What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 21 November 2017 10:29

ရာသီပြောင်းတိုင်း မကွေးရလေအောင်

ရာသီပြောင်းတိုင်း မကွေးရလေအောင် google.com

ရာသီအကူးအပြောင်းကာလမှာ ဖြစ်​​လေ့ရှိတဲ့ တုပ်​​ကွေးရောဂါ ဖြစ်ပွားလျှင် အလွန်ခံရခက်ပါတယ်။ အလုပ်မလုပ်နိုင် ၊ ကျောင်းမသွားနိုင်သည် အထိ ခံစားရ ဆိုးရွားပါတယ်

၁. အဖြစ်များသောတုပ်​​ကွေးလက္ခဏာများကတော့

လည်​​ချောင်းနာ၊ နှာပိတ်နှာရည်ကျ၊ ချောင်းဆိုး၊ ခေါင်းကိုက်ဖျား၊ ကိုက်လက်ကိုက်ခဲခြင်းစသော လက္ခဏာများသည် ကူးစက်ခံရသူအဖို့ အလွန်ခံရခက်​​သော လက္ခဏာများပင်ဖြစ်ပါတယ်

၂. ကူးစက်ပုံ

အေးမိနှာစေးခြင်းသည် သာမန်​​ရောဂါလေးမှစ၍ အဆုတ်ပွအဆုတ်​​ရောင်ဆေးရုံတက်ကုသရသည်အထိ ပြင်းထန်နိုင်ပါတယ်

အေးမိတုပ်​​ကွေးရောဂါသည် ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားလေ့ရှိပြီး ရောဂါဖြစ်ပွားသူချောင်းဆိုး၊ နှာစေးခြင်းမှတဆင် သေးငယ်​​သော အမှုန်အမွှားများလေထဲသို့ ပျံနှံ့ကူးစက်နိုင်ပါတယ်

ထိုအမှုန်အမွှားများ ကပ်ငြိနေနိုင်​​​သောအရာပစ္စည်းများ ထိတွေ့ကိုင်တွယ်ခြင်းမှ တစ်ဆင့်လည်း ကူးစက်ခံရတတ်ပါတယ်

တုပ်​​ကွေးရောဂါသည် ကိုယ်ခံအားနည်သော အချိန်တွင် ပိုမိုကူးစက်တတ်ပါတယ်။ တုပ်​​ကွေးရောဂါသည် ကိုယ်ခံအားမကောင်းသာ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည​​ရောဂါသည်များ မကူးစက်​​အောင် အထူးဂရုစိုက်ရပါတယ်

၃. ရောဂါအခြေအနေ

တုပ်​​ကွေးကူးစက်သူများသည် အနည်းဆုံး ၅ရက်မှ တစ်ပတ်ထိ ကြာမြင့်တတ်ပါတယ်။ ကိုယ်လက်ကိုက်ခဲ၊ ဖျားနာမှု ပျောက်သည်​​တိုင်​​အောင် ရက်သတ္တပတ် အနည်းငယ်ထိ နွမ်း လျနေတတ်ပါတယ်

၎. ကုသနည်းများကတော့

တုပ်​​ကွေးကုသနည်းများကတော့ မိမိဖြစ်တဲ့လက္ခဏာ​​ပေါ် မူတည် ကုသရပါတယ်

(၁) နှာပိတ်ခြင်းအတွက်

နှာခေါင်ရောင်ရမ်းမှု သက်သာစေသော နှာခေါင်းဖြန်ဆေးများ အသုံးပြုနိုင်ပါတယ်။ သို့သော် အချိန်အတန်ကြာသည်အထိ မသက်သာလျှင် ဆက်မသုံးသင့်ပါ။ နှာရည်ကျ၊ နှာချေခဲ့လျှင် Antihistamines ဆေးကို သောက်သုံးနိုင်ပါတယ်
ဆေးနှင့် နှာခေါင်းဖြန်ဆေးကိုတော့ တွဲမသုံးသင့်ပါ။

