What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 11 January 2021 15:55

အစာအိမ် အက်စစ်ဓာတ်လျော့ပါးစေသော ဆေးများကြောင့် ကျောက်ကပ်ထိခိုက်ပျက်စီးနိုင်

အစာအိမ် အက်စစ်ဓာတ် လျော့ပါးစေသော ဆေးများကို အချိန် ကြာမြင့်စွာ သောက်သုံးခြင်းကြောင့် ကျောက်ကပ်ပျက်စီးခြင်း အပါအဝင် ပြင်းထန်သော ကျောက်ကပ်ပြဿနာများ ဖြစ်ပွားနိုင်ကြောင်း အမေရိကန်သုတေသီများက သတိပေးထားသည်။

 

ရင်ပူရင်ဆာဖြစ်ခြင်းအတွက် အသုံးပြုရေ သာဆေးများကို အချိန်ကြာမြင့်စွာ သုံးစွဲခြင်းကြောင့် ပြင်းထန်သော ကျောက်ကပ်ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

 

အစာမကြေဖြစ်ခြင်းကြောင့် အစာပြွန်ထဲသို့ အစာအိမ်မှ အက်စစ်ဓာတ်များ ပြန်ထွက်လာသည့် အခါ ရင်ဘတ်ပိုင်းပူလောင်ခြင်း အခြေအနေကို ရင်ပူရင်ဆာဖြစ် သည်ဟုခေါ်သည်။

 

ယင်းဆေးဝါးများ အသုံးပြုခြင်းကြောင့် ရုတ်တရက် ကျောက်ကပ်ပြဿနာများ ဖြစ်ပေါ်လာသဖြင့် ဆရာဝန်များက ယင်းဆေးဝါးများ တိုက်ကျွေးမှု ရပ်ဆိုင်းရခြင်းများရှိကြောင်း စိန့်လူးဝစ်မြို့ရှိ ဝါရှင်တန်တက္ကသိုလ်မှ သုတေသီများကပြောသည်။

 

ကျောက်ကပ်ပြဿနာများသည် တိတ်တဆိတ် ဖြစ်ပေါ်လာကာ အချိန်ကြာလာသည်နှင့်အမျှ ပိုဆိုးလာပြီး ကျောက်ကပ်လုပ်ဆောင်ချက်ပျက်ကာ ရေရှည်ကျောက်ကပ်ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ယင်းဆေးဝါးများကို လိုအပ်မှသာ သုံးစွဲသင့်ကြောင်း သုတေသီများကပြောသည်။

 

PPI ဟုခေါ်သော ယင်းဆေးဝါး အသုံးပြုသူများသည် ဆီးနည်းခြင်း၊ အားလျော့ခြင်းနှင့် ခြေလက်ရောင်ရမ်းခြင်း တို့ ကြုံတွေ့ရကြောင်း သိရသည်။

 

PPI ဆေး အသုံးပြုနေသော လူနာများ၏ ကျောက်ကပ်လုပ်ဆောင်ချက်ကို ဆရာဝန်များအနေဖြင့် အလေးထား ရန်လိုကြောင်း သုတေသီများကပြောသည်။

 

ကျောက်ကပ်များသည် ခန္ဓာကိုယ်မှ စွန့်ပစ်ပစ္စည်းများကို ဖယ်ရှားရန် လုပ်ဆောင်ရပြီး ယင်းဆေးဝါးများကြောင့် ပုံမှန်လုပ်ဆောင်ချက် ထိခိုက်ပျက်စီးကာ ကျောက်ကပ်ပျက်စီးခြင်းသို့ ဦး တည်သွားနိုင်သည်။

Read times
Rate this item
(0 votes)