What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 07 November 2020 12:20

အခုနောက်ပိုင်း အရေပြားလေး ဖက်နာတွေက ပိုဖြစ်လာတာ ဘာကြောင့်လဲ။

နေထိုင်စားသောက်မှုပုံစံ မမှန်ကန်ခြင်းကြောင့် အရေပြား လေးဖက်နာရောဂါဖြစ်ပွားမှု

 

နေထိုင်စားသောက်မှုပုံစံ မမှန်ကန်ခြင်းကြောင့် အရေပြား လေးဖက်နာရောဂါဖြစ်ပွားမှုသည် ဆယ်နှစ်ကျော်အတွင်း ပိုမိုများ ပြားလာခဲ့သည်။ ကမ္ဘာပေါ်တွင် လက်ရှိအချိန်၌ အရေပြားလေး ဖက်နာရောဂါဖြစ်ပွားသူ ငါးသန်း ခန့်ရှိနေကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က ခန့်မှန်းထားသည်။ မြန်မာနိုင်ငံတွင်လည်း ခုတင် ၅၀၀ ဆံ့ဆေးရုံကြီး၏ အရိုးအ ကြောအဆစ်ကုသဌာနစာရင်း များအရ အရေပြားလေးဖက်နာ အပါအဝင် အခြားအရိုးအကြောအဆစ်ဆိုင်ရာရောဂါများကို လာရောက်ပြသမှုသည် ၂၀၀၆ က တစ်လအတွင်း လူနာသုံးဦးမှ လေးဦးရှိခဲ့ရာမှ ၂၀၁၇ တွင် ပြင်ပလူနာဌာန၌ နေ့စဉ် လူနာ ၁၀၀ မှ ၁၅၀ ဦးကြားရှိနေသည်။ ၎င်းလူနာများအနက် လူနာဦးရေ ၁၀၀ လျှင် ၈၀ ဦးသည်အရေ ပြားလေးဖက်နာလူနာများဖြစ်ကြ သည်။

 

ဆေးရုံတက်တဲ့လူနာတွေထဲ မှာ အရေပြားလေးဖက်နာကြောင့် တက်ရောက်ကုသတဲ့သူတွေများ တယ်။ တက်ရောက်ကုသတဲ့အထဲ မှာ လူတစ်ရာမှာ ၈၀ လောက်က အရေပြားလေးဖက်နာရောဂါတွေ ဖြစ်တယ်။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်း က သွေးကြောရောင်တာတို့၊ အ ကြောအဆစ်တို့များတယ်။ ပြင်ပ လူနာဌာနမှာတော့ သွေးလေးဖက် နာနဲ့ ကျီးပေါင်းတက်လေးဖက်နာ၊ ခါးဆစ်ရောင်လေးဖက်နာဆိုတဲ့ နာတာရှည်ရောဂါတွေများတယ်။

 

အခုနောက်ပိုင်း အရေပြားလေး ဖက်နာတွေက ပိုဖြစ်လာတာ ဘာကြောင့်လဲ။

အခုနောက် ပိုင်းမှာ အရေပြားလေးဖက်နာတွေ က ပိုဖြစ်လာတယ်။ လူနေမှုစရိုက် နဲ့ လည်းဆိုင်တယ်။ အဝတ်အစား တွေကို လုံလုံခြုံခြုံမဝတ်တော့ နေ ရောင်ထိပြီးဖြစ်တာလည်း ရှိ တယ်။ ဖြစ်ပွားရတဲ့အကြောင်း ရင်းထဲမှာ နေရောင်ထိပြီးဖြစ်တာ အများဆုံးပဲ။ အိုဇုန်းလွှာပေါက်ပြီး တော့ ထိတဲ့နေရောင်က အရမ်း ပြင်းတယ်။ ဒါကြောင့် အရေပြား ကိုထိပြီးတော့ ဗီဇပြောင်းလဲမှုတွေ ဖြစ်လာတယ်။

 

