What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 20 February 2020 14:37

မျက်နှာ အသားရေကို လှပစေတဲ့သဘာဝနည်း

အလှအပဆိုတာ ကျား၊ မ အသက်မရွယ်မရွေး ကြိုက်နှစ်သက်ကြပါတယ် ။

အက်ဒီအထဲမှာမှ အမျိုးသမီးများက အမျိုးသားများထက် အလှအပကို မက်မောတတ်ကြပြီး အလှအပအတွက် အချိန်၊ ငွေ များစွာဖြင့် အသုံးပြုနေကြပါတယ်။ လူတိုင်းရဲ့ ပထမ အလှအပက မျက်နှာ ဖြစ်တဲ့အတွက် မျက်နှာ အသားရေကိုထိန်သိမ်းချင်ပေမဲ့ ငွေကုန်ကြေးကျများတယ်ဆိုတဲ့ အမျိုးသား၊ အမျိုးသမီးများအနေဖြင့် သဘာဝပေပးတဲ့ မျက်နှာအလှထိန်းသိမ်းနည်းများကို ဖော်ပြပေးလိုက်ပါတယ်။

 

ပျားရည်

ပျားရည်က ဆေးဘတ်ဝင်တဲ့ သဘာဝရေချို တစ်မျိုးလည်းဖြစ်တဲ့အပြင် မျက်နှာအသားရေချောမွေ့စေရန် အသုံးပြုရာတွင်လည်း အလွန်ကောင်းမွန်တဲ့ အရည်တစ်မျိုးလည်းဖြစ်ပါတယ်။ မျက်နှာအသားရည် ခြောက်သွေ့ တာ၊ ဆားဝက်ခြံ ၊ ဝက်ခြံစတဲ့ မျက်နှာပေါ်ရှိ အညစ်အကြေးများကို ဖယ်ရှားပေးနိုင်ပါတယ်။ မနက်ခင်းတိုင်း ပျားရည်အနည်းငယ်ကို မျက်နှာပေါ်လိမ်းပြီး ၁၅ မနစ်ခန့်ထားကာ ရေဖြင့်သန့်ဇင်အောင် ဆေးကြောပေးခြင်းဖြင့် မျက်နှာပေါ်ရှိ အမဲစက်များ ၊ ဝက်ခြံများ ပျောက်ကင်းသွားပါစေနိုင်ပါတယ်။ ဒီနည်းအတိုင်းတစ်ပတ်လောက် ဆက်တိုက်ပြုလုပ်ပေးပါ။

 

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို လူတိုင်း သုတ်စား ၊ ချက်စားခြင်းများသာ ပြုလုပ်စားသုံးနေတဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။ ခရမ်းချဉ်သီးမှာ ရေဓာတ် ၉၀ ရာခိုင်နှုန်းပါဝင်တဲ့အတွက် အစိမ်းစားပေးခြင်းဖြင့် ခန္ဓာကိုယ်လိုအပ်သော ရေဓာတ်များကို ဖြည့်စီးနိုင်ယုံသာမက မျက်နှာအသားရေခြောက်သွေ့မှုကိုလည်း လျော့ချနိုင်ပါတယ်။ ဒါပေမဲ့ ဓာတ်တုဆေးသုံးထားတဲ့ ခရမ်းချဉ်သီးထက် အော်ဂဲနစ်အသီးများကို ပိုပြီးစားသုံးပေးသင့်ပါတယ်။ ခရမ်းချဉ်းသီးကို အရည်ပြုလုပ်ပြီး မျက်နှာပေါ် လိမ်းကာ ၁၅ မိနစ်ခန့်ကြာထားပြီး ရေဖြင့်ဆေးကြောလိုက်ပါ။ ဒီနည်းက အမျက်ပေါ်ရှိ အညစ်အကြေး ၊ အနီစက်ဖုလေးများကို ပျောက်ကင်းစေနိုင်ပါတယ်။

 

Healthcare Services (ကျန်းမာရေး စောင့်ရှောက်မှုပေးသော ဆေးခန်း ၁၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Healthcare Services

 

ရေနွေးငွေ့

ရေနွေးငွေ့ဆိုရင် လူတိုင်းရှာရန်မလို ဝယ်ရန်မလိုအပ်ဘဲ အိမ်မှာတွင် ပြုလုပ်ယူနိုင်တဲ့ သဘာဝနည်းလမ်း တစ်ခုလည်းဖြစ်ပါတယ်။ ရေနွေးငွေ့ကို ကျန်းမားရေးမကောင်းသူများ ချွေးမထဲနိုင်ဘဲ အပူအောင်းနေသူများ၊ ကိုယ်ပူကျအောင် အသုံးပြုနေကြတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ ။ ထိုနည်းအတိုင်းဘဲ ရေနွေးငွေ့ကို မျက်နှာပေါ် ချွေးများထွက်ပေါ်လာတဲ့အထိ အငွေ့ခံပြီး မျက်နှာကို သန့်ဇင်အောင် ဆေးကြောခြင်းဖြင့် မျက်နှာအတွင်းရှိ အညစ်အကြေးများကိုဖယ် ရှားနိုင်ပါတယ်။ ရေနွေးငွေ့က မျက်နှာပေါ်ရှိ ချွေးပေါက်များတွင် ပိတ်နေသော အဆီ ၊အညစ်အကြေးများကို ချွေးထွက်ခြင်းဖြင့် ဖယ်ရှားနိုင်ပါတယ်။

 

ဆန်ဆေးရေ

ဆန်ဆေးရည်ကလည်း နေတိုင်းရရှိနိုင်ပြီး အကုန်ကျမရှိတဲ့ စွန့်ပစ်သဘာဝဆေး တစ်ခုလည်းဖြစ်ပါတယ်။ ဆန်ဆေးရေမှာ ဗီတာမင် စီ ၊ အေ ၊ အီး ၊ B1 ၊ B3 ၊ B5 ၊ B6 နဲ့ ဖောလ်လစ်အက်စစ်များ ပါဝင်သောကြောင့် မျက်နှာအသားရေ အတွက်သာမက သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်လိုအပ်သော ဗီတာမင်များကို များကို ဖြည့်စီးပေးနိုင်ပါတယ်။ ဆန်ဆေးရေနဲ့ မျက်နှာသစ်ပေးခြင်းဖြင့် မျက်နှာအသားရေကို စိုပြေစေပြီး ဝက်ခြံများကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

Written By Health Products Directory

 

(Zawgyi)

=====



 

ပျားရည်


 

ခရမ်းချဉ်သီး


 



ရေနွေးငွေ့


 

ဆန်ဆေးရေ




Read times
Rate this item
(1 Vote)