What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 10 June 2022 13:53

ရုတ်တရက်မူးခနဲ၊ မိုက်ခနဲ ဖြစ်ရခြင်းအကြောင်းရင်း ( ၇ ) ချက်

ထိုင်နေရာကနေ ရုတ်တရက်ထလိုက်ရင် ရိပ်ခနဲ မိုက်ခနဲ ခေါင်းမူးပြီး လူက ယိုင်သွားတာမျိုး လူအတော်များများ ကြုံဖူးကြ လိမ့်မယ်လို့ထင်ပါတယ်။

သိပ်မစိုးရိမ် လောက်သော ကျန်းမာရေး ပြဿနာဆိုပေမယ့်လည်း ဆက်တွဲပြဿနာတွေက စိုးရိမ်စရာရှိ ပါတယ်။ ရုတ်တရက်မူးခနဲ၊ မိုက်ခနဲ ဖြစ်သွားရခြင်း အကြောင်းရင်း (၇)ကိုဖော်ပြပေးလိုက်ပါတယ်။

ခန္ဓာကိုယ် ရေဓာတ် ခန်းခြောက်နေခြင်း

နေပူအောက်မှာ လျှောက်ပါများခြင်း၊ ခရီးဝေး ကားထိုင်စီးနေ ရခြင်း၊ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းများ အပြင်းအ ထန် လုပ်ခြင်း၊ အလုပ်တွေ ရှုပ်လွန်းသဖြင့် စားဖို့၊ သောက်ဖို့ပင် အချိန်မပေးနိုင်ခြင်း တို့ကြောင့် လူသည် ရေဓာတ် ခန်းခြောက် သွားတတ်သည်။ ထိုသို့ ဖြစ်နေစဉ်တွင် ရုတ်တရက် ထလိုက်ပါက မူးခနဲ မိုက်ခနဲ ဖြစ်သွား ရတော့သည် ။ 

ကုသနည်း – ခေါင်းတွေ ချာချာလည်၊ အခန်းကြီးက ချာချာလည် ဖြစ်နေပါက ရေနည်း နည်းချင်း သောက်ပါ။ လိမ္မော် ရည်လို၊ သံပုရာရည် လိုမျိုး သောက်နိုင်ရင် ပိုကောင်းသည်။ ဖျော်ရည်များ သောက်ခြင်းဖြင့် သကြားဓာတ်ကိုပါ ရရှိ သဖြင့် ခွန်အားကိုပါ ဖြစ်စေသည် ။

ထိုသို့ သောက်ပြီးသည်နှင့် ကိုယ်အခြေအနေ ကောင်းလာလား စောင့်ကြည့်။ သွေးတွင်း သကြားဓာတ် ပါဝင်မှု နည်းနေ လျှင်လည်း လူသည် အားနည်းကာ မူးခနဲ မိုက်ခနဲ ဖြစ်တတ် သည်။ ဖျော်ရည်ထဲတွင် ပါသော သကြားဓာတ် သည် သွေး တွင်း သကြားပမာဏကို မြှင့်တင်ပေးနိုင် သဖြင့် မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းမှ ပြန်ကောင်း လာအောင် ကူပေး နိုင်သည်။ ထို သို့ သောက်ပြီး (၁၀) မိနစ်၊ (၁၅) မိနစ် လောက်နေလို့မှ မသက်သာလျှင် ဆရာဝန်ကို ခေါ်ကာ ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်သည်။

အသက်ကြီးလို့ မူးဝေခြင်း

အသက်ကြီး လာသည့် အခါ နားထဲတွင် ရှိသော အရည်ကြည်များ လှုပ်ရမ်းမှုကြောင့်လည်း မူးခနဲ မိုက်ခနဲ ဖြစ်တတ် သည်။ အသက် (၅၀) ကျော် လာလျှင် အိပ်နေရာမှ ရုတ်တရက် ထလိုက်လျှင် မူးခနဲ မိုက်ခနဲ ဖြစ်သွားခြင်းသည် ဒီဖြစ်ရပ်ကြောင့်ဖြစ်သည်။

လှဲအိပ်နေချိန်တွင် ဦးခေါင်းကို ထားသည့် ပုံစံပေါ်တွင်လည်း မူတည်ပြီး ဖြစ်တတ်သည်။ ကုသနည်း – ထလိုက်လျှင် မူးခနဲ မဖြစ်စေမည့်ခေါင်းအုံးသည့်ပုံစံ ဖြင့်အိပ်သည်တိုင်အောင် ခေါင်းမူးဆဲ ဆိုပါက အမူးပျောက်အောင် ရည်ရွယ် ဖန်တီးထားသည့် တရားထိုင်နည်း ပုံစံများကို ဆရာဝန်နှင့် တိုင်ပင်ပြီး စမ်းသပ်ကြည့် သင့် သည် ။

မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းသည် အသေးစား လေဖြတ်ခြင်း၏ ရှေ့ပြေး လက္ခဏာ

