What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 26 June 2019 17:04

ဆီးခ်ိဳေသြးခ်ိဳ ျဖစ္ရင္ ေသာက္ေဆး ၊ ထိုးေဆး နဲ႔ လံုေလာက္ျပီးလား

ပုံမွန္ဆီးခ်ိဳေသြးခ်ိဳ ကုသမႈနည္းလမ္းေတြအရ ေသာက္ေဆးထိုးေဆးနဲ႔တင္ မလုံေလာက္ပါဘူး။

ေသာက္ေဆး၊ ထိုးေဆးမ်ားအျပင္ က်န္းမာေစေသာ အစားအစာမ်ားစားျခင္း၊ ကိုယ္လက္လႈပ္ရွားမႈ ေလ့က်င့္ခန္း ျပဳလုပ္ျခင္းေတြကိုလုပ္ၿပီး ကိုယ္အေလးခ်ိန္ ထိန္းဖို႔လိုပါတယ္။ က်န္းမာေသာ အစားအစာမ်ားလို႔ေျပာလိုက္လို႔ ဆီးခ်ိဳေသြးခ်ိဳေရာဂါျဖစ္လာၿပီဆိုရင္ သင္ႀကိဳက္သည့္စားေနက် အစားေသာက္မ်ားကိုလုံးဝမစားရဘဲ ဆီးခ်ိဳေသြးခ်ိဳ ေဝဒနာရွင္မ်ားအတြက္ သီးသန႔္ထုတ္ထားေသာ အစားေသာက္မ်ားကိုပဲစားရေတာ့မယ္လို႔ မဆိုလိုပါ။

 

အစာစားသည့္အခါ သတိထားရမည့္အခ်က္မ်ားမွာ အဆီမ်ားေသာ အစားအေသာက္မ်ားကို မစားပါနဲ႔။ ထမင္းကို သင့္ေတာ္႐ုံေလာက္စားၿပီး ဟင္းသီးဟင္း႐ြက္ ၊ အသား၊ ငါးမ်ားကို မ်ားမ်ားစားေပးပါ။ သၾကားနဲ႔ ျပဳလုပ္ထားေသာ အစားအေသာက္မ်ားကိုေတာ့ ေရွာင္ပါ။ အစာကိုစားရမည့္အခ်ိန္မွာ ပုံမွန္စားပါ။ အစားေရွာင္တာ၊ အစာမစားဘဲေနတာေတြ လုံးဝမလုပ္ပါနဲ႔။ အဆမတန္ စားျခင္းကိုေရွာင္ပါ။

 

အရက္ေသာက္တတ္ပါက ေလွ်ာ့ေသာက္ပါ။ အရင္က တစ္ပုလင္းဆို တစ္ဝက္ေလာက္ပဲေသာက္ပါ။ ေဆးလိပ္ေသာက္တတ္တဲ့လူဆိုရင္ေတာ့ ခ်က္ခ်င္းေဆးလိပ္ လုံးဝျဖတ္ဖို႔လိုပါတယ္။ ေနာက္ၿပီး ကိုယ္အေလးခ်ိန္အဆမတန္ တိုးလာတာမ်ိဴးမျဖစ္ေအာင္ ကိုယ္လက္ေလ့က်င့္ခန္းလုပ္ပါ။ကိုယ္လက္လႈပ္ရွားမႈေလ့က်င့္ခန္းသည္ ဆီးခ်ိဳေသြးခ်ိဳေရာဂါကို ပိုမဆိုးေအာင္ ထိန္းေပးသည့္ေနရာတြင္ ေတာ္ေတာ္ႀကီးကို အေထာက္အကူေပးပါသည္။ ေနာက္ၿပီးေနရထိုင္ရတာလည္း ပိုမိုေကာင္းမြန္လာပါတယ္။

 

Read More : သူနာျပဳ ဆိုတာ ဘယ္ကေနစတင္ျဖစ္ေပၚလာလဲ

သူနာျပဳ ဆိုတာ ဘယ္ကေနစတင္ျဖစ္ေပၚလာလဲ

 

