What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 26 October 2021 09:14

တရုတ်မှာ အသက် ၃ နှစ်ကစလို့ ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်

တရုတ်နိုင်ငံက ပြည်နယ်တော်တော်များများမှာ အသက် ၃ နှစ်ကလေး က စပြီး ကိုဗစ်ကာကွယ်ဆေးထိုးတော့မယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

တရုတ်နိုင်ငံမှာ လူဦးရေစုစုပေါင်းရဲ့ ၇၆ ရာခိုင်နှုန်း ကာကွယ်ဆေးအပြည့်အဝ ထိုးပြီးပြီဖြစ်ပြီး ရောဂါကူးစက်မှုနဲ့ပတ်သက်လို့ တရုတ်အာဏာပိုင်တွေက လုံးဝ သည်းညဉ်းမခံတဲ့ မူနဲ့ ရောဂါထိန်းချုပ်ရေးကို လုပ်ဆောင်နေပါတယ်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ခရီးသွားနေရာတခုဖြစ်တဲ့ Gansu ပြည်နယ်မှာ ရောဂါ ကူးစက်မှုအသစ် ထပ်တွေ့ခဲ့လို့ ဒါကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။

Mongolia ‌ဒေသအတွင်းပိုင်းမှာလည်း ရောဂါကူးစက်မှုရှိလို့ ဒေသခံတွေ အိမ်မှာပဲနေကြဖို့ အမိန့်ထုတ်ထားပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ပြီးခဲ့တဲ့ ၂၄ နာရီအတွက်း ရောဂါကူးစက်မှု ၃၅ ခု ရှိခဲ့တာပါ။ တရုတ်နိုင်ငံမှာ Sinopharm နဲ့ Sinovac ကာကွယ်ဆေးကို အများဆုံး သုံးတာဖြစ်ပြီးလူဦးရေ သန်း ၁ ထောင့်လေးရာ နေထိုင်ပြီး အဲဒီထဲက သန်း ၁ ထောင်ကျော်ထိုးပြီးပြီ ဖြစ်ပါတယ်။

ဒီလို ကိုဗစ်ကပ်ရောဂါ တားဆီးရေးမှာ တမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင်လက်ရှိ ရောဂါတားဆီးရေး နည်းလမ်းတွေကို သေချာအသုံးမပြုဘူးဆိုရင် ဒီရောဂါကပ်ဘေးကြီး ဘယ်တော့မှ ပြီးတော့မှာ မဟုတ်ဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောသွားပါတယ်။ စက်မှုထိပ်သီး နိုင်ငံ ၂၀ အပါအဝင် ကာကွယ်ဆေး ၄၀% ထိုးပြီးတဲ့ နိုင်ငံတွေအနေနဲ့ ကာကွယ်ဆေးကို အာဖရိကတိုက်နိုင်ငံတွေအတွက် ဦးစားပေးပေးဖို့ဂျာမနီနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ကျန်းမာရေးထိပ်သီးညီလာခံမှာ ပြောသွားတာပါ။

Johns Hopkins တက္ကသိုလ် coronavirus အရင်းအမြစ်ဌာနက စာရင်းအရ တနင်္လာနေ့ အစောပိုင်းအထိ ကိုဗစ်ကူးစက်သူ ၂၄၃.၇ သန်း ရှိပြီဖြစ်ပြီး သေဆုံးသူပေါင်း ၅ သန်းနီးပါးရှိပါတယ်။ လက်ရှိမှာ ကာကွယ်ဆေး အလုံးပေါင်း သန်း ၇ ထောင် ထိုးပေးပြီး ဖြစ်ပါတယ်။


VOABurmese

Read times
Rate this item
(0 votes)