What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 20 November 2017 10:18

သန္ဓေတားရန် အသုံးပြုသော ပစ္စည်းများ၏ နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးများ

သန္ဓေတားရန် အသုံးပြုသော ပစ္စည်းများ၏ နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးများ google.com

သန္ဓေတားရန် ခန္ဓာကိုယ်အတွင်း ထည့်သွင်းအသုံးပြုသည့် ပစ္စည်းများကြောင့် ကိုယ်အလေးချိန် မြင့်တက်လာကြောင်း အမျိုး သမီးအများက ပြောဆိုမှုပိုများလာသည်။

သို့သော် လေ့လာမှုများအရ ယင်းပစ္စည်းများ အသုံးပြုခြင်း ကြောင့် ကိုယ်အလေးချိန်ပိုလာခြင်းသည် အနည်းငယ်သာဖြစ် ကြောင်း သိရသည်။

ယင်းပစ္စည်းများက Progestin ဟုခေါ်သော ဟော်မုန်းတစ်မျိုး ထုတ်လွှတ်ပြီး မျိုးဥမထုတ်လွှတ်အောင် ကာကွယ်ပေးသည်။ ထို့အပြင် သားအိမ်ခေါင်းရှိ အမြှုပ်များကို ထူထဲစေပြီး ဖိုသုက်ပိုး မ၀င်နိုင်အောင် ကာကွယ်ပေးသည်။

ယင်းပစ္စည်းများ ထည့်သွင်းအသုံးပြုမှုကြောင့် ကိုယ်အလေး ချိန် သိသိသာသာ ပိုများလာခြင်း မရှိသော်လည်း အမျိုးသမီးများ ၏ ခန္ဓာကိုယ်အတွင်း ဟော်မုန်းအပြောင်းအလဲဖြစ်နိုင်သည်။

ယင်းပစ္စည်းများ ထည့်သွင်းအသုံးပြုခြင်း၏ ဘေးထွက်ဆိုးကျိုးများသည် အမျိုးသမီးများကြား တစ်ဦးချင်းအလိုက် ခြားနားမှုရှိ သည်။

နို့ချိုတိုက်ကျွေးစဉ် နို့ထွက်မှုဆိုင်ရာပြဿနာကြုံခြင်း၊ ခေါင်း ကိုက်ခြင်း၊ ရင်သားနာကျင်ခြင်း၊ ဓမ္မတာလာချိန်များကြား သွေး ဆင်းခြင်း၊ မူးမေ့ခြင်း၊ သားအိမ်တွင်း အရည်ကြည်အိတ်များ ဖြစ်ပေါ်ခြင်း၊ ပစ္စည်းထည့်ထားသောနေရာ၌ နာကျင်ခြင်း၊ ရောဂါပိုးဝင် ခြင်း စသည်တို့သည် ယင်းပစ္စည်းများ ထည့်သွင်းအသုံးပြုမှု၏ ဘေး ထွက်ဆိုးကျိုးများဖြစ်သည်။

စိတ်ဓာတ်ကျခြင်း (သို့မဟုတ်) စိတ်အပြောင်းအလဲဖြစ်ခြင်း မျိုးလည်း ကြုံတွေ့နိုင်သည်။

သန္ဓေတားရန်သုံးသော ပစ္စည်းများသည် ဘေးကင်းသော်လည်း အချို့သောအမျိုးသမီးများ သုံးစွဲရန် မသင့်သောကြောင့် ဆရာဝန်နှင့် တိုင်ပင်သင့်သည်။           

Source: 7day daily

Read times
Rate this item
(0 votes)