ပုံမွန္ေလ့က်င့္ခန္းလုပ္ျခင္းျဖင့္ သင္ရဲ႕ေသြးထဲမွာရွိေသာ အခ်ိဳဓါတ္ပမာဏကို ထိန္းညႇိေပးျခင္း၊ အင္ဆူလင္ရဲ႕အာနိသင္ကို ေကာင္းစြာရရွိျခင္း ၊ႏွလုံးေရာဂါ၊ ေသြးတိုးႏွင့္ ေလျဖတ္ေလငန္းေရာဂါမ်ား ျဖစ္ပြားမႈႏႈန္းကို ေလ်ာ့က်ေစျခင္း စသည့္အက်ိဳးေက်းဇူးမ်ားကိုရရွိေစပါတယ္။ ကိုယ္လက္လႈပ္ရွားမႈေလ့က်င့္ခန္းကို တစ္ပတ္လွ်င္ အနည္းဆုံးသုံးႀကိမ္ခန႔္ လုပ္သင့္ပါတယ္။ တစ္ခါလုပ္လွ်င္ ပ်မ္းမွ်မိနစ္ႏွစ္ဆယ္မွ သုံးဆယ္ခန႔္လုပ္သင့္ပါတယ္။

 

ဘယ္လိုေလ့က်င့္ခန္းမ်ိဴးေတြလုပ္ရမလဲ။ သင္ႀကိဳက္ႏွစ္သက္ေသာ ကိုယ္လက္လႈပ္ရွားမႈေတြ ဥပမာ ေရကူးတာ၊ လမ္းေလွ်ာက္တာ၊ ကခုန္တာ၊ တင္းနစ္႐ိုက္တာ၊ ျခင္းခတ္တာ၊ ေဘာလုံးကန္တာ၊ အိမ္အလုပ္လုပ္တာ စသျဖင့္ လုပ္ႏိုင္ပါတယ္။

 

ကိုယ္လက္ေလ့က်င့္ခန္းလုပ္တာ က်န္းမာေအာင္စားေသာက္တာအျပင္ ဆီးခ်ိဳေသြးခ်ိဳေဝဒနာရွင္ေတြထပ္လုပ္ရမွာကေတာ့ ဆီးခ်ိဳဟာ ေနာက္ဆက္တြဲဆိုးက်ိဳးေတြမ်ားတဲ့အတြက္ အေရးႀကီးတာက သင္ရဲ႕မ်က္လုံးကို တစ္ႏွစ္တစ္ခါ မ်က္စိဆရာဝန္နဲ႔ စမ္းသပ္စစ္ေဆးမႈခံယူပါ။ ေသြးတြင္းအခ်ိဳဓါတ္ျမင့္တက္ေနျခင္းဟာ မ်က္ၾကည္လႊာနဲ႔အျမင္အာ႐ုံကို ထိခိုက္ေစႏိုင္လို႔ပါ။ မ်က္လုံးပုံမွန္စစ္ေဆးျခင္းအားျဖင့္ ဆီးခ်ိဳေသြးခ်ိဳေဝဒနာရွင္မ်ားဟာ မ်က္ၾကည္လႊာပ်က္စီးမႈရဲ႕အေစာပိုင္းလကၡဏမ်ားရွိပါက ေစာေစာသိႏိုင္ၿပီး ေစာေစာကုသမႈခံယူႏိုင္ပါတယ္။

 

ေနာက္ၿပီးဆီးခ်ိဳေဝဒနာရွင္မ်ားဟာ အနာျဖစ္ရင္ အနာက်က္တာၾကာႏိုင္၊ ပိုးဝင္ႏိုင္တာေတြရွိတဲ့အတြက္ ထိခိုက္ႏိုင္ေျခမ်ားတဲ့မိမိရဲ႕ေျခေထာက္ေတြကို ဂ႐ုစိုက္ဖို႔လိုပါတယ္။ တင္းၾကပ္ေနေသာဖိနပ္ကိုစီးတာ သို႔မဟုတ္ ေျခဗလာနဲ႔ အျပင္ထြက္တာမ်ိဴးေတြေရွာင္ပါ။ အံဝင္ခြင္က်ျဖစ္တဲ့ဖိနပ္ကိုသာစီးပါ။

 

ေနာက္ထပ္ေျပာခ်င္တာက ဆီးခ်ိဳေရာဂါေဝဒနာရွင္မ်ားႏွင့္ ကားေမာင္းျခင္း၊ ဆိုင္ကယ္ေမာင္းျခင္းပါ။ ဆီးခ်ိဳေရာဂါရွိသည္နဲ႔ ကားမေမာင္းသင့္ ဆိုင္ကယ္မေမာင္းသင့္ဟု မဆိုလိုပါ။ သင္ရဲ႕ဆီးခ်ိဳေသြးခ်ိဳကို ေကာင္းေကာင္းထိန္းထားႏိုင္ၿပီး အဆင္ေျပေဘးကင္းႏိုင္ပါသည္ဟု သင္ရဲ႕ဆီးခ်ိဳကုဆရာဝန္ကမွတ္ခ်က္ေပးလွ်င္ စက္တပ္ယာဥ္မ်ား ေမာင္းႏွင္ႏိုင္ပါတယ္။

