What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 11 December 2017 14:14

ရာသီသွေးအရောင်ကပြောပြနေတဲ့ သင့်ကျန်းမာရေး အခြေအနေများ

ရာသီသွေးအရောင်ကပြောပြနေတဲ့ သင့်ကျန်းမာရေး အခြေအနေများ google.com

အရင်က သတိမထားမိရင်တော့ အခုတော့ သေသေချာချာ သတိထားကြည့်လိုက်ပါနော်။ ရာသီသွေးဆင်းတယ်ဆိုတာ မိန်းမသားတိုင်း ကြုံတွေ့ရတဲ့ သဘာဝတရားတစ်ခု ဖြစ်ပါတယ်။

ရာသီးသွေးဆင်းခြင်းနဲ့ဆိုင်တဲ့ မီးယပ်ရောဂါနဲ့ ကျန်းမာရေးကလည်း အမျိုးသမီးတိုင်း ဂရုစိုက်သင့်တဲ့ ရောဂါဖြစ်ပါတယ်။

မိန်းကလေးအများစုက ရာသီလာစဉ်မှာ ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှု၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကိုပဲ သတိထားတတ်ကြပါတယ်။ ရာသီးသွေးရဲ့ အရောင်နဲ့ ပုံစံကိုတော့ သတိမထားမိခဲ့ကြပါဘူး။

တကယ်တော့ရာသီသွေးရဲ့ အရောင်အဆင်းက ခန္ဓာကိုယ်မှာ ဖြစ်ပျက်နေတဲ့ မီးယပ်ဝေဒနာတွေကို ဖော်ပြပေးနိုင်ပါတယ်။

၁. ရာသီသွေးက ပန်းရောင်သမ်းနေတယ်ဆိုရင်

ရာသီသွေးဆင်းနည်းတဲ့အခါမျိုးတွေမှာ ရာသီသွေးက ပန်းရောင်သမ်းနေတတ်ပါတယ်။ ဒါပေမယ့် ရက်အတန်ကြာပန်းရောင်သမ်းနေရင်တော့ ဒါဟာ ဟော်မုန်းမူမမှန်ခြင်း၊ မွေးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ ကိုယ်ဝန်ရှိတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

၂. ရာသီသွေးက လိမ္မော်ရောင်ဘက်သမ်းတဲ့အနီဆိုရင်

သားအိမ်လမ်းကြောင်းမှာ ပိုးဝင်နေတာကြောင့် သားအိမ်ခေါင်းအတွင်းကထွက်တဲ့ အရည်တွေနဲ့ ရောနှောပြီး လိမ္မော်ရောင်သမ်းနေတာဖြစ်ပါတယ်။ တစ်ခါတလေမှာ ပုပ်အဲ့အဲ့အနံ့အသက်ဆိုးတွေ ထွက်နေတတ်ပါတယ်။

၃. ရာသီသွေးက အညိုပုပ်ရောင် သမ်းနေတယ်ဆိုရင်

အမျိုးသမီးတော်တော်များများက ရာသီသွေးအညိုရောင်ဆင်းတယ်ဆိုရင် စိုးရိမ်တတ်ကြပါတယ်။ ဒါဟာ ပုံမှန်အခြေအနေတစ်ခုပါ။ အရင်လရဲ့ အကြွင်းအကျန်တွေကြောင့်လည်း ဖြစ်နိုင်သလို ပထမဆုံးရက်တွေမှာလည်း အညိုရောင်တွေ ဆင်းနိုင်ပါတယ်။ တကယ်လို့ အညိုရောင်မှာ လိမ္မော်ရောင်သွေးတွေ ရောနေတယ်ဆိုရင်တော့ သားအိမ်လမ်းကြောင်းမှာ ပိုးဝင်တာ ဖြစ်နိုင်တာကြောင့် ဂရုစိုက်သင့်ပါတယ်။

၎. ရာသီသွေးက အနီရောင်ရဲနေတယ်ဆိုရင်

ဒါဟာ ကျန်းမာရေးကောင်းမွန်ပြီး မီးယပ်ဝေဒနာကင်းတယ်ဆိုတဲ့ လက္ခဏာပါ။ ဒါပေမယ့် ၈ရက်ထက်ကျော်လွန်ပြီး ရာသီသွေးဆင်းနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသ သင့်ပါတယ်။

၅. ရာသီသွေးဆင်းများနေရင်

ရာသီသွေးဆင်းများတယ်ဆိုတာလည်း ကျန်းမာရေးကောင်းပြီး မီးယပ်ပြဿနာတွေကို ကင်းဝေးစေပါတယ်။ မိန်းကလေးတွေမှာဆိုရင်လည်း တစ်ချို့လတွေမှာ သွေးဆင်းများ နေတတ်ပါတယ်။ တကယ်လို့ (၃) ရက်ထက် ကျော်လွန်ပြီး သွေးတွေ အများကြီးဆင်းနေရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။

၆. ရာသီသွေးက နီစွေးစွေးအရောင်ဖြစ်နေတယ်ဆိုရင်

ယေဘုယျအားဖြင့်တော့ ရာသီလာလာချင်းနေ့ရက်တွေမှာ နီစွေးစွေအရောင် ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ရက်အတော်ကြာ နီစွေးစွေးအရောင်ရှိတဲ့ ရာသီသွေးနဲ့ သွေးခဲတွေဆင်းနေတယ်ဆိုရင်တော့ ကိုယ်ဝန်ပျက်ကျတာ၊ ဒါမှမဟုတ် သားအိမ်မှာ အလုံးအကျိတ်ဖြစ်တာတွေ ဖြစ်နေတတ်တာကြောင့် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။

၇. သွေးစက်အနည်းငယ်သာ ဆင်းခြင်း

ရာသီမလာတဲ့ ပုံမှန်ရက်တွေမှာ သွေးအနည်းငယ်ဆင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ရာသီမလာခင်တစ်ပတ် လောက်အလိုမျာ အဖြစ်များတတ်ပြီး မကြာခင်ရာသီလာတော့မှာကို အချက်ပြတဲ့ လက္ခဏာတစ်ရပ်လည်း ဖြစ်ပါတယ်။ တစ်ခါတလေမှာ ဟော်မုန်းမမှန်တာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

Source: gandawin

Read times Last modified on Monday, 11 December 2017 14:18
Rate this item
(2 votes)