What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 11 January 2017 14:27

HIV ပိုးရှိမှန်း သိနိုင်သော လက္ခဏာ (၁၅) ချက်

HIV ပိုးရှိမှန်း သိနိုင်သော လက္ခဏာ (၁၅) ချက် Google.com

HIV ပိုးရှိမှန်း သိနိုင်သော လက္ခဏာ (၁၅) ချက်

ခန္ဓာကိုယ်ထဲကို HIV ပိုးဝင်ရောက်ခံရသူတွေရဲ့ ၄၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းဟာ တစ်လမှ နှစ်လအတွင်း တုပ်ကွေးရောဂါလိုမျိုး လက္ခဏာ ဖြစ်ပေါ်တတ်ပါတယ်။

တစ်ခါတစ်ရံမှာ HIV ရောဂါပိုးဝင်တဲ့ လက္ခဏာဟာ နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်စုနှစ်ထိတောင် မပေါ်ပေါက်ပဲ ရှိနေတတ်ပါတယ်။

ထို့ကြောင့် HIV ရောဂါပိုးရှိသူ ငါးယောက်မှာ တစ်ယောက်နှုန်းဟာ သူတို့မှာ ပိုးရှိမှန်း မသိရှိကြပါဘူး။ ပိုးရှိ၊ မရှိ စစ်ဆေးဖို့က အရေးကြီးပါတယ်။

အထူးသဖြင့် မိမိအိမ်ထောင်ဖက်အပေါ် သစ္စာမရှိဘဲ တခြားသူတွေနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ပြုလုပ်သူတွေနဲ့ မူးယစ်ဆေးကို အကြောဆေးအဖြစ် ထိုးသွင်းသူတွေအနေနဲ့ HIV ပိုးအတွက် စစ်ဆေးမှု ပြုလုပ်ဖို့ လိုအပ်ပါတယ်။

HIV ပိုးရှိနေမှန်း သိနိုင်တဲ့ အချက်များ

၁. အဖျားရှိခြင်း။

HIV ပိုး ဝင်ရောက်တဲ့ ပထမဆုံး လက္ခဏာ အနေနဲ့ အဖျားရှိတာပါ။ ၁၀၂ ဒီဂရီလောက်ထိ ရှိတတ်ပါတယ်။ မောပန်းတာ၊ အကျိတ်ရောင်တာနဲ့ လည်ချောင်းနာတာတွေပါ တွဲပြီး ဖြစ်တတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဟာ သွေးအတွင်း ရွေ့လျားနေပြီး အများအပြား ပေါက်ဖွားလာတဲ့ အခါမှာ ခုခံအားစနစ်က တုံ့ပြန်တာကြောင့် ဖြစ်ပေါ်လာတဲ့ လက္ခဏာပါ။

၂. မောပန်းခြင်း။

မောပန်းခြင်းခုခံအားစနစ်ရဲ့ တုံ့ပြန်မှုကြောင့် မောပန်းတဲ့ ဝေဒနာ ခံစားရနိုင်ပါတယ်။ မောပန်းတာဟာ HIV ပိုးရှိတဲ့ ပထမနဲ့ နောက်ဆုံး လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

၃. ကြွက်သားနဲ့ အဆစ်တွေ နာကျင်ကိုက်ခဲခြင်း။

HIV ပိုးဝင်ရောက်တဲ့ လက္ခဏာဟာ တုပ်ကွေးနဲ့ မှားယွင်းတတ်ပါတယ်။

၎. လည်ချောင်းနာခြင်းနဲ့ ခေါင်းကိုက်ခြင်း။

လည်ချောင်းနာခြင်းနဲ့ ခေါင်းကိုက်ခြင်းဟာလည်း အကျိတ်ရောင်တာလိုပဲ HIV ပိုးဝင်ရောက်တဲ့ တခြားလက္ခဏာတွေပါ။

၅. အရေပြားမှာ အဖုအပိန့် ပေါက်ခြင်း။

အရေပြားမှာ အဖုအပိန့် ပေါက်တာဟာလည်း HIV ပိုးဝင်ရောက်တဲ့ လက္ခဏာကို ဖြစ်စေပါတယ်။ ပြည်တည်နာလိုမျိုး အနာတွေက လက်မောင်းနဲ့ ခန္ဓာကိုယ်အတွင်း ပေါက်နေတတ်ပါတယ်။

၆. ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းသွားခြင်း။

HIV ပိုး ဝင်ရောက်သူ ၃၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းဟာ ပျို့တာ၊ အန်တာ ဒါမှမဟုတ် ဝမ်းပျက်တာတွေ ဖြစ်တတ်ပါတယ်။

၇. ကိုယ်အလေးချိန်ကျဆင်းခြင်း။

HIV ပိုး ဝင်ရောက်တာကြောင့်ဖြစ်တဲ့ AIDS ရောဂါရဲ့ နောက်ဆုံးအဆင့်ကြောင့် ဖြစ်နိုင်သလို ဆိုးဆိုးရွားရွားဝမ်းပျက်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန် ကျဆင်းနေတာဟာ ခုခံအားစနစ် ကျဆင်းနေတယ်လို့အဓိပ္ပာယ်ရပါတယ်။