နိုင်ငံတကာမှာ လည်း ပိုပြီးဖြစ်လာတာတွေ့ရ တယ်။ သူ့ရဲ့အဓိကအချက်က နေရောင်ခြည်နဲ့ထိတွေ့မှုများတာ ကြောင့်လည်းပါတယ်။ နောက် တစ်ခုက အစားအသောက်တွေ ဆိုရင် မျိုးရိုးဗီဇကိုလာပြီးဒုက္ခပေး မယ့် ဓာတ်တွေများလာတယ်။ အခုခေတ် အစားအသောက်တွေ မှာ ဆိုးဆေးတွေပါလာတယ်။ မျှစ်တွေ၊ လက်ဖက်တွေ၊ အကင် တွေ၊ တုတ်ထိုးတွေ၊ အချိုရည် တွေက သဘာဝနဲ့လွန်ကဲနေတဲ့ အရောင်တွေကို ပြုလုပ်ရောင်းချ လာတယ်။

 

အရင်တုန်းကတော့ သံပရာရည်သောက်မယ်ဆိုရင် သဘာဝအရောင် အတိုင်းပဲ သောက်တယ်။ ဆိုးဆေးမပါဘူး။ အခုခေတ်က ဘာသောက်သောက်၊ ဘာစားစားဆိုးဆေးပါနေတယ်။ အဲဒီဓာတုပစ္စည်းတွေနဲ့ ထိတွေ့ နေရတာကလည်း ဗီဇကိုချွတ် ယွင်းစေတဲ့ အကြောင်းရင်းတစ် ချက်ပဲ။ နောက်ပြီးတော့ အစား အသောက်တွေမှာ ပိုးသတ်ဆေး အကြွင်းအကျန်တွေပါလာတယ်။ သန့်ရှင်းမှုမရှိကြဘူး။ ဝိသမလော ဘသားတွေများလာတယ်။ စက် တွေနဲ့ထုတ်လုပ်ပြီးတော့ ကြာရှည် ခံအောင်သိုလှောင်ထားတယ်။ နောက်ပြီးတော့ တာရှည်ခံအောင် သိုလှောင်ထားတဲ့ အစားအ သောက်တွေက ဓာတုပစ္စည်းနဲ့ စီ မံထားတယ်။ အဲဒီအစားအ သောက်တွေက ဗီဇကိုချွတ်ယွင်း စေတယ်။ နောက်ပြီး ဆေးလိပ် သောက်တာတွေကြောင့်လည်း ပါ တယ်။ ဒါကြောင့် အရေပြားလေး ဖက်နာဖြစ်ပွားမှုများလာတယ်။

 

အရေပြားလေးဖက်နာရောဂါအ ကြောင်းကို ရှင်းပြပေးပါဦး။ သူ့ ရဲ့ ရောဂါလက္ခဏာတွေက ဘာ တွေလဲ။

အရေပြားလေးဖက်နာရော ဂါက ကိုယ်ခန္ဓာရဲ့ အင်္ဂါအစိတ်အ ပိုင်းအများအပြားကို ထိခိုက်ပျက် စီးစေတဲ့နာတာရှည်ရောဂါပါ။ ရောဂါက တိုးလာလိုက်၊ သက် သာမှုရလိုက်ဖြစ်ပွားပြီး နောက် ဆုံးမှာ အင်္ဂါအဖွဲ့အစည်းတွေပြန် မကောင်းလာတော့ဘဲ ပျက်စီး သွားတတ်တယ်။ ကနဦးလက္ခဏာ တွေက အရေပြားပေါ်မှာ အကွက် တွေထွက်မယ်။ အရိုးအဆစ်များ လေးခုထက်ပိုပြီးနာကျင်မယ်။ ခေါင်းကိုက်မယ်။

 

