What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 16 January 2018 16:42

နှလုံးသွေးကြောကျဥ်းရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

နှလုံးသွေးကြောကျဥ်းရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ google.com

နှလုံးသွေးကြောကျဉ်းရောဂါဆိုတာ တကယ်ကြောက်ဖို့ကောင်းပါတယ်။ အသက်အန္တရာယ်ကိုတောင် စိုးရိမ်ရတဲ့ ရောဂါတစ်ခုပါ။

ကာကွယ်ခြင်းက ကုသခြင်းက ပိုကောင်းတယ်ဆိုတဲ့အတိုင်း နှလုံးသွေးကြော ကျဥ်းရောဂါမဖြစ်အောင် မိမိတို့၏နှလုံးသွေးကြောများပွင့်ရန်သောက်ရမယ့် သဘာဝဆေးနည်း လေးဖော်ပြပေးလိုက်ပါ တယ်။

ပထမဦးစွာ---

(၁) သံပုယိုသီး (သို့) ရှောက်သီးအရည် လက်ဖက်ရည်ဖန်ခွက် ၁ ခွက်၊

(၂)ဂျင်း အရည် ၁ ခွက်၊

(၃)ကြက်သွန်ဖြူ အရည် ၁ ခွက်၊

(၄)ပန်းသီးရှာလကာရည် ၁ ခွက်၊

ဖော်ပြပါ အမယ်(၄) မျိုး ကိုရောစပ်၍ မီးအေးအေးဖြင့် မိနစ်(၆၀)ခန့်(သို့) ၄ခွက် ကို ၃ခွက်တင်ကျို၍ အအေးခံထားပါ။ ပြီးရင်တော့ ပျားရည်စစ်စစ် ၃ ခွက်ရောစပ်ပြီး ဖန်ပုလင်းထဲတွင် ထည့်၍သောက်သုံး နိုင်ပါပြီ။ ပြုလုပ်နည်းအဆင့်ဆင့်ကိုအသေးစိတ်ပြောပြရရင်---

အခွံခွာရလွယ်သော ကြက်သွန်ဖြူ ဥတစ်လုံးများအား အခွံခွာ၍သစ်သီးဖျော်စက်၊(သို့) ငရုတ်ဆုံထဲတွင် ကြေညက်အောင်ပြုလုပ်ပါ။ ဖျော်စက်နှင့်ဖျော်မယ်ဆိုရင်တော့ ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူတွေကို ကြေညက်အောက်အရင်လုပ်ပါ ပြီးနောက် ရေသန့်(သို့) ရေကျက်အေးကို အကြမ်းပန်းကန်လုံးတလုံးစာ ပြည့်အောင်ဖြည့်ပါ။

ထိုနည်းတူစွာပဲ ဂျင်းကိုေ၇ပြောင်အောင်ဆေး၊ အခွံခွာ၊ ပါးပါးလှီးကားညက်အောင်လုပ်ပေးပါ။ အကြမ်းပန်းကန် လုံးတလုံးထဲထည့်၍ ပြည့်သည့်အထိ ