What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 30 November 2017 13:15

ဆေးမသောက်ပဲ သွေးတိုးကျနိုင်တဲ့ နည်းလမ်း ၆ မျိုး

ဆေးမသောက်ပဲ သွေးတိုးကျနိုင်တဲ့ နည်းလမ်း ၆ မျိုး google.com

၁. ၀ိတ်ချပါ၊ ဗိုက်မရွှဲပါစေနဲ့

သွေးပေါင်တက်ခြင်းဟာ ၀ိတ်တက်တာနဲ့ တွဲနေတတ်ပါတယ်။ ၁၀ ပေါင်ချတာနဲ့တင် သွေးပေါင်က စပြီး ကျတာပါ။ ၀ိတ်ကျလေ သွေးပေါင်ကျလေပါပဲ။

ဆေးသောက်နေရရင်လည်း ၀ိတ်ကျရင်ဆေးလျှော့လို့ ရနိုင်ပါတယ်။ ၀ိတ်ချရုံတင်မကဘူး ဗိုက်မရွှဲဖို့လည်း အရေးကြီးပါတယ်။

၂. အရက်ကိုများများမသောက်ပါနဲ့

အမျိုးသားတွေက တစ်ပါတ်ကို ၂၁ ယူနစ်နဲ့ အမျိုးသမီးတွေက ၁၄ ယူနစ် ထက်ပိုပြီး မသောက်ပါနဲ့။ အရက်များများသောက်ရင် သွေးကျဆေးတွေရဲ့ အာနိသင်လည်း နည်းနိုင်ပါတယ်။

၃. ကွမ်းယာနဲ့ဆေးလိပ်ဖြတ်ပါ

ကွမ်းယာနဲ့ဆေးလိပ်ထဲမှာပါတဲ့ နီကိုတင်းဓာတ်က ကိုယ်ထဲရောက်ပြီးရင် သွေးပေါင်ကို ၁၀ မီလီမီတာနဲ့အထက် တစ်နာရီလောက် တက်စေပါတယ်။

တစ်နေကုန်သာ ဆိုရင်တော့ သွေးပေါင်ချိန်က တောက်လျှောက်တက်နေမှာပေါ့။ ကိုယ်တိုင် ဆေးလိပ်မသောက်ရင်တောင် ဆေးလိပ်ခိုးတွေရှိတဲ့ လက်ဘက်ရည်ဆိုင်တွေ ကို ရှောင်ပါ။

၎. ကော်ဖီလျှော့သောက်ဖို့လိုရင် လျှော့ပါ။

တစ်ချို့လူတွေက ကော်ဖီသောက်ပြီးရင် သွေးပေါင်တက်တတ်ပါတယ်။ ကော်ဖီ သောက်ပြီး နာရီဝက်နေရင် သွေးပေါင်တိုးပြီး သွေးပေါင်ချိန် တက်မတက် သိနိုင်ပါတယ်။

၅. စိတ်သောကတွေကို လျှော့ပါ

သောကတွေက သွေးပေါင်ချိန်ကို တက်စေပါတယ်။ တရားမှတ်ခြင်းက သောကတွေကို နည်းစေပြီး သွေးပေါင်ချိန်တက်တာကို ထိန်းနိုင်ပါတယ်။

၆. သွေးပေါင်ချိန်ပုံမှန်ပြီး ဆရာဝန်နဲ့ မှန်မှန်ပြပါ

သွေးတိုးရှိရင် သွေးပေါင်ချိန်မှန်မှန်ချိန်ပြီး ဆရာဝန်နဲ့ ပုံမှန်ပြသင့်ပါတယ်။ အထူးသဖြင့် သွေးပေါင်ချိန်က တက်တယ်ဆိုရင် တခြား ဆေးစစ်မှုတွေ လိုအပ်နိုင်ပါတယ်။

READ - သွေးတိုးရင် ဒါတွေလုပ်ပါ

Source: lyhealthcare

Read times
Rate this item
(1 Vote)