ထိုင်ရာက ထလိုက်ချိန်၊ လှဲနေရာက ထလိုက်ချိန်များတွင် မူးခနဲ မိုက်ခနဲ ဖြစ်သွားခြင်းသည် စိုးရိမ်လောက်သော ကျန်း မာရေး ပြဿနာ မဟုတ်သော်လည်း ထိုသို့ မူးခနဲ မိုက်ခနဲ ဖြစ်ချိန်မျိုးတွင် ခန္ဓာကိုယ် တစ်ခြမ်းတည်း နာကျင်ခြင်းမျိုး၊ တစ်ခြမ်းဆွဲ သွားခြင်းမျိုး၊ ခြေလက် လှုပ်ရှားမှုကို မထိန်းနိုင်ခြင်းမျိုး၊ ခေါင်းတအား ကိုက်တတ်လာခြင်းမျိုး၊ စကား သံ မပီတော့ခြင်းမျိုးပါ တွဲပြီး ဖြစ်လာ လျှင် ထိုလက္ခဏာသည် လေဖြတ်မည့် ရှေ့ပြေး လက္ခဏာ ဖြစ်သည်။ ကျွမ်း ကျင်သူ ဆရာဝန်နှင့် တိုင်ပင်ပြီး ကျန်းမာရေး စစ်ဆေးမှု အမြန်ဆုံး ခံယူ သင့်သည် ။

ကုသနည်း – လေဖြတ် နိုင်ခြေ ရှိကြောင်း စစ်ဆေး တွေ့ရှိရပါက ကြိုတင် ကာကွယ်သော အားဖြင့် သွေး ခဲပြီး သွေးေ ကြာ ပိတ်ခြင်းကို ကာကွယ်နိုင်မည့် ဆေးမျိုး၊ သွေးပေါင်ချိန် ကျစေမည့် ဆေးမျိုးကို ဆရာဝန် ညွှန်ကြား ချက်ဖြင့် သောက်သုံးရမည်။ လေဖြတ်နိုင်ခြေ အမျိုးအစားပေါ် မူတည်ပြီး နောက်ထပ် ပြည့်စုံသော ကျန်းမာရေး စစ်ဆေး ကုသမှုများ ကြိုတင် ခံယူရမည် ။

ဆေးတွေ သောက်ခြင်း၏ ဘေးထွက် ဆိုးကျိုးအဖြစ် မူးခနဲ မိုက်ခနဲ ဖြစ်ခြင်း

ဆေးကတ်တွေ၊ ဆေးဘူးတွေမှာ ဖော်ပြထားသော ဘေးထွက် ဆိုးကျိုး သတိပေးချက်များ ထဲတွင် ထိုဆေးသောက် လျှင် ဘေးထွက် ဆိုးကျိုး အဖြစ် မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းမျိုး ကြုံရနိုင်သည်ဟု ဖော်ပြ ထားခြင်းမျိုးကို တွေ့နိုင်သည်။ သို့ဖြစ်ရာ မိမိ ကလည်း တစ် လောကမှ ရောဂါ တစ်ခုခုကြောင့် ဆေးဝါး တစ်မျိုးမျိုးကို မှီဝဲနေရသည် ဆိုပါက မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းသည် ထိုဆေးဝါးများနှင့် ပတ်သက် နေနိုင်သည်။ သက်ဆိုင်ရာ ဆရာဝန်နှင့် ပြသပြီး ဆေးပြောင်း သောက်သင့်လား၊ ဆေးသောက်တာ လုံး၀ ရပ်ပစ်သင့်လား စဉ်းစားဆုံးဖြတ်ရမည် ။

သွေးတိုး၊ သွေးကျဆိုင်ရာ ဆေးဝါးများသည် မူးခနဲ မိုက်ခနဲ ဖြစ်စေသည့် အဓိက ဆေးဝါး များ ဖြစ် သည် ။ ဆေးသောက် လိုက်ပြီး နောက်ပိုင်း သွေးအလွန်အမင်း တိုးသွားခြင်းမျိုး၊ ကျသွားခြင်းမျိုး မဖြစ်အောင် ဂရုပြုရမည် ။

ကုသနည်း – ကိုယ်သောက်သုံးသည့် ဆေးဝါး သမိုင်းကြောင်း အပြည့်အစုံကိုပါ ဆရာဝန်ကို ပြောပြကာ မိမိ မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းနဲ့ ထိုဆေးဝါးများနဲ့ သက်ဆိုင်မှု ရှိမရှိ မေးမြန်း လမ်းညွှန်ချက် ခံယူပါ။ ဆေးကို နည်းနည်းလောက် ပြောင်းလိုက်ခြင်းမျိုး၊ မလိုတာများ လျှော့သောက်လိုက်ခြင်း မျိုးသည် မိမိကို မူးခနဲမိုက်ခနဲရန်မှ သက်သာရာ ရစေနိုင်သည် ။

