What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 23 November 2017 10:35

အသည်းရောင် ဘီပိုး ရှိမရှိနှင့် ဆေးကုသမှု လိုမလို

အသည်းရောင် ဘီပိုး ရှိမရှိနှင့် ဆေးကုသမှု လိုမလို google.com

စမ်းသပ်စစ်ဆေးခြင်းများ

၁. HBs Ag - ဘီးပိုးရှိမရှိ စစ်ဆေးခြင်း

၂. HBe Ag - ဘီပိုး၏ ပွားများမှု ရှိမရှိ စစ်ဆေးခြင်းဖြစ်သည်။

၃. Anti HBe - ခန္ဓာကိုယ်တွင် ဘီပိုးပွားများမှု ပျောက်သောအခါ ပေါ်လာသည့် ပဋိပစ္စည်း ဖြစ်သည်။ သွေးထဲတွင် ပိုးအလွန်နည်းသွားသည်ကို ပြသည်။

၃. IgM Anti HBC - လတ်တလော ပိုးကူးစက်ခံရသော သူကို ပြသည်။

၅. IgG Anti HBC - ယခင်က ဘီပိုးကူးစက်ခံရသော သူကို ပြသည်။

READ - အသည်းရောင်ခြင်း

၆. Anti HBs – HBs Ag ပျောက်ပြီး Anti HBs ပဋိပစ္စည်းပေါ်လာပါက ဘီပိုးရောဂါ ပျောက်ပြီး သို့မဟုတ် ပျောက်လုနီးပါး ရှိသည်ဟု ဆိုသည်။

၇. HBV DNA PCR - ပိုးကောင်ရေစစ်ဆေးခြင်း ဖြစ်သည်။ အထက်ပါ စစ်ဆေးမှုများကို ဆေးကုသမှု ခံယူမည့်သူများတွင် စစ်ဆေးရပါသည်။

စားဆေး၊ ထိုးဆေးနှင့် မကုမီ တစ်ခါ၊ (၃) လ အကြာတွင် တစ်ခါစစ်ပါသည်။ ပိုးကောင်ရေ (၁၀) ကျပါက၊ ဆေးဆက်သောက်ပြီး မကျပါက ဆေးသောက်မှန်မမှန် စစ်ရပါမည်။ မှန်ပါက ဆေးမထိရောက်၍ ဆေးတစ်မျိုး ပြောင်းသို့မဟုတ် ဆေးအသစ်ထပ်ပေါင်း ရပါမည်။

(၆) လအကြာတွင် ပိုးစစ်၍ Undetectable ဟု ပြပါက သွေးထဲတွင် ပိုးမတွေ့ရပါ။ သွေးထဲတွင် ပိုးမရှိသော်လည်း ဆေးဆက်သောက်၍ (၆) လတစ်ခါ ပြန်စစ်ရန် လိုသည်။

ပိုးပြန်တွေ့ပါက ဆေးယဉ်နိုင်၍ ဆေးပြောင်းရမည် သို့မဟုတ် အသစ်ပေါင်းထည့်ရမည်။

၈. Quantative HBs Ag (AHBs Ag) - အဆိုပါ စမ်းသပ်မှုသည် HBsAg ကို IU/ml ဖြင့် ဖော်ပြပြီး အသည်းရောင် ဘီးပိုးကို ထိုးဆေးဖြင့် ကုသသောအါ တုံ့ပြန်မှုကို စစ်ဆေးရန် အသုံးပြုပါသည်။

READ - ဘယ်တော့မှလျစ်လျှူရှုမထားသင့်တဲ့ အသည်းကင်ဆာလက္ခဏာများ

Source: healthcare.com

Read times
Rate this item
(1 Vote)