What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 09 July 2018 14:42

တကယ်အရေးပေါ်မှ သောက်သင့်တဲ့ Ecee 2 (အီးဇီးတူး)

တကယ်အရေးပေါ်မှ သောက်သင့်တဲ့ Ecee 2 (အီးဇီးတူး) Google.com

Ecee 2 ဆိုတာ မြန်မာနိုင်ငံမှာ ပေါ်ပြူလာဖြစ်တဲ့ အရေးပေါ်ပဋိသန္ဓေတားဆေး တစ်ခု ဖြစ်ပါတယ်။

အထူးသဖြင့် အသုံးစွဲများတဲ့ ဆယ်ကျော်သက်အရွယ်တွေကြားမှာ ပိုနာမည်ကြီးပါတယ်။ ဆေးဝါးအကြောင်း နားမလည်ကြပေမဲ့ ဆေးသောက်ပုံကိုတော့ တော်တော်များများ ရင်းနှီးနေကြတာ တွေ့ရပါတယ်။ တစ်ခါတစ်ရံ ဆရာဝန်ထက် ပိုနားလည်ကြပါလားလို့တောင်ထင်ရလောက်ပါတယ်။ Ecee 2ဟာ ဆေးဝါး ဆေးကွက်ထဲမှာ ရောင်းအားအကောင်းဆုံး ဖြစ်တဲ့ဆေးတစ်မျိုးထဲမှာ ပါဝင်နေတဲ့ အရေးပေါ်ပဋိသန္ဓေတားဆေး ဖြစ်ပါတယ်။

အထူးသဖြင့် အရေးပေါ်တားဆေးသုံးစွဲသူရဲ့ ၈ဝ ရာခိုင်နှုန်းလောက်ဟာ ဆယ်ကျော်သက်လူငယ်တွေ အသုံးများလာတာကိုလည်း တွေ့ရပါတယ်။ မသိလို့ မှားမိတယ်ဖြေရှင်းချက်ပေးနိုင်ပေမယ့် မတော်တဆကိုယ်ဝန်ရလာရင်တော့ အဲဒီဖြေရှင်းချက်ဟာ အသုံးမဝင်တော့ဘဲ ပြဿနာဖြစ်လာပါတတ်ပါတယ်။

အသက်၁၃၊၁၄နှစ်ဝန်းကျင် အရွယ် ကောင်လေးနှစ်ယောက် ဆေးဆိုင်ကိုရောက်လာပြီး Ecee 2အကြောင်းမေးတော့ မျက်လုံးကို ပြူးသွားခဲ့ပါတယ်။ ဒီအသက်အရွယ်နဲ့ ဒီဆေးကို မေးမြန်းနေတာဟာ ဆိုးဝါးပါတယ်။ အဲဒါကြောင့် ဒီအကြောင်းကို မရေးရင်မဖြစ်တော့ဘူးလို့ ဆုံးဖြတ်မိပါတယ်။

အရေးပေါ်တားဆေးကဒ်ကို Ecee 2 အဖြစ်လူသိများပါတယ်။ အရေးပေါ်တားဆေးကဒ်ကို အင်္ဂလိပ်လို emergency contraceptive pillsလို့ ခေါ်ပါတယ်။ ၁၉၉၆ ခုနှစ်နောက်ပိုင်းမှာ ဒီ အခေါ်အဝေါ် ကို မသုံးကြတော့ဘဲ Ecee 2 လို့သာ အမည်တွင်ပါတော့တယ်။ ဒီတားဆေးကဒ်အစွမ်းကြောင့် ကိုယ်ဝန်ရနိုင်ခြေကို သိသိသာသာ လျှော့နည်းသွားတာ တွေ့ရတယ်။ အရေးပေါ်တားဆေးရဲ့ ပရိသတ်တွေအတွက် ဘ၀ကို ကယ်တင်တဲ့ဆေးတစ်မျိုးလည်းဖြစ်ပါတယ်။