၈. ချောင်းခြောက်ဆိုးခြင်း။

ချောင်းခြောက်ဆိုးနေပြီး ချောင်းဆိုးပျောက်ဆေးနဲ့ တခြားဆေးဝါးတွေ အသုံးပြုရင်တောင် မပျောက်ကင်းခဲ့ရင် HIV ရောဂါပိုးရှိတယ်လို့ သံသယဝင်ရပါ့မယ်။

၉. နမိုးနီးယား အဆုတ်ရောင်ရောဂါ။

ချောင်းဆိုးတာနဲ့ ကိုယ်အလေးချိန်ကျတာဟာ HIV ပိုး ဆိုးရွားစွာ ဝင်ရောက်တဲ့ လက္ခဏာ ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကလည်း ကောင်းကောင်း အလုပ်မလုပ်နိုင်လို့ ဖြစ်တာပါ။ ခုခံအားစနစ် ကျဆင်းခြင်းကို အခွင့်ကောင်းယူပြီး ရောဂါပိုးများစွာ ဝင်ရောက်နိုင်ပါတယ်။

၁၀. ညဘက် ချွေးထွက်ခြင်း။

HIV ပိုး ဝင်ရောက်သူ ထက်ဝက်ခန့်ဟာ ညဘက်မှာ ချွေးထွက်တတ်ပါတယ်။ မီးယပ်သွေးဆုံးပြီးသူ အမျိုးသမီးတွေ ခံစားရတဲ့ ဝေဒနာလိုမျိုးပါ။ အခန်းအပူချိန် သို့မဟုတ် လေ့ကျင့်ခန်း ပြုလုပ်တာနဲ့ မသက်ဆိုင်ပါဘူး။

၁၁. လက်သည်း၊ ခြေသည်း ပြောင်းလဲခြင်း။

HIV ပိုးဝင်ရောက်တဲ့ လက္ခဏာဟာ လက်သည်း၊ ခြေသည်းတွေ တင်းပုတ်ပုံသဏ္ဌာန် ပြောင်းလဲတာ၊ လက်သည်းကွဲတာ ဒါမှမဟုတ် လက်သည်းအရောင် ပြောင်းလဲတာတွေ ဖြစ်တတ်ပါတယ်။

၁၂. မှိုရောဂါပိုး ဝင်ရောက်ခြင်း။

မှည့်ခရုပေါက်တာဟာ HIV ပိုးရှိသူတွေမှာ အဖြစ်များပါတယ်။

၁၃. ရေယုန်ပေါက်ခြင်း သို့မဟုတ် လိင်အင်္ဂါ ရေယုန်ပေါက်ခြင်း။

ပါးစပ်ရေယုန်နဲ့ လိင်အင်္ဂါမှာ ရေယုန်ပေါက်တာဟာ HIV ပိုးရဲ့ နောက်ဆုံးအဆင့် လက္ခဏာတွေပါ။ ရေယုန်ပေါက်တာကြောင့်လည်း HIV ပိုး ကူးစက်ဖို့ ပိုလွယ်သွားပါတယ်။ ရေယုန်ပေါက်တာကြောင့် အနာဖြစ်ရာမှ လိင်ဆက်ဆံနေစဉ်အတွင်း HIV ပိုးဟာ ခန္ဓာကိုယ်တွင်း အလွယ်တကူဝင်ရောက်နိုင်လို့ပါ။

၁၄. ထုံကျဉ်ခြင်း၊ အားနည်းခြင်း။

HIV ပိုး ရှိနေရင် ခြေထောက်နဲ့ လက်မှာ ထုံတာတွေ ကျဉ်တာတွေ ဖြစ်တတ်ပါတယ်။ အာရုံကြောပျက်စီးတာကြောင့် ဖြစ်ပြီး ဆီးချိုရောဂါကို မထိန်းနိုင်သူတွေမှာ ဖြစ်တတ်တာနဲ့ တူပါတယ်။

၁၅. ဓမ္မတာမမှန်ခြင်း။

HIV ပိုးရှိသူတွေ အနေနဲ့ ရာသီသွေးနည်းတာ၊ သွေးကျဲတာတွေ ဖြစ်တတ်ပါတယ်။ အချိန်မတိုင်ခင် မီးယပ်သွေးဆုံးတာ ဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့် ၄၉ နှစ်မှ ၅၃ နှစ်အရွယ်မှာ သွေးဆုံးတတ်ပေမယ့် HIV ပိုး ကူးစက်ခံရသူတွေမှာ ၄၇ နှစ်မှ ၄၈ နှစ် အရွယ်မှာ သွေးဆုံးတတ်ပါတယ်။

Source: myatpearlphyu

Read times Last modified on Wednesday, 11 January 2017 14:39
Rate this item
(2 votes)