ရာသီအကူးအပြောင်းကာလမှာ ဖြစ်လေ့ရှိတဲ့ တုပ်ကွေးရောဂါ ဖြစ်ပွားလျှင် အလွန်ခံရခက်ပါတယ်။ အလုပ်မလုပ်နိုင် ၊ ကျောင်းမသွားနိုင်သည် အထိ ခံစားရ ဆိုးရွားပါတယ်။
၁. အဖြစ်များသောတုပ်ကွေးလက္ခဏာများကတော့
လည်ချောင်းနာ၊ နှာပိတ်၊ နှာရည်ကျ၊ ချောင်းဆိုး၊ ခေါင်းကိုက်၊ ဖျား၊ ကိုက်လက်ကိုက်ခဲခြင်းစသော လက္ခဏာများသည် ကူးစက်ခံရသူအဖို့ အလွန်ခံရခက်သော လက္ခဏာများပင်ဖြစ်ပါတယ်။
၂. ကူးစက်ပုံ
အအေးမိနှာစေးခြင်းသည် သာမန်ရောဂါလေးမှစ၍ အဆုတ်ပွအဆုတ်ရောင်၍ ဆေးရုံတက်ကုသရသည်အထိ ပြင်းထန်နိုင်ပါတယ်။
အအေးမိတုပ်ကွေးရောဂါသည် ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားလေ့ရှိပြီး ရောဂါဖြစ်ပွားသူချောင်းဆိုး၊ နှာစေးခြင်းမှတဆင့် သေးငယ်သော အမှုန်အမွှားများလေထဲသို့ ပျံနှံ့ကူးစက်နိုင်ပါတယ်။
ထိုအမှုန်အမွှားများ ကပ်ငြိနေနိုင်သောအရာပစ္စည်းများ ထိတွေ့ကိုင်တွယ်ခြင်းမှ တစ်ဆင့်လည်း ကူးစက်ခံရတတ်ပါတယ်။
တုပ်ကွေးရောဂါသည် ကိုယ်ခံအားနည်းသော အချိန်တွင် ပိုမိုကူးစက်တတ်ပါတယ်။ တုပ်ကွေးရောဂါသည် ကိုယ်ခံအားမကောင်းသာ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါသည်များ မကူးစက်အောင် အထူးဂရုစိုက်ရပါတယ်။
၃. ရောဂါအခြေအနေ
တုပ်ကွေးကူးစက်သူများသည် အနည်းဆုံး ၅ရက်မှ တစ်ပတ်ထိ ကြာမြင့်တတ်ပါတယ်။ ကိုယ်လက်ကိုက်ခဲ၊ ဖျားနာမှု ပျောက်သည်တိုင်အောင် ရက်သတ္တပတ် အနည်းငယ်ထိ နွမ်း လျနေတတ်ပါတယ်။
၎. ကုသနည်းများကတော့
တုပ်ကွေးကုသနည်းများကတော့ မိမိဖြစ်တဲ့လက္ခဏာပေါ် မူတည် ကုသရပါတယ်။
(၁) နှာပိတ်ခြင်းအတွက်
နှာခေါင်းရောင်ရမ်းမှု သက်သာစေသော နှာခေါင်းဖြန်းဆေးများ အသုံးပြုနိုင်ပါတယ်။ သို့သော် အချိန်အတန်ကြာသည်အထိ မသက်သာလျှင် ဆက်မသုံးသင့်ပါ။ နှာရည်ကျ၊ နှာချေခဲ့လျှင် Antihistamines ဆေးကို သောက်သုံးနိုင်ပါတယ်။
ဆေးနှင့် နှာခေါင်းဖြန်းဆေးကိုတော့ တွဲမသုံးသင့်ပါ။
၂. ချောင်းဆိုးခြင်း