Ecee 2 ဆိုတာ ဟော်မုန်း အရေးပေါ်တာဆေးကဒ်မျိုး ဖြစ်ပါတယ်။ Ecee 2 ကို အသုံးပြုရတာ လွယ်ကူပါတယ်။ ကိုယ်ဝန်ရနိုင်ခြေရဲ့ ၈၅ ရာခိုင်နှုန်းကို တားဆီးပေးပါတယ်။ အရေးပေါ်လိုအပ်တဲ့အချိန်တိုင်းမှာ အသုံးပြုလို့ရပါတယ်။ နောက်ထပ် တစ်ခုကတော့ ဈေးချိုတာဘဲ ဖြစ်ပါတယ်။
Ecee 2 မှာ အားသားချက်တွေ ရှိသလို မကောင်းတဲ့ အချက်တွေလဲ ရှိပါတယ်။ Ecee 2 ကို အဝလွန်သူတွေအတွက် အာနိသင်နည်းပါတယ်။ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကို မကာကွယ်နိုင်ပါဘူး။ အသုံးများလာတဲ့အခါ သားအိမ်ပြင်ပမှာ သန္ဓေတည်တဲ့ အထိ ဖြစ်နိုင်ပါတယ်။

Ecee 2 ရဲ့ ဘေးထွက် ဆိုးကျိုးတွေတော့ အများစုမှာ ပျို့ခြင်း ၊ အန်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ခေါင်းမူးခြင်း ၊ ဗိုက်အောက်ခြင်း ၊ ရင်သားတင်းပြီး နာကျင်ခြင်း ၊ ရာသီမမှန်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

Ecee 2 ကို ကိုယ်ဝန်ဆောင်မိခင် ၊ အသည်းမကောင်းတဲ့သူ ၊ သွေးလွှတ်ကြော ရောဂါရှိတဲ့သူ ၊ ရင်သားကင်ဆာမျိုးရိုးရှိသူ ၊ အကြောင်းရင်းမဲ့ မွေးလမ်းကြောင်း သွေးဆင်းသူ ၊ စပျစ်သီးသန္ဓေတည်သူ တွေကတော့ လုံးဝ မသုံးစွဲ သင့်ပါဘူး။ နို့တိုက်မိခင်တွေအနေနဲ့ Ecee 2 ဆေးကို သောက်တဲ့အခါ မိခင်နို့ထဲမှာ levonorgestrel အနည်းအကျဉ်းပါနိုင်တာကြောင့် ဆေးသောက်ပြီး ၈ နာရီအတွင်း မိခင်နို့ မတိုက်တာက အကောင်းဆုံးပါဘဲ။

Ecee 2 ဆေးကို Rifampicin ၊ carbamazepine ၊ phenyoin ၊ Saint John's wort ၊ anti-retroviral durgs အစရှိတဲ့ ဆေးတွေနဲ့ အတူသောက်လို့မရပါဘူး။

Ecee 2 ဆိုတာ ကိုယ်ဝန်ဖျက်ဆေး မဟုတ်ပါဘူး။ ရှိနေတဲ့ကိုယ်ဝန်ကိုလည်း ဒုက္ခမပေးနိုင်ပါဘူး။ အကယ်၍ အရေးပေါ်တားဆေးချည်း တနှစ်ပတ်လုံးသုံးစွဲမိရင် ဆေးနဲ့ ယဉ်ပါးသွားပြီး ဆေးအာနိသင် မတိုးတော့မို့ ကိုယ်ဝန်ရဖို့ အခွင့်အရေးက ၂၀ရာခိုင်နှုန်းလောက် များလာတယ်။ 
နောက်ဆုံးအနေဖြင့် အကြံပြုချင်တာက အရေးပေါ်တားဆေး ဖြစ်တာကြောင့် အရေးပေါ်ပြီး တကယ်လိုအပ်မှ သုံးစွဲသင့်ပါတယ်။

Ref;Dr.ayeminhtun

Read:သင့်မှာ ဒီလိုပြဿနာတွေရှိနေရင် ကြက်သွန်ဖြူကို မစားပါနဲ့

သင့်မှာ ဒီလိုပြဿနာတွေရှိနေရင် ကြက်သွန်ဖြူကို မစားပါနဲ့

 

 

Read times Last modified on Monday, 09 July 2018 14:57
Rate this item
(3 votes)