What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 29 September 2021 21:29

ကိုဗစ်ဖြစ်ပြီးပြန်ကောင်းလာသူတွေကို အသွားအလာကန့်သတ်မှုနဲ့ ပိုးစစ်ဆေးမှု ရက်ပေါင်း ၉၀ ကင်းလွတ်ခွင့် ပေးမယ်

ကိုဗစ်-၁၉ ရောဂါ(ကိုရိုနာဗိုင်းရက်စ်) ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူတွေကို

အသွားအလာကန့်သတ်မှုနဲ့ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးမှုကို ရက်ပေါင်း ၉၀ ကင်းလွတ်ခွင့်ပေးမယ်ဆိုပြီး ကျန်းမာရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

ဒီလို ကင်းလွတ်ခွင့်ပေးတာဟာ ရောဂါဖြစ်ပွားပြီးသူတွေဟာ ရောဂါပြန်လည်ဖြစ်ပွားမှုကို တုံ့ပြန်နိုင်တဲ့ Antibody အဆင့် လအနည်းငယ်အထိဆက်ရှိနေပြီး ရောဂါပြန်ဖြစ်မှုမရှိတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် နိုင်ငံတကာဆေးသုတေသနဌာနတွေရဲ့ လေ့လာချက်တွေမှာ တွေ့ရှိရတာကြောင့်လို့လည်း ဆိုပါတယ်။

ပြည်တွင်းခရီးသွားလာသူတွေအပြင် နယ်စပ်အဝင်အထွက်ဂိတ်တွေ၊ နိုင်ငံတကာ အဝင်အထွက် ဂိတ်တွေကနေ ဝင်လာသူတွေ အနေနဲ့ ကိုဗစ်ဖြစ်ခဲ့ကြောင်းကို နိုင်ငံတကာ အသိအမှတ်ပြုဆေးရုံနဲ့ ကျန်းမာရေးဌာနတွေ၊ ပြည်သူ့ဆေးရုံတွေနဲ့ ကိုဗစ်ကုသရေးစင်တာတွေကနေ ထုတ်ပေးတဲ့ ဆေးရုံဆင်းလက်မှတ်ကို အထောက်အထားအဖြစ် ပြသပြီး ခရီးသွားလာရာမှာ ကွာရန်တင်းဝင်ရတာ၊ ရောဂါစမ်းသပ် စစ်ဆေးတာတွေကို ရက် ၉၀ ကင်းလွတ်ခွင့်ရှိမယ်လို့ ဆိုပါတယ်။

Read times
Rate this item
(0 votes)