What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 06 September 2019 11:58

ဆေးဝါးစက်ရုံ (အင်းစိန်) BPI မှ နှစ်စဉ်မြွေဆိပ်ဖြေဆေး အလုံးပေါင်း ၁၅၀၀၀၀ ထုတ်လုပ်မည်

ကျေးလက်ဒေသများ၏ သာမန်အပူရှိန်တွင် ထားရှိနိုင်သော မြွေဆိပ်ဖြေဆေးဆေးခဲခြောက်များကို ရန်ကုန်မြို့ရှိ မြန်မာဆေးဝါးလုပ်ငန်း ဆေးဝါးစက်ရုံ (အင်းစိန်) BPI မှ နှစ်စဉ်ဆေးအလုံးပေါင်း ၁၅၀၀၀၀ ထုတ်လုပ်မည်ဖြစ်ကြောင်း နှင့် အဆိုပါဆေးဝါးများ တိုးမြှင့်ထုတ်လုပ်နိုင်မှုကြောင့် မြွေးပွေး ၊ မြွေဟောက် အပါအဝင် တခြားအဆိပ်ရှိအပါအဝင် တခြားအဆိပ်ရှိသတ္တဝါများ၏ အန္တရာယ်မှ အချိန်မှီကာကွယ်၍ သေဆုံးမှု သိသာသွာ လျော့ကျနည်းလာကြောင်း ဆေးဝါးစက်ရုံ (အင်စိန်) BPI စက်ရုံမှူး ဒေါက်တာအောက်ဇော်၏ ပြောကြားချက်အရ သိရပါတယ်။

" ဆေးဝါးစက်ရုံ (အင်းစိန်) BPI ကနေ နှစ်စဉ် မြွေးပွေးနဲ့ မြွေဟောက် မြွေဆိပ်ဖြေဆေး အလုံးပေါင်း ၁၅၀၀၀၀ ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက နှစ်စဉ် ဆေးအလုံးပေါင်း ၁၂၀၀၀၀ ကျော်ကနေ ၁၃၀၀၀၀ ဝန်းကျင်အထိ လိုအပ်ချက်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

 

ကျန်တဲ့ ဆေးအလုံးပေါင်း ၂၀၀၀၀ ကတော့ တခြားအဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်တွေအရ အရန်အနေနဲ့ ထုတ်လုပ်တာပါ။ အခုနောက်ပိုင်း မြွေဆိပ်ဖြေဆေးတွေက အရင်လို အအေးခန်းတွေ ၊ ရေခဲသေတ္တာတွေ နဲ့ သိုလှောင်သိမ်းဆည်းထားစရာမလိုဘဲ သတ်မှတ်အပူချိန်မှာပဲ ထားနိုင်ပါတယ် လို့ ဒေါက်တာအောင်ဇော်က ပြောပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မြန်မာဆေးဝါးလုပ်ငန်း ဆေးဝါးဆက်ရုံ (အင်းစိန်) BPI မှ မြင်းသွေးကို အဓိကအခြေခံကာ ထုတ်လုပ်သော မြွေးပွေး (Viper) နှင့် မြွေဟောက် (Cobra) အဆိပ်ဖြေဆေးကို ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ဆေးအလုံးပေါင်း ၁၂၀၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ ဆေးအလုံးပေါင်း ၁၂၃၀၀၀ ဝယ်ယူခဲ့ကြောင်း ၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် မြွေဆိပ်ဖြေဆေး အလုံးပေါင်း ၁၅၀၀၀၀ ထုတ်လုပ်နိုင်ခဲ့ပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ ဆေးအလုံးပေါင်း ၁၃၀၀၀၀ ဝယ်ယူခဲ့ပါတယ်။

 

ယခုအခါ မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှုသည် ပြည်တွင်းလိုအပ်ချက်ကို လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ပြီး ဈေးကွက်ချဲ့ထွင်မှုအဖြစ် လာအို နှင့် ကမ္ဘောဒီးယားနိုင်ငံတို့သို့ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် မြွေဆိပ်ဖြေဆေးအလုံးပေါင်း ၅၀၀ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။

မောင်ချို (ဧရာဝတီ)

 

(zawgyi)

---------

ေဆးဝါးစက္ရံု (အင္းစိန္) BPI မွ ႏွစ္စဥ္ေျမြဆိပ္ေျဖေဆး အလံုးေပါင္း ၁၅၀၀၀၀ ထုတ္လုပ္မည္

