားပါ။
- မေးခိုင်ကာကွယ်ဆေး (၂) ကြိမ်ထိုးပါ။
- တတ်ကျွမ်းသော ကျန်းမာရေး စောင့်ရှောက်မှု ပေးသူမှ ညွှန်ကြားသော ဆေးဝါးများမှအပ အခြားဆေးများ မသောက်ပါနှင့်။
- နေ့စဉ် သင့်တော်သော ကိုယ်လက်လှုပ်ရှားမှု အသင့်အတင့်ပြုလုပ်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။ နေ့လယ်ပိုင်းတွင် အနားယူပါ။ အလေးအပင်မသော အလုပ်များ မလုပ်ပါနှင့်။
- သံဓာတ်ဖောလိတ် ကိုယ်ဝန်ဆောင်အားဆေးကို စောနိုင်သမျှ စောစောသောက်ပါ။ ကိုယ်ဝန် (၇) လ ကျော်လျှင် မနက်တစ်လုံး၊ ညတစ်လုံးသောက်ပါ။
- သန့်ရှင်းပေါ့ပါးချောင်ချိ၍ ရာသီဥတုနှင့်ကိုက်ညီသော အ၀တ်အစားများကို ၀တ်ဆင်ပါ။
- ဆေးလိပ်၊ အရက်မသောက်ပါနှင့်။ ကွမ်းမစားပါနှင့်။ ဆေးလိပ်အငွေ့အစရှိသည့် ညစ်ညမ်းသော လေထုပတ်ဝန်းကျင်မှ ရှောင်ရှားပါ။
- ဌက်ဖျားနှင့်သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နိုင်ရန်အတွက် မည်သည့်အချိန်အိပ်အိပ် ဆေးစိမ်ခြင်ထောင်ဖြင့် အိပ်ပါ။
- မွေးဖွားရန် ကြိုတင်အစီအစဉ် ရေးဆွဲထားပါ။
- တစ်ခါသုံး မွေးဖွားအိတ်ငယ်ကို အသုံးပြုပါ။
ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့်
- ခေါင်းပြင်းထန်စွာ ကိုက်ပြီး အမြင်မှုန်ဝါးခြင်း
- အသက်ရှုမြန်ခြင်း၊ အသက်ရှုခက်ခြင်း
- အန်ခြင်း၊ ရင်ညွှန့်(သို့မဟုတ်) ညာဘက်နံရိုးအောက် အောင့်ခြင်း
- ၀မ်းဗိုက်အလွန်အမင်း ဆက်တိုက်နာခြင်း
- မိန်းမကိုယ်မှ ရေဆင်း၊ သွေးဆင်းခြင်း
- ဖျားပြီး အိပ်ရာမှ မထနိုင်လောက်အောင် အားနည်းခြင်း
- တက်ခြင်း၊ သတိလစ်ခြင်း
စသည့် အခြေအနေများဖြစ်ပေါ်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းသွားရောက်ပြသကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
READ - ကိုယ်ဝန်ဆောင်စဉ်နှစ်ခြိုက်စွာ အိပ်ပျော်နိုင်စေဖို့
Source: Myanmar alinn