အမာရွတ်များတွေက များသောအားဖြင့် ဝက်ခြံ၊ မီးလောင်ဒဏ်ရာများ၊ ပြတ်ရှဒဏ်ရာများ၊ အသေးစား ဒဏ်ရာ သို့မဟုတ် ခွဲစိတ်ထားသော ဒဏ်ရာတွေကနေတဆင့် ဖြစ်တတ်ပါတယ်။ အခုဖော်ပြပေးမယ့် အဆီတွေကတော့ ပျက်စီးသွားတဲ့ ဆဲလ်သေများကို အရေပြားဆဲလ်အသစ်များဖြင့် အစားထိုးလာပေးပြီး အမာရွတ်များကို သက်သာ ပျောက်ကင်းအောင် လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။
အမာရွတ်များကို ဖယ်ရှာဖို့အတွက် အထိရောက်ဆုံးနည်းလမ်းကတော့ Essential Oil ကို အသုံးပြုခြင်းဖြစ်ပါတယ်။ အောက်ဖော်ပြပါ အဆီများကလည်း အမာရွတ်များကို ပျောက်ကင်းစေရုံသာမက သင့်အသားရေကို ကျန်းမာစေပြီး အရေးအကြောင်းတွေကို သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
မျက်မှာအမာရွတ်တွေအတွက် ဘာတွေကောင်းလဲ.
Lavender oil
Lavender oil က အရေပြားရောဂါအမျိုးမျိုးနှင့်အတူ အမာရွတ်များ၊ ဒဏ်ရာများ နှင့် အရေပြားရောင်ရမ်းမှုကို သက်သာစေပြီး အရေပြားဆဲလ်အသစ်များကို ဖြစ်ပေါ်စေပါတယ်။ အရေပြားကို သန့်စင်စေဖို့အတွက် ဘတ်တီးရီးယား နှင့် မှို ဘတ်တီးရီးယားတွေကိုလည်း သတ်ပေးနိုင်တဲ့ ဂုဏ်သတ္တိများလည်း ရှိပါတယ်။
Rosemary oil
ဝက်ခြံ၊ အရေပြားရောင်ရမ်းခြင်းနှင့် နှင်းခူ ကဲ့သို့သော အရေပြားအခြေအနေများအတွက် Rosemary oil ကို အသုံးပြုနိုင်ပါတယ်။ အမာရွတ်များကို သက်သာပျောက်ကင်းစေပြီး အသားအရေကို တောက်ပစေပါတယ်။
sandalwood oil
sandalwood oil က အနာကျက်ခြင်းအတွက် ထိရောက်မှုရှိပြီး မျက်နှာပေါ်က အမာရွတ်များကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ အဒီအတွက် sandalwood oil ကို နေ့စဉ် အမာရွတ်ရှိရာနေရာတွေမှာ ညင်သာစွာ နှိပ်နယ်ပြီး လိမ်းပေးဖို့လိုပါတယ်။
calendula oil
calendula oil အဆီက ရောင်ရမ်းမှုကို ဆန့်ကျင်သော ဂုဏ်သတ္တိက အမာရွတ်တွေကို ကုသပေးနိုင်ပါတယ်။
lemon oil
lemon oil အဆီမှာ ဗီတာမင် C ပါဝင်တာကြောင့် အမာရွတ်တွေကို ပျောက်ကင်းစေပါတယ်။ ဝက်ခြံထွက်ခြင်းကို ကာကွယ်ပေးတဲ့အပြင် အရေပြား ပိုးမွှားမျိုးစုံကို သေစေနိုင်ပါတယ်။ lemon oil အဆီကို ပုံမှန်လိမ်းပေးခြင်းအားဖြင့် အသားအရေကို ကြည်လင်တောက်ပစေပါတယ်။
Source: Diytz .com
Aung Win (Myanmar Health Products Guide)