ေက်းလက္ေဒသမ်ား၏ သာမန္အပူရွိန္တြင္ ထားရွိႏိုင္ေသာ ေျမြဆိပ္ေျဖေဆးေဆးခဲေျခာက္မ်ားကို ရန္ကုန္ျမိဳ႕ရွိ ျမန္မာေဆးဝါးလုပ္ငန္း ေဆးဝါးစက္ရံု (အင္းစိန္) BPI မွ ႏွစ္စဥ္ေဆးအလံုးေပါင္း ၁၅၀၀၀၀ ထုတ္လုပ္မည္ျဖစ္ေၾကာင္း ႏွင့္ အဆိုပါေဆးဝါးမ်ား တိုးျမွင့္ထုတ္လုပ္ႏိုင္မႈေၾကာင့္ ေျမြးေပြး ၊ ေျမြေဟာက္ အပါအဝင္ တျခားအဆိပ္ရွိအပါအဝင္ တျခားအဆိပ္ရွိသတၱဝါမ်ား၏ အႏၱရာယ္မွ အခ်ိန္မွီကာကြယ္၍ ေသဆံုးမႈ သိသာသြာ ေလ်ာ့က်နည္းလာေၾကာင္း ေဆးဝါးစက္ရံု (အင္စိန္) BPI စက္ရံုမွဴး ေဒါက္တာေအာက္ေဇာ္၏ ေျပာၾကားခ်က္အရ သိရပါတယ္။

 

" ေဆးဝါးစက္ရံု (အင္းစိန္) BPI ကေန ႏွစ္စဥ္ ေျမြးေပြးနဲ႔ ေျမြေဟာက္ ေျမြဆိပ္ေျဖေဆး အလံုးေပါင္း ၁၅၀၀၀၀ ထုတ္လုပ္ဖို႔ စီစဥ္ထားပါတယ္။ က်န္းမာေရး ႏွင့္ အားကစားဝန္ၾကီးဌာနက ႏွစ္စဥ္ ေဆးအလံုးေပါင္း ၁၂၀၀၀၀ ေက်ာ္ကေန ၁၃၀၀၀၀ ဝန္းက်င္အထိ လိုအပ္ခ်က္ရွိတယ္လို႔ ခန္႔မွန္းထားပါတယ္။

 

က်န္တဲ့ ေဆးအလံုးေပါင္း ၂၀၀၀၀ ကေတာ့ တျခားအဖြဲ႔အစည္းေတြရဲ႕ လိုအပ္ခ်က္ေတြအရ အရန္အေနနဲ႔ ထုတ္လုပ္တာပါ။ အခုေနာက္ပိုင္း ေျမြဆိပ္ေျဖေဆးေတြက အရင္လို အေအးခန္းေတြ ၊ ေရခဲေသတၱာေတြ နဲ႔ သိုေလွာင္သိမ္းဆည္းထားစရာမလိုဘဲ သတ္မွတ္အပူခ်ိန္မွာပဲ ထားႏိုင္ပါတယ္ လို႔ ေဒါက္တာေအာင္ေဇာ္က ေျပာပါတယ္။

 

ရန္ကုန္တိုင္းေဒသၾကီး အင္းစိန္ျမိဳ႕နယ္ရွိ ျမန္မာေဆးဝါးလုပ္ငန္း ေဆးဝါးဆက္ရံု (အင္းစိန္) BPI မွ ျမင္းေသြးကို အဓိကအေျခခံကာ ထုတ္လုပ္ေသာ ေျမြးေပြး (Viper) ႏွင့္ ေျမြေဟာက္ (Cobra) အဆိပ္ေျဖေဆးကို ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္တြင္ ေဆးအလံုးေပါင္း ၁၂၀၀၀၀ ေက်ာ္ ထုတ္လုပ္ႏိုင္ခဲ့ျပီး က်န္းမာေရး ႏွင့္ အားကစားဝန္ၾကီးဌာန မွ ေဆးအလံုးေပါင္း ၁၂၃၀၀၀ ဝယ္ယူခဲ့ေၾကာင္း ၊ ၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္တြင္ ေျမြဆိပ္ေျဖေဆး အလံုးေပါင္း ၁၅၀၀၀၀ ထုတ္လုပ္ႏိုင္ခဲ့ျပီး က်န္းမာေရး ႏွင့္ အားကစားဝန္ၾကီးဌာန မွ ေဆးအလံုးေပါင္း ၁၃၀၀၀၀ ဝယ္ယူခဲ့ပါတယ္။

 

ယခုအခါ ေျမြဆိပ္ေျဖေဆး ထုတ္လုပ္မႈသည္ ျပည္တြင္းလိုအပ္ခ်က္ကို လံုေလာက္စြာ ထုတ္လုပ္ေပးႏိုင္ျပီး ေစ်းကြက္ခ်ဲ႕ထြင္မႈအျဖစ္ လာအို ႏွင့္ ကေမၻာဒီးယားႏိုင္ငံတို႔သို႔ ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္တြင္ ေျမြဆိပ္ေျဖေဆးအလံုးေပါင္း ၅၀၀ တင္ပို႔ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။

ေမာင္ခ်ိဳ (ဧရာဝတီ)

Read times Last modified on Wednesday, 29 January 2020 17:30
Rate this item
(0 votes)