What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 18 October 2021 17:07

မွန်ပြည်နယ်အတွင်းရှိ အသက် ၁၂ နှစ်နှင့် ၁၈ နှစ်ကြားရှိ ကျောင်းသားကျောင်းသူ ၆၆၀၀၀ ကျော်ကို COVID-19 ကာကွယ်ဆေး စတင်ထိုးနှံ

မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ပုဂ္ဂလိကစာသင်ကျောင်းများမှ

အသက် ၁၂ နှစ်နှင့် ၁၈ နှစ်ကြားရှိ ကျောင်း သားကျောင်းသူ ၆၆၀၀၀ ကျော်ကို အောက်တို ဘာ ၁၇ ရက်မှစကာ သတ်မှတ်ထားသည့်ဆေး ထိုးစုရပ်များ၌ COVID-19 ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

“အသက် ၁၂ နှစ်နဲ့ ၁၈ နှစ်ကြား ကျောင်းသားကျောင်းသူတွေအတွက် ကာကွယ်ဆေး ထိုးလုပ်ငန်းစဉ်အနေနဲ့ ကျောင်းမိသားစုဆိုတဲ့ School Cluster တွေပေါ့နော်။ School Cluster မှာ အခြေစိုက်ကျောင်းသား အထက ဖြစ်မယ်၊ ထ (ခွဲ) ဖြစ်မယ်။ သူ့ကိုဝန်းရံတဲ့ အခြားသော အလယ်တန်း၊ မူလွန်၊ လ (ခွဲ) စ သည်ဖြင့် အဲ့ဒီလိုမျိုး ကျောင်းတွေပါဝင်တဲ့ School Cluster ပေါ့။ ဒါကြောင့်လည်း ကျွန် တော်တို့အနေနဲ့က ဆေးထိုးတဲ့စုရပ်ကို ရွေး တဲ့အခါမှာ School Cluster အလိုက်ကို Base လုပ်လိုက်ပါတယ်။ ဒါကိုလည်း ကျန်းမာရေး ဦးစီးဌာနနဲ့ညှိနှိုင်းပြီးတော့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်” ဟု မွန်ပြည်နယ်ပညာရေးဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးစန်းအောင်က ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “School Cluster အလိုက်ကို Base လုပ်ပြီးတော့မှသာ ကာကွယ်ဆေးထိုးစုရပ်အနေနဲ့ သတ်မှတ်တဲ့အခါမှာ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် ၁၀ မြို့ နယ်မှာ ဆေးထိုးစုရပ်ပေါင်း ၁၄၀ လောက်ရှိပေ မဲ့ တချို့နယ်မြေဒေသမှာ လုံခြုံရေးအရ တချို့ ဆေးထိုးစုရပ်တွေကို ပေါင်းလိုက်ရတာမျိုးတွေ လည်းရှိပါတယ်။ နောက်ဆုံး မွန်ပြည်နယ် ၁၀ မြို့နယ်မှာ ဆေးထိုးစုရပ်ပေါင်း ၁၁၆ နေရာ သတ်မှတ်ပြီး ကာကွယ်ဆေးထိုးနှံတာတွေ ဆောင်ရွက်ပေးနေတယ်” ဟု ပြောကြားသည်။

ကျန်းမရေးဌာနမှ ဆေးထိုးအဖွဲ့များကို မြို့နယ်အလိုက် နှစ်ဖွဲ့၊ သုံးဖွဲ့၊ လေးဖွဲ့ စသည် ဖြင့်ဖွဲ့စည်းပေးထားကြောင်း၊ ထိုဆေးထိုးအဖွဲ့ များက သတ်မှတ်ထားသည့် ဆေးထိုးစုရပ် School Cluster များကိုလှည့်ပြီး ကာကွယ် ဆေးလိုက်လံထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ အောက်တိုဘာ ၁၇ ရက်မှစတင်ပြီး ကျောင်း သားကျောင်းသူများကို ကာကွယ်ဆေးစတင် ထိုးနှံပေးနေပြီဖြစ်ကြောင်း ဦးစန်းအောင်က ပြောကြားသည်။

“တချို့ ဆေးထိုးစုရပ်တွေမှာဆိုရင် ဆေး ထိုးအဖွဲ့ နှစ်ဖွဲ့၊ သုံးဖွဲ့လောက်ကစုပြီးထိုးနှံပေး နေတာမျိုးရှိသလို နေ့တစ်ပိုင်းတည်းနဲ့ ကာ ကွယ်ဆေးထိုးလို့ ပြတ်သွားတဲ့ ဆေးထိုးစုရပ် တွေလည်း ရှိပါတယ်။ အခု မော်လမြိုင်မြို့ပေါ် မှာဆိုရင် နှစ်ရက်လောက်ထိုးလိုက်ရင် အပြည့် ထိုးနှံပြီးတဲ့အနေအထားရောက်သွားမှာဖြစ် ပါတယ်”ဟု ဦးစန်းအောင်က ဆက်လက်ပြော ကြားသည်။

အသက် ၁၂ နှစ်နှင့် ၁၈ နှစ်ကြားရှိ ကျောင်း သားကျောင်းသူများအား တရုတ်နိုင်ငံမှ ထုတ် လုပ်သည့် COVID-19 ကာကွယ်ဆေးဖြစ်သော Sinovac ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။


မွန်ပြည်နယ်အတွင်း ကာကွယ်ဆေးထိုး နှံရမည့် တက်ရောက်အင်အားစာရင်းတွင် ပါဝင်သည့် ကျောင်းသားကျောင်းသူအရေအ တွက်မှာ

ကျိုက်ထိုမြို့နယ်တွင် ၄၈၀၄ ဦး၊

ဘီးလင်းမြို့နယ်တွင် ၅၉၈၉ ဦး၊

သထုံမြို့နယ်တွင် ၆၄၂၀ ဦး၊

ပေါင်မြို့နယ်တွင် ၇၀၀၆ ဦး၊

မော်လမြိုင်မြို့နယ်တွင် ၈၈၆၀ ဦး၊

ချောင်းဆုံမြို့ နယ်တွင် ၅၁၉၀ ဦး၊

ကျိုက်မရောမြို့နယ်တွင် ၇၀၆၅ ဦး၊

မုဒုံမြို့နယ်တွင် ၇၁၅၇ ဦး၊

သံဖြူဇရပ်မြို့နယ်တွင် ၆၅၆၉ ဦးနှင့်

ရေးမြို့နယ်တွင် ၇၂၀၅ ဦး၊

စုစုပေါင်း ၆၆၂၇၃ ဦးဖြစ်ကြောင်း သိရသည်။

 

news-eleven.com

 

Read times
Rate this item
(0 votes)