What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 26 January 2021 14:07

ကျောက်ကပ်ရောဂါ အမျိုးသမီးတွေ ပိုအဖြစ်များလာ

ကျောက်ကပ်ရောဂါဟာ အမျိုးသမီးတွေမှာ ပိုအဖြစ်များတယ်လို့ သိရပါတယ်။

ကျောက်ကပ်ရောဂါနဲ့ ပတ်သက်ပြီး SLE (ခန္ဓာကိုယ်အနှံ့အပြားကို ထိခိုက်စေနိုင်တဲ့ ရောဂါ) ၊ ဆီးပိုးဝင်တာ ၊ အမျိုးသမီးဆီးလမ်းကြောင်းမှာ ဆီးပိုးဝင်တာတွေ ဖြစ်ပွားတာ ဖြစ်ပါတယ်။ ၎င်းရောဂါတွေမဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှပို အဖြစ်များလာကို တွေ့ရတာ ဖြစ်ပါတယ်။ ရန်ကုန် ၊ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး ကျောက်ကပ်ဌာနတွေမှာ အမျိုးသမီး ကျောက်ကပ်ပျက်စီးမှုမှာ SLE (ခန္ဓာကိုယ်အနှံ့အပြားကို ထိခိုက်စေသောရောဂါ) က အဖြစ်များပြီး ၊ ငယ်ရွယ်သူတွေမှာ ကောျက်ကပ်ပျက်စီးခြင်း ၊ ကျောက်ကပ်ဆေးခြင်း ၊ ကျောက်ကပ်လဲဖို့ ကြိုးစားနေရတာတွေအများအပြားရှိနေတာကို မန္တလေးအထွေအထွေရောဂါကုဆေးရုံးကြီးမှ ဆီးနှင့်ကျောက်ကပ်အထူးကုသမားတော်ကြီး ဒေါက်တာကျော်ဆန်းလွင်က ဆိုပါတယ်။

အမျိုးသမီးများ ဆီးလမ်ကြောင်းက တိုပြီး အမျိုးသား၏ ဆီးလမ်းကြောင်းက ရှည်တာကြောင့် SLE ရောဂါ နှင့် ဆီးလမ်းကြောင်းမှ ပိုးဝင်းခြင်း စတဲ့ ရောဂါတွေဟာ အမျိုးသမီးတွေ ဆီးလမ်ကြောင်းက ပိုးဝင်ဖို့ အခွင့်အရေးမာျးပါတယ်။ ရောဂါကို အမျိုးသမီး ကိုးယောက်ဖြစ်ရင် အမျိုးသား တစ်ယောက်လောက်ဘဲ ဖြစ်ပါတယ်။ ဒီရောဂါကို အမျိုးသမီးတွေ ရောဂါလို့တောင် ပြောလို့ရနေပြီး။

၎င်းရောဂါတွေဟာ ကမ္ဘာ တစ်ဝန်းလုံးမှာ အမျိုးသမီး ၁၉၅ သန်းလောက် နာတာရှည်ကျောက်ကပ်ရောဂါကို ခံစားနေရတာကနေ သေဆုံးရတာများတဲ့ အကြောင်းအရင်းဟာ ရောဂါနှင့် သေဆုံးခြင်း စာရင်းတွေရဲ့ နံမှတ် ၈ စာရင်မှာ ပါဝင်နေကြောင်းသိရပါတယ်။ ၎င်းနာတာရှည် ကျောက်ကပ်ရောဂါနဲ့ တစ်နှစ်ကို အမျိုးသမီးဦးရေ ၆သိန်းခန့် သေဆုံးနေရတယ်လို့ ၂၀၁၈ ခုနှစ် ကမ္ဘာ့ကျောကပ်နေ့အတွက် လှုံ့ဆော်တဲ့ လက်ကမ်းစာစောင်းတွေမှာ ဖော်ပြထားပါတယ်။

ဆီးပိုးဝင်ရင် ဆီးပိုးကနေတဖြည်းဖြည်းရင့်လာရင် ကျောက်တည်ပါတယ်။ အမှုမဲ့အမှတ်မဲ့ အရေပြားလေးဖက်နာ ၊ ရိုးရိုးအဆစ်အမျက်လေးဖက်နာလိုပဲ ကုသမယ်ဆိုရင် ရေရှည်ကျောက်ကပ်ပျက်စီးတဲ့အဆင့် ကို ရောက်နိုင်ပါတယ်။ ဒီရောဂါတွေဟယ အရှေ့တောင်အာရှများ အဖြစ်အများဆုံး ဖြစ်လာတဲ့ ရောဂါတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ကျောက်ကပ်နဲ့ ပတ်သက်ပြီး စမ်းသပ်စစ်ဆေးနိုင်သလို ကြိုတင်သိရှိကုသပါက ကျောက်ကပ်ပျက်စီးတဲ့ အဆင့်အထိမရောက်နိုင်တော့ပါဘူး။ ဒါကြောင့် ဆီးလမ်းကြောင်းနဲ့ ပတ်သက်ပြီး စိတ်ဝင်လုံခြုံမှုမရှိဘူးဟုထင်ရတဲ့အခါ ဆရာဝန်ကြီးတွေနဲ့ တွေ့ဆုံးကာ စမ်းသပ်စစ်ဆေး ကုသမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

Read times Last modified on Tuesday, 26 January 2021 14:10
Rate this item
(3 votes)