သွေးတွင်း သံဓာတ်လျော့နည်းနေခြင်း 

သွေးထဲမှာ သံဓာတ်လျော့နည်းနေပါ က လူသည် အားကုန်နေ တတ်သည်။ အလို လိုနေရင်း စိတ်လည်း ပင်ပန်းနေ တတ်သည်။ ပြီးလျှင် မူးခနဲ မိုက်ခနဲလည်းပိုပြီး ဖြစ်တတ်သည် ။

ကုသနည်း – ထိုအခြေအနေမျိုးတွင် သွေးဖောက်စစ်ကာ သွေးတွင်း သံဓာတ် နည်းလာ များလား စစ်ဆေးရမည်။ ရလဒ်ကို သိလာသည့်အခါ ဆရာဝန် အနေဖြင့် သွေးတွင်း သံဓာတ်အားကောင်း လာအောင်ဆေးဝါးများ ညွှန် ကြားပေးနိုင်သည်။ သွေးတွင်း သံဓာတ် အားကောင်းလာသည့် အခါ မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းလည်း အလိုလို သက်သာ လာမည် ။

သွေးတွင်း သကြားဓာတ် နည်းပါး နေခြင်း

သွေးတွင်း သကြားဓာတ်နည်း နေသည့် အခါ လူသည် ချွေးထွက်လွန်၊ ဂဏာမငြိမ် ဖြစ်လာ တတ်သည်။ စိတ်လည်း ဂယောက် ဂယက် ဖြစ်လာ တတ်သည်။ သွေးပေါင်လည်း ကျသွားကာ နောက်ဆုံးတွင် လုံး၀ မူးလဲသွားသည့် အဆင့်ထိ ရောက်သွားရသည်။ အလုပ် အလွန်အကျွံ လုပ်ခြင်း၊ အလွန် အမင်းစိတ်အား လူအားစိုက်ခြင်း၊ တစ်နေ့လုံး နီးပါးရေနှင့် အစားအသောက် မဆိုသလောက် သာ စားသောက်ပြီး အလုပ်ချည်း ဖိလုပ် နေခြင်းများကြောင့် သွေးတွင်း သကြားဓာတ် အလွန်အမင်း ကျဆင်းသွားရတတ်သည် ။

ကုသနည်း – အချိုဓာတ်ပါတာတွေ စားပေးပါ။ အချိုရည် တစ်မျိုးမျိုး သောက်ပါ။ အရေးပေါ် အခြေအနေမျိုးတွင် သကြားကို ဖျော်သောက်ခြင်းသည် လည်း အသုံးဝင်သည်။ လိုအပ်ပါက သကြားလုံးကိုပင် ငုံထားသင့်သည်။ သို့မှသာ သွေးတွင်း သကြားဓာတ် မြန်မြန်ပြန်ပြည့်ကာ လူသည် ပြန်ကြည်လင် လာမည် ဖြစ်သည် ။

သွေးပေါင်ကျ ခြင်းကြောင့်လည်း မူးခနဲ မိုက်ခနဲ ဖြစ်တတ်

အပေါ်သွေး (၁၀၀) အောက်၊ အောက်သွေး (၆၀) အောက်ကျ သွားလျှင်ကား သွေးပေါင်ကျနေ ပြီဟု သတ်မှတ်နိုင် သည်။ ထိုအခါ လူသည် အားအင် နည်းပါးကာ ရုတ်တရက် ထလိုက်လျှင် မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းမျိုးနဲ့ ကြုံရနိုင်သည် ။

ကုသနည်း – အခြေအနေပေါ် မူတည်ပြီး ကုသနည်း ကွဲပြား နိုင်သည်။ ဆရာဝန်က ဆားဓာတ် များများ စားပေးဖို့ ညွှန်ကြားချင် ညွှန်ကြားနိုင် သလို၊ သွေးပေါင်ချိန် ပြန်တက် လာစေရန်အတွက် ရေများများ သောက်ဖို့လည်း ညွှန်ကြားလေ့ရှိသည်။

မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းသည် ကျန်းမာရေး အတွက် အဓိက စိုးရိမ်စရာကြီး မဟုတ်သော်လည်း နောက်ဆက်တွဲ အနေဖြင့် -လုံး၀ မူးလဲကာ၊ ဘာကိုမှ မမှတ်မိတော့လောက်အောင် ဖြစ်ခြင်း၊ ရင်ဘတ်ပါ အောင့်လာခြင်း၊ ခေါင်းတွေ တအား ထိုး ကိုက်လာခြင်း၊ အမြင်တွေ မှုန်ဝါး၊ စကားပါမပီ ဖြစ်လာခြင်း ၊နားကပါ ဘာမှ မကြားနိုင်အောင် ဖြစ်လာခြင်းမျိုး ကြုံလာ လျှင်တော့ ဆရာဝန်နှင့် အမြန်ဆုံး ပြသကာ ကုသမှု ခံယူရမည် ။

Read times
Rate this item
(0 votes)