What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 06 November 2017 14:59

အိပ်မပျော်နိုင်သော ရောဂါရှိသူများ ကျောက်ကပ်ရောဂါဖြင့် သေဆုံးနိုင်ခြေများ

အိပ်မပျော်နိုင်သော ရောဂါရှိသူများ ကျောက်ကပ်ရောဂါဖြင့် သေဆုံးနိုင်ခြေများ google.com

ပြင်းထန်သော အိပ်မပျော်နိုင်သည့် အခြေအနေကြောင့် ကျောက်ကပ်အရည်အသွေးကျဆင်းပြီး ပျက်စီးနိုင်သည့် အန္တရာယ်မြင့်မားကာ စောစောစီးစီး အသက်သေဆုံးနိုင်သည့် အန္တရာယ်ရှိကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။

ကာလကြာရှည် အိပ်မပျော်နိုင်ဖြစ်နေသည့် အခြေအနေကို ဖြေရှင်းခြင်းဖြင့် ယင်းကျန်းမာရေးဆိုးကျိုးများကို ကာကွယ်နိုင် သည်ဟု သုတေသီများက အကြံပြုထားသည်။

အိပ်မပျော်နိုင်သော အခြေအနေကြောင့် စိတ်ဓာတ်ကျသော လက္ခဏာများ၊ အာရုံစူးစိုက်၍မရဘဲ လှုပ်ရှားမှု မူမမှန်ခြင်းနှင့် ဇရာ ကြိုရောဂါတို့အပြင် ကျန်းမာရေးဆိုးကျိုးများစွာ ဖြစ်ပေါ်နိုင်သည်။

အမေရိကန်နိုင်ငံ မမ်ဖီးစ်မြို့ရှိ တန်နက်စီတက္ကသိုလ် ကျန်းမာရေးသိပ္ပံစင်တာမှ လတ်တလောလေ့လာမှုတစ်ရပ်က အိပ်မပျော်နိုင်ဖြစ်နေသူများ ကျောက်ကပ်ပျက်စီးနိုင်ပြီး စောစောစီးစီးသေဆုံးနိုင်သည့် အန္တရာယ်မြင့်မားကြောင်း ဖော်ပြသည်။

သုတေသီများက နိုင်ငံတစ်ဝန်း စစ်ပြန်များကို လေ့လာရာတွင် အထက်ပါကဲ့သို့ အိပ်မပျော်နိုင်ခြင်းနှင့် ကျောက်ကပ်ပျက်စီးမှုနှင့် အသက်သေဆုံးမှုတို့ကြား ဆက်စပ်မှုရှိကြောင်း တွေ့ရှိခဲ့ သည်။

လေ့လာမှုတွင်ပါဝင်သည့် စစ်ပြန် ၉၅၇,၅၈၇ ဦးသည် ကနဦးတွင် ကျောက်ကပ်နှင့်ဆက်စပ်သောရောဂါ မရှိ သူများဖြစ်ပြီး ၎င်းတို့အနက် လူပေါင်း ၄၁,၉၂၈ ဦးသည် ကာလကြာရှည် အိပ် မပျော်နိုင်သော အခြေအနေမျိုး ကြုံတွေ့ခဲ့ရသည်။

ကာလကြာရှည်အိပ်မပျော်နိုင်ဖြစ်ခြင်းကြောင့် ကျောက်ကပ် အရည်အသွေး လျော့ကျမှုဖြစ်နိုင်သည့်အန္တရာယ် ၁ ဒသမ ၅ ဆ မြင့်မားပြီး စောစောစီးစီး အသက်သေဆုံးနိုင်ခြေ ၁ ဒသမ ၄ ဆ ပိုမိုမြင့်မားကြောင်း သုတေသီများက ပြောသည်။

ပြင်းထန်သော ကျောက်ကပ်ရောဂါ (CKD) ဖြစ်ပွားနိုင်သော အခြားအန္တရာယ်များတွင် အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆီးချိုရောဂါရှိခြင်းနှင့် သွေးတိုးရောဂါတို့ပါဝင်သည်။

ယင်းရောဂါ ပြင်းထန်လာပါက နေ့စဉ် ဆေးဘက်ဆိုင်ရာ အကူအညီလိုအပ်ပြီး ကျောက်ကပ်အစားထိုး ကုသမှုခံယူရန် လိုအပ်နိုင်သည်။

READ - အိပ်ရေးမဝခြင်းရဲ့ ဆိုးကျိုး (၁၀) ခု

Source: 7 day daily  

Read times
Rate this item
(1 Vote)