What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 16 August 2022 15:55

သွေးအတွင်းပါရှိသော အဆီဓာတ် (၅) မျိုး

ခန္ဓာကိုယ်အနှံ့အပြားတွင်ရှိသော ဆဲလ်များအားလုံးနီးပါးထဲမှာအဆီဓာတ်ပါရှိနေကြပါတယ်။ လူတွေနေ့စဉ် စားလိုက် တဲ့အစားအစာများထဲတွင် ပါဝင်သော အဆီဓာတ်များဟာ အသည်းကိုအရင်ဆုံးရောက် သွားကြတယ်။

ပြီးမှ ခန္ဓာကိုယ်အတွက်လိုအပ်သော နေရာများဆီသို့ အဆီဓာတ်ကို ပို့ပေးပါတယ်။ သွေးဆိုတဲ့အရာက ရေ(အရည်)ကဲ့သို့ ဖြစ်နေတာဆိုတော့ အဆီများကို အလိုအလျောက်ပို့လို့မရဘူး။ အသည်းလုပ်ဆောင်ချက်နဲ့ လိုအပ်သလိုပြုပြင်ပြောင်းလဲပြီး ပရိုတင်းမော်လီကျူးနှင့် တွဲချိတ်ပြီးမှ သွေးထဲကို ပို့ရပါတယ်။ ဒီလုပ်ဆောင်ချက်တွေအရ လူ့ခန္ဓာကိုယ်၏ သွေးထဲမှာ အဆီဓာတ်ငါးမျိုးဖြစ်သွားကြပါတယ်။ ၎င်းတို့မှာ- HDL ၊ LDL ၊ IDL ၊ VDL နှင့် Chylomicron တို့ဖြစ်ကြပါတယ်

 

HDL

ကျစ်လျစ်သိပ်သည်းပြီး ကောင်းသောအဆီဖြစ်ပါတယ်။ အဆီ ၅၀ ရာခိုင်နှုန်းနှင့် ပရိုတင်း ၅၀ ရာခိုင်နှုန်းပါဝင်ပါတယ်။ ၎င်း အဆီ ၅၀ ရာခိုင်နှုန်းထဲမှာ ကိုလက်စထရော၊ ဖော်စဖိုလစ်ပစ်နှင့် ထရိုင်ဂရစ်စရိုက်များပါဝင်ပါတယ်။ သွေးကြောများမပိတ်အောင်လည်း ကာကွယ်ပေးနိုင်ပါသည်။

 

LDL

အဆီပမာဏများသောကြောင့် မကောင်းသော အဆီတစ်ခုဖြစ်ပါတယ်။အဆီ ၈၀ ရာခိုင်နှုန်းနှင့် ပရိုတင်း ၂၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ၎င်း အဆီထဲမှာ ကိုလက်စထရောနှင့် ဖော်စဖိုလစ်ပစ်များပါဝင်ပြီး သွေးကြောနံရံတွေကို ပိတ်စေပါတယ်။

 

IDL

အဆီပမာဏများသောကြောင့် မကောင်းသောအဆီဖြစ်တယ်။ အဆီ ၈၅ ရာခိုင်နှုန်းနှင့် ပရိုတင်း ၁၅ ရာခိုင်နှုန်း ပါဝင်ပါတယ်။

 

VDL

အဆီ ၉၂ ရာခိုင်နှုန်း နှင့် ပရိုတင်း ၈ ရာခိုင်နှုန်း ပါဝင်ပါတယ်။ အဆီများသောကြောင့် ကျန်းမာရေးအတွက် မကောင်းတဲ့ အဆီပါ။

 

Chylomicron

၉၉ ရာခိုင်နှုန်း မှာ အဆီဖြစ်ပြီး ထရိုင်ဂရစ်စရိုက် (ခေါ်) သိုလှောင်အဆီများ မြောက်များစွာ ပါရှိနေကြပြီး ပရိုတင်း မှာ ၁ ရာခိုင်နှုန်း သာပါရှိနေပါတယ်။ ဝသောသူများ၏ သွေးထဲမှာ ၎င်း အဆီမျိုးကိုတွေရတတ်ပါတယ်။ ဒီအဆီငါးမျိုးထဲတွင် HDL ကို ကောင်းသောအဆီအဖြစ်သတ်မှတ်ပြီး၊ ကျန်လေးမျိုးကို မကောင်းတဲ့အဆီတွေလို့ သတ်မှတ်ပါတယ်။

 

အထူးသဖြင့် LDL များဟာ နှလုံးသွေးကြောများကို ကျဉ်းစေတဲ့အတွက် နှလုံးသွေးကြောကျဉ်းရောဂါများ၊ သွေးတိုးရောဂါအပါအဝင် လေဖြတ်ခြင်းကိုပါ ဖြစ်တတ်စေပါတယ်။ ပမာဏအရမ်းများလွန်းသွားလျှင် အသက်ပါ သေနိုင်ပါတယ်။

 

သွေးအတွင်းအဆီဓာတ်လျော့ချရန်အတွက် ဆောင်ရန်၊ ရှောင်ရန်အစားအစာများ

- အဆီဓာတ်လျော့ချရန်အတွက် မပြည့်ဝဆီ ( Unsaturated Fatty Acid )ကိုစားပြီး ပြည့်ဝဆီ ( Saturated Fatty Acid) ကို တတ်နိုင်သမျှရှောင်ပါ။

- အိုမီဂါ ၃၊ အိုမီဂါ ၆၊ အိုမီဂါ ၉ တို့ကိုစားသုံးပါ။

- ငါးကြီးဆီစားပါ။

- ဆီကြော်မုန့်တွေ၊ ကျွတ်ကျွတ်ကြော်ထားသော အစားအစာတွေ ရှောင်ပါ။

- သဘာဝမဟုတ်တဲ့ အချိုရည်သောက်သုံးခြင်းမှ ရှောင်ပါ။

#Myanmar Health Products Guide

Read times
Rate this item
(0 votes)