၂. ချောင်းဆိုးခြင်

ချောင်းဆိုးသက်သာစေရန် ချောင်းဆိုးသက်သာ ပျောက်​​ဆေးအမျိုးမျိုး ရှိပါတယ်။ သလိပ်​​ပျော်​​ဆေးများလည်း ရှိပါတယ်။ နှာစေးနှာပိတ်ဆေးနှင့် တွဲလျက်လည်း ရှိပါတယ်

(၃) ကိုယ်လက်ကိုက်ခဲခြင်း

ကိုယ်လက်ကိုက်ခဲခြင်းခဲ့လျှင် အကိုက်အခဲပျောက်​​ဆေးသောက်သော်လည်း အကိုက်ခဲပျောက်​​ဆေးများ အလွန်အကျွံမသောက်မိရန်ရေးကြီးပါတယ်။ ကိုယ်လက် ကိုက်ခဲတာအတွက်ရော ၊ ချောင်းဆိုးတာ ၊ နှာပိတ်နှာစေးတာအတွက်ရော ပျောက်ကင်းစေတဲ့ အာနိသင်တွေပါတဲ့ အအေးမိ နှာစေးပျောက်ဆေးတွေလည်း သောက်လို့ရပါတယ်။

(၄) လည်​​ချောင်းနာ

လည်​​ချောင်းနာ သက်သာစေရန် ရေများများသာက်ခြင်း၊ ဆားငန်​​ရေ ပလုတ်ကျင်ပေးခြင်းများ ပြုလုပ်နိုင်ပါတယ်။ ငုံဆေးများ အသုံးပြုနိုင်ပါတယ်။ လည်​​ချောင်းဆိုးရွာစွာ နာလျှင် ပိုးသတ်​​ဆေး လိုနိုင်ပါတယ်

(၅) ပိုးသတ်​​ဆေးနှင့် ဗိုင်းရပ်သတ်​​ဆေးများကတော့ ရောဂါလက္ခဏာ ပိုမိုဆိုးရွားစွာ ခံစားရလျှင် လိုအပ်သဖြင့် ဆရာဝန်နှင့် စမ်းသပ်ပြသမှု ခံယူပြီးမှ ညွန်ကြားချက်အတိုင်သောက်သင့်ပါတယ်

သက်သာစေသောနည်းလမ်းများကတော့

- အပြည့်အဝအနားယူပါ။

- အာဟာရရှိသောအရည်များများသောက်ပါ။

- လတ်ဆတ်​​သောအသီးဖျော်ရည်များသောက်ပါ။

- ဓာတ်ဆားရည်​​သောက်ပါ။

- ​ရေဓာတ် အလျင်အမြန်ဖြည့်တင်ပေးပါ။

- ကိုယ်ခံအားတက်​​စေသောအစာအစားများစားပေးပါ။

- ရေနွေးငွေ့ ရှူပါ။

- လည်​​ချောင်းနာအတွက် ဆားရည်ပလုတ် ကျင်းပါ။

(၅) တုပ်​​ကွေးရောဂါ ကာကွယ်နည်းများမှာ

- ကိုယ်ခံအားကောင်စေရန်ပြုမူနေထိုင်ပါ

- အာဟာရပြည့်ဝသောအစားအစာစားပါ

- Vitamin c သောက်ပါ၊ အိပ်​​ရေးဝဝအိပ်ပါ၊ အနားယူပါ

- စိတ်ဖိစီးမှု လျော့ချပါ၊ ကိုယ်ခံအားတက်​​စေမည့် အစာအစားများစားသုံးပါ

- လက်​​ဆေးပါ၊ ချောင်းဆိုးနှာချေခဲ့လျှင် နှာခေါင်းကိုအဝတ်စ၊ တစ်ရူးစဖြင့်ပိတ်၍ ဆိုးပါ။

- နှာခေါင်းစည်းတပ်ပြီးနေပါ၊ တုပ်​​ကွေးရှိသူသည် အိမ်သားများနဲ့ဝေးဝေးနေပါ။

- လူနေထူထပ်​​သော နေရာများကိုရှောင်ရှားပါ။

Source: ondoctor

Read times
Rate this item
(1 Vote)