စိတ်ဓာတ်ကျ မယ်။ အာရုံစူးစိုက်မှုလျော့ပါးလာ မယ်။ မောပန်းလွယ်မယ်။ အဆစ် အမြစ်တွေကိုက်ခဲမယ်။ နုံးချည့် ချည့်ဖြစ်တတ်တယ်။ အရေပြား ထိခိုက်မှုက အများဆုံးပဲ။ ပါးနှစ် ဖက်နဲ့ နှာခေါင်းတွေပေါ်မှာ နီရဲ တဲ့လိပ်ပြာ ပုံသဏ္ဌာန်ထင်ရှားတဲ့ အကွက်ဖြစ်လာမယ်။ ဆံပင်ကျွတ်တာတို့၊ ဖျားနာတာတို့လည်း ဖြစ်ပေါ်တတ်တယ်။

 

ဒီရောဂါဖြစ်ပွားလို့ရှိရင် အ ရေပြားနဲ့အရိုးအဆစ်တွေထိခိုက် ရုံမကဘဲ နောက်ဆက်တွဲဆိုးကျိုး အနေနဲ့ ဦးနှောက်၊ ဆံပင်၊ နှလုံး၊ ကျောက်ကပ်နဲ့အူတွေအထိကို ထိ ခိုက်နိုင်တယ်။ အသက်ဆုံးရှုံးနိုင် တဲ့ရောဂါဖြစ်တဲ့အပြင် ကျောက် ကပ်နဲ့အာရုံကြောအဖွဲ့အစည်းကို ပါ ထိခိုက်လာလို့ရှိရင် ပိုပြီးစော စောစီးစီးသေဆုံးနိုင်ပါတယ်။

 

အရေပြားလေးဖက်နာရောဂါနဲ့ ပတ်သက်ပြီးတော့ ဆောင်ရန်၊ရှောင်ရန်လေးတွေကို ပြောပြပေးပါဦး။

မကူးစက်နိုင်သော ရောဂါ များအုပ်စုထဲမှာပါတယ်။ များ သောအားဖြင့် မကူးစက်နိုင်သော ရောဂါဆိုရင် လူတွေကပြေးမြင် တာ နှလုံးရောဂါပဲမြင်ကြတယ်။ ဒါကြောင့် နှလုံးရောဂါတွေမဖြစ် အောင် ကာကွယ်ကြတာရှိတယ်။ လေးဖက်နာမှာလည်း ဒီအတိုင်းပဲ ကျန်းမာတဲ့နေထိုင်စားသောက်မှု ပုံစံတွေပြောင်းလဲရမယ်။ အားက စားမှန်မှန်လုပ်ရမယ်။ နေထိုင်မှု ပုံစံပြောင်းရမယ်။

 

စားသောက်မှု ပုံစံတွေပြောင်းလဲမယ်ဆိုရင်တော့ ရောဂါကို ကာကွယ်ရာရောက် တယ်။ အဆီအအိမ့်တွေ၊ဆေးလိပ် တွေမသောက်ရဘူး။ မစားရဘူး။ လေးဖက်နာတွေမှာလည်းခြောက် လကနေ ၂ နှစ်အထိ ကုသရတယ်။ စောစောသိပြီးကုသမယ်ဆိုရင် ခြောက်လလောက်နဲ့ အရှင်း ပျောက်သွားနိုင်တယ်။ ဒါမှမဟုတ် ဘဲ ၂ နှစ်လောက်ခံစားပြီးမှရောက် လာတယ်ဆိုရင်တော့ ရောဂါက မပျောက်တော့ဘူး။ တစ်သက်လုံး ကုသရတော့မယ်။ ဒါကြောင့် အဆစ်နာပြီ၊ အကွက်တွေပေါ်ပြီ ဆိုရင်တော့ ကိုယ့်ဘာသာဆေးမြီး တိုနဲ့ မကုသဘဲနဲ့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ကုသမှုလုပ်ရမယ်။ မဟုတ်ရင် သေဆုံးတဲ့အထိ ဖြစ် နိုင်တယ်။

 

7Day Daily news

Read times
Rate this item
(1 Vote)