တရုတ်နိုင်ငံမှ တင်သွင်းသော ပင်လယ်စာ ဂရုပြုစစ်ဆေးရန် ထိုင်း FDA ညွှန်ကြားချက် ထုတ်ပြန်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန The Food and Drug Administration of Thailand (FDA) တရုတ်နိုင်ငံမှ တင်သွင်းလာသော အေးခဲထားသည့်ပြည်ကြီးငါးများတွင် ကက်မီယမ် Cadmium ပါဝင်နှုန်းသည် ဘေးကင်းရေးစံနှုန်းထက် ကျော်လွန်နေသည်ကို တွေ့ရှိပြီးနောက် ပင်လယ်စာထုပ်များကို ဂရုတစိုက်စစ်ဆေးရန် သတိပေးထားသည်။
.
ကက်မီယမ် Cadmium သည် ဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီး အစားအစာများမှတစ်ဆင့် ပမာဏများပြားစွာ စားသုံးမိပါက ပြင်းထန်သော အဆိပ်သင့်ခြင်း၊ နာတာရှည် အဆိပ်သင့်ခြင်းများ ဖြစ်ပွားစေနိုင်ပါသည်။
ပြင်းထန်သော ကက်မီယမ်အဆိပ်သင့်ခြင်း လက္ခဏာများတွင် ပျို့ခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ ဗိုက်နာခြင်း၊ ရှော့ခ်ဖြစ်ခြင်း၊ အသည်းနှင့် ကျောက်ကပ် ပျက်စီးခြင်းတို့ ပါဝင်သည်။
နာတာရှည် ကက်မီယမ်အဆိပ်သင့်ခြင်း လက္ခဏာများတွင် အနံ့ပျောက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ သွေးအားနည်းခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ သွားများဝါခြင်း၊ အသည်းနှင့် ကျောက်ကပ်ပျက်စီးခြင်တို့ ပါဝင်သည်။
.
ယခုနှစ် မေလတွင် Lat Krabang အစားအသောက်နှင့် ဆေးဝါးစစ်ဆေးရေးဂိတ်၌ ကျပန်းစစ်ဆေးပြီးနောက် တွေ့ရှိချက်များအရ ထိုင်း FDA မှ ဗုဒ္ဓဟူးနေ့(နိုဝင်ဘာ ၂) တွင် ကြေညာချက် ထုတ်ပြန်ခဲ့ခြင် းဖြစ်သည်။
.
တရုတ်နိုင်ငံမှ တင်သွင်းလာသော အေးခဲပြည်ကြီးငါး တစ်ကီလိုဂရမ်လျှင် ကက်မီယမ် ၃.၂၇ မီလီဂရမ် ပါဝင်ကြောင်း ဆေးသိပ္ပံဌာန Department of Medical Sciences မှ တွေ့ရှိခဲ့သည်။ အစားအသောက် ဘေးကင်းရေးစံနှုန်းမှာ တစ်ကီလိုဂရမ်တွင် ကက်မီယမ် ပါဝင်မှု ၂ ဂရမ်ထက် နည်းရမည် ဖြစ်သည်။
.
အဆိုပါ ပင်လယ်စာများကို တရုတ်နိုင်ငံရှိ Fujian Minwell Food Industrial Ltd မှ ထုတ်လုပ်သည်။
ပြည်ကြီးငါး ၁ ကီလိုဂရမ် အထုပ်ကို ယခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် ထုတ်လုပ်ခဲ့ပြီး သက်တမ်းကုန်ဆုံးရက်မှာ ၂၀၂၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ဖြစ်ကြောင်း FDA က ပြောကြားသည်။
.
FDA က အေးခဲပင်လယ်စာထုပ်များကို စစ်ဆေးကြရန်နှင့် ၎င်းတရုတ်ကုမ္ပဏီက ထုတ်လုပ်သော စားသောက်ကုန်များကို မဝယ်ကြရန် သတိပေးထားပါသည်။
Source The Nation