What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 02 August 2018 10:43

အမျိုးသား ၊ အမျိုးသမီးများ ဘာကြောင့် အမြုံရောဂါ ဖြစ်ရတာလဲ

အမျိုးသား ၊ အမျိုးသမီးများ ဘာကြောင့် အမြုံရောဂါ ဖြစ်ရတာလဲ Google.com

သန္ဓေတားနည်းလမ်း တစ်စုံတစ်ရာ မသုံးဘဲ ပုံမှန်အတူနေပါလျက် တစ်နှစ်တာကာလအတွင်း ကိုယ်ဝန်မရတာကို မြုံတယ်လို့ ဆိုလိုပါတယ်။

မြုံရတဲ့ အကြောင်းရင်းများစွာ ရှိပါတယ် ။ တစ်ခါတစ်လေမှာ တိကျတဲ့ အကြောင်းရင်းကို မသိရတာမျိုးလည်း ရှိပါတယ်။

ဒါပြင် မြုံတဲ့ လက္ခဏာတွေဟာ အမျိုးသားနဲ့ အမျိုးသမီးနဲ့ ကွဲပြားပါတယ်။ အမျိုးသမီးတွေမှာ ဆိုရင် ဓမ္မတာမမှန်ခြင်း ၊ ရာသီထိန်ခြင်း ၊ အောင့်ခြင်း ၊ အရေပြား အခြေအနေ ပြောင်းလဲခြင်း ၊ တစ်ခါတစ်ရံ ၀က်ခြံများ ပိုထွက်ခြင်း ၊ လိင်စိတ်ဖြစ်ပေါ်မှုများ ပြောင်းလဲခြင်း ၊ နှုတ်ခမ်း ၊ ရင်ဘတ်မှာ အမွှေးကြမ်း ပေါက်ခြင်း ၊ ကိုယ်အလေးချိန်တက်ခြင်း ၊ နို့မတိုက်ရပဲ နို့သီးခေါင်းမှ အဖြူရည်များ ထွက်ခြင်း ၊ လိင်ဆက်ဆံစဉ် နာကျင်ခြင်းတို့  ခံစားရတတ်ခြင်း စတဲ့ လက္ခဏာတို့ပဲ ဖြစ်ပါတယ်။

အမျိုးသားတွေကတော့ အမွေးပေါက်သည့် ပုံစံပြောင်းလဲလာခြင်း ၊ လိင်စိတ်ပြောင်းလဲမှု ဖြစ်ပေါ်ခြင်း ၊ ဝှေးစေ့တွင် အကျိတ်ပေါ်ခြင်း၊ နာကျင်ခြင်း ၊ လိင်တံ ထောင်မတ်နိုင်စွမ်းနှင့် သုတ်လွှတ်ရန် ခက်ခဲခြင်း ၊ ဝှေးစေ့ အရွယ်အစား သေးခြင်း စတာတို့ပဲ ဖြစ်ပါတယ်။ ဒါတွေဖြစ်လာရင် ဘယ်အချိန်မှာ ဆရာဝန်နဲ့  ပြသင့်လဲဆိုတာကို သိထားသင့်ဖို့လိုပါတယ်။

အဒါကတော့ အသက် သုံးဆယ့်ငါး ကျော်လာပြီး ကလေးရဖို့ တစ်နှစ်လောက် ကြိုးစားပေမယ့် လုံးဝ တိုးတက်မှု မရှိရင်တော့ ဆရာဝန်နဲ့  တိုင်ပင်သင့်ပါ တယ်။ ဆီး ၊ သွေးနဲ့  ပုံရိပ်ဖော်နည်းပညာတွေ သုံးပြီး ကုသဖို့ လိုအပ်ပါတယ်။ဒါပြင် သုတ်ပိုးစစ်ဖို့လည်း လိုအပ်ပါလိမ့်တယ်။ လိုအပ်ပါက ဟော်မုန်းပညာရှင် နဲ့ တိုင်ပင်သင့်ပါတယ်။

လုပ်ဆောင်ချက်တွေကိုပြုလုပ်ပြီးနောက် ကုသမှု ခံယူတဲ့အခါ အမျိုးသမီးနဲ့အမျိုးသား ထပ်မံကွဲပြားပါတယ်။

အမျိုးသမီးတွေအတွက်တော့ ဖန်ပြွန်သန္ဓေသားနည်းလမ်း ၊ မမျိုးဥအလှူရှင်များဆီမှ အလှူခံတာ ၊ အငှားကိုယ်ဝန်ဆောင်တာ ၊ သားဥပြွန် ခွဲစိတ်တာတွေ ပြုလုပ်တာ အစရှိတဲ့ နည်းလမ်းတွေနဲ့ ကလေးရအောင် ကြိုးစားနိုင်ပါတယ်။ အမျိုးသားတွေအတွက်တော့ သုတ်ရည်စစ်ဆေးတာ ၊ သားကြောပြန်ဖြည်တဲ့ နည်းလမ်းတွေနဲ့  ကုသနိုင်ပါတယ်။

source:ကျန်းကျန်းမာမာ(ဒေါက်တာအောင်ပြည့်ဖြိုးဦး)

Read: ဆောင်ရန် ၊ ရှောင်ရန် HealthTips များ (၁၅)

ဆောင်ရန် ၊ ရှောင်ရန် HealthTips များ (၁၅)

Read times
Rate this item
(1 Vote)