 

ေနာက္ဆုံးအေနနဲ႔ကေတာ့ အားလပ္ရက္ သို႔မဟုတ္ အလုပ္ကိစၥနဲ႔ ခရီးထြက္ရမည္ဆိုပါက အထူးသျဖင့္ အင္ဆူလင္ထိုးေနသူမ်ားဆိုလွ်င္ သင့္ႏွင့္အတူ ေဆးထိုးအပ္ အင္ဆူလင္ထိုးေဆး ဆရာဝန္ေထာက္ခံစာနဲ႔ ေဆးမွတ္တမ္းစာအုပ္ေတြကို တစ္ပါတည္းယူသြားဖို႔ အႀကံေပးလိုပါတယ္။

 

Source : Dr. 528

(Unicode)

=========

ဆီးချိုသွေးချို ဖြစ်ရင် သောက်ဆေး ၊ ထိုးဆေး နဲ့ လုံလောက်ပြီးလား

 

ပုံမှန်ဆီးချိုသွေးချို ကုသမှုနည်းလမ်းတွေအရ သောက်ဆေးထိုးဆေးနဲ့တင် မလုံလောက်ပါဘူး။

 

သောက်ဆေး၊ ထိုးဆေးများအပြင် ကျန်းမာစေသော အစားအစာများစားခြင်း၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း ပြုလုပ်ခြင်းတွေကိုလုပ်ပြီး ကိုယ်အလေးချိန် ထိန်းဖို့လိုပါတယ်။ ကျန်းမာသော အစားအစာများလို့ပြောလိုက်လို့ ဆီးချိုသွေးချိုရောဂါဖြစ်လာပြီဆိုရင် သင်ကြိုက်သည့်စားနေကျ အစားသောက်များကိုလုံးဝမစားရဘဲ ဆီးချိုသွေးချို ဝေဒနာရှင်များအတွက် သီးသန့်ထုတ်ထားသော အစားသောက်များကိုပဲစားရတော့မယ်လို့ မဆိုလိုပါ။

 

 

အစာစားသည့်အခါ သတိထားရမည့်အချက်များမှာ အဆီများသော အစားအသောက်များကို မစားပါနဲ့။ ထမင်းကို သင့်တော်ရုံလောက်စားပြီး ဟင်းသီးဟင်းရွက် ၊ အသား၊ ငါးများကို များများစားပေးပါ။ သကြားနဲ့ ပြုလုပ်ထားသော အစားအသောက်များကိုတော့ ရှောင်ပါ။ အစာကိုစားရမည့်အချိန်မှာ ပုံမှန်စားပါ။ အစားရှောင်တာ၊ အစာမစားဘဲနေတာတွေ လုံးဝမလုပ်ပါနဲ့။ အဆမတန် စားခြင်းကိုရှောင်ပါ။

 

 

အရက်သောက်တတ်ပါက လျှော့သောက်ပါ။ အရင်က တစ်ပုလင်းဆို တစ်ဝက်လောက်ပဲသောက်ပါ။ ဆေးလိပ်သောက်တတ်တဲ့လူဆိုရင်တော့ ချက်ချင်းဆေးလိပ် လုံးဝဖြတ်ဖို့လိုပါတယ်။ နောက်ပြီး ကိုယ်အလေးချိန်အဆမတန် တိုးလာတာမျိူးမဖြစ်အောင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းသည် ဆီးချိုသွေးချိုရောဂါကို ပိုမဆိုးအောင် ထိန်းပေးသည့်နေရာတွင် တော်တော်ကြီးကို အထောက်အကူပေးပါသည်။ နောက်ပြီးနေရထိုင်ရတာလည်း ပိုမိုကောင်းမွန်လာပါတယ်။

 

 

ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် သင်ရဲ့သွေးထဲမှာရှိသော အချိုဓါတ်ပမာဏကို ထိန်းညှိပေးခြင်း၊ အင်ဆူလင်ရဲ့အာနိသင်ကို ကောင်းစွာရရှိခြင်း ၊နှလုံးရောဂါ၊ သွေးတိုးနှင့် လေဖြတ်လေငန်းရောဂါများ ဖြစ်ပွားမှုနှုန်းကို လျော့ကျစေခြင်း စသည့်အကျိုးကျေးဇူးများကိုရရှိစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းကို တစ်ပတ်လျှင် အနည်းဆုံးသုံးကြိမ်ခန့် လုပ်သင့်ပါတယ်။ တစ်ခါလုပ်လျှင် ပျမ်းမျှမိနစ်နှစ်ဆယ်မှ သုံးဆယ်ခန့်လုပ်သင့်ပါတယ်။