ချောင်းဆိုးသက်သာစေရန် ချောင်းဆိုးသက်သာ ပျောက်ဆေးအမျိုးမျိုး ရှိပါတယ်။ သလိပ်ပျော်ဆေးများလည်း ရှိပါတယ်။ နှာစေးနှာပိတ်ဆေးနှင့် တွဲလျက်လည်း ရှိပါတယ်။
(၃) ကိုယ်လက်ကိုက်ခဲခြင်း
ကိုယ်လက်ကိုက်ခဲခြင်းခဲ့လျှင် အကိုက်အခဲပျောက်ဆေးသောက်၍ရသော်လည်း အကိုက်ခဲပျောက်ဆေးများ အလွန်အကျွံမသောက်မိရန် အရေးကြီးပါတယ်။ ကိုယ်လက် ကိုက်ခဲတာအတွက်ရော ၊ ချောင်းဆိုးတာ ၊ နှာပိတ်နှာစေးတာအတွက်ရော ပျောက်ကင်းစေတဲ့ အာနိသင်တွေပါတဲ့ အအေးမိ နှာစေးပျောက်ဆေးတွေလည်း သောက်လို့ရပါတယ်။
(၄) လည်ချောင်းနာ
လည်ချောင်းနာ သက်သာစေရန် ရေများများသာက်ခြင်း၊ ဆားငန်ရေ ပလုတ်ကျင်းပေးခြင်းများ ပြုလုပ်နိုင်ပါတယ်။ ငုံဆေးများ အသုံးပြုနိုင်ပါတယ်။ လည်ချောင်းဆိုးရွာစွာ နာလျှင် ပိုးသတ်ဆေး လိုနိုင်ပါတယ်။
(၅) ပိုးသတ်ဆေးနှင့် ဗိုင်းရပ်သတ်ဆေးများကတော့ ရောဂါလက္ခဏာ ပိုမိုဆိုးရွားစွာ ခံစားရလျှင် လိုအပ်သဖြင့် ဆရာဝန်နှင့် စမ်းသပ်ပြသမှု ခံယူပြီးမှ ညွန်ကြားချက်အတိုင်း သောက်သင့်ပါတယ်။
သက်သာစေသောနည်းလမ်းများကတော့
- အပြည့်အဝအနားယူပါ။
- အာဟာရရှိသောအရည်များများသောက်ပါ။
- လတ်ဆတ်သောအသီးဖျော်ရည်များသောက်ပါ။
- ဓာတ်ဆားရည်သောက်ပါ။
- ရေဓာတ် အလျင်အမြန်ဖြည့်တင်းပေးပါ။
- ကိုယ်ခံအားတက်စေသောအစာအစားများစားပေးပါ။
- ရေနွေးငွေ့ ရှူပါ။
- လည်ချောင်းနာအတွက် ဆားရည်ပလုတ် ကျင်းပါ။
(၅) တုပ်ကွေးရောဂါ ကာကွယ်နည်းများမှာ
- ကိုယ်ခံအားကောင်းစေရန်ပြုမူနေထိုင်ပါ
- အာဟာရပြည့်ဝသောအစားအစာစားပါ
- Vitamin c သောက်ပါ၊ အိပ်ရေးဝဝအိပ်ပါ၊ အနားယူပါ
- စိတ်ဖိစီးမှု လျော့ချပါ၊ ကိုယ်ခံအားတက်စေမည့် အစာအစားများစားသုံးပါ
- လက်ဆေးပါ၊ ချောင်းဆိုးနှာချေခဲ့လျှင် နှာခေါင်းကိုအဝတ်စ၊ တစ်ရူးစဖြင့်ပိတ်၍ ဆိုးပါ။
- နှာခေါင်းစည်းတပ်ပြီးနေပါ၊ တုပ်ကွေးရှိသူသည် အိမ်သားများနဲ့ဝေးဝေးနေပါ။
- လူနေထူထပ်သော နေရာများကိုရှောင်ရှားပါ။
Source: ondoctor