 

 

ဘယ်လိုလေ့ကျင့်ခန်းမျိူးတွေလုပ်ရမလဲ။ သင်ကြိုက်နှစ်သက်သော ကိုယ်လက်လှုပ်ရှားမှုတွေ ဥပမာ ရေကူးတာ၊ လမ်းလျှောက်တာ၊ ကခုန်တာ၊ တင်းနစ်ရိုက်တာ၊ ခြင်းခတ်တာ၊ ဘောလုံးကန်တာ၊ အိမ်အလုပ်လုပ်တာ စသဖြင့် လုပ်နိုင်ပါတယ်။

 

 

ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ ကျန်းမာအောင်စားသောက်တာအပြင် ဆီးချိုသွေးချိုဝေဒနာရှင်တွေထပ်လုပ်ရမှာကတော့ ဆီးချိုဟာ နောက်ဆက်တွဲဆိုးကျိုးတွေများတဲ့အတွက် အရေးကြီးတာက သင်ရဲ့မျက်လုံးကို တစ်နှစ်တစ်ခါ မျက်စိဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးမှုခံယူပါ။ သွေးတွင်းအချိုဓါတ်မြင့်တက်နေခြင်းဟာ မျက်ကြည်လွှာနဲ့အမြင်အာရုံကို ထိခိုက်စေနိုင်လို့ပါ။ မျက်လုံးပုံမှန်စစ်ဆေးခြင်းအားဖြင့် ဆီးချိုသွေးချိုဝေဒနာရှင်များဟာ မျက်ကြည်လွှာပျက်စီးမှုရဲ့အစောပိုင်းလက္ခဏများရှိပါက စောစောသိနိုင်ပြီး စောစောကုသမှုခံယူနိုင်ပါတယ်။

 

 

နောက်ပြီးဆီးချိုဝေဒနာရှင်များဟာ အနာဖြစ်ရင် အနာကျက်တာကြာနိုင်၊ ပိုးဝင်နိုင်တာတွေရှိတဲ့အတွက် ထိခိုက်နိုင်ခြေများတဲ့မိမိရဲ့ခြေထောက်တွေကို ဂရုစိုက်ဖို့လိုပါတယ်။ တင်းကြပ်နေသောဖိနပ်ကိုစီးတာ သို့မဟုတ် ခြေဗလာနဲ့ အပြင်ထွက်တာမျိူးတွေရှောင်ပါ။ အံဝင်ခွင်ကျဖြစ်တဲ့ဖိနပ်ကိုသာစီးပါ။

 

 

နောက်ထပ်ပြောချင်တာက ဆီးချိုရောဂါဝေဒနာရှင်များနှင့် ကားမောင်းခြင်း၊ ဆိုင်ကယ်မောင်းခြင်းပါ။ ဆီးချိုရောဂါရှိသည်နဲ့ ကားမမောင်းသင့် ဆိုင်ကယ်မမောင်းသင့်ဟု မဆိုလိုပါ။ သင်ရဲ့ဆီးချိုသွေးချိုကို ကောင်းကောင်းထိန်းထားနိုင်ပြီး အဆင်ပြေဘေးကင်းနိုင်ပါသည်ဟု သင်ရဲ့ဆီးချိုကုဆရာဝန်ကမှတ်ချက်ပေးလျှင် စက်တပ်ယာဉ်များ မောင်းနှင်နိုင်ပါတယ်။

 

 

နောက်ဆုံးအနေနဲ့ကတော့ အားလပ်ရက် သို့မဟုတ် အလုပ်ကိစ္စနဲ့ ခရီးထွက်ရမည်ဆိုပါက အထူးသဖြင့် အင်ဆူလင်ထိုးနေသူများဆိုလျှင် သင့်နှင့်အတူ ဆေးထိုးအပ် အင်ဆူလင်ထိုးဆေး ဆရာဝန်ထောက်ခံစာနဲ့ ဆေးမှတ်တမ်းစာအုပ်တွေကို တစ်ပါတည်းယူသွားဖို့ အကြံပေးလိုပါတယ်။

 

Source : Dr. 528

Read times Last modified on Thursday, 26 December 2019 19:29
Rate this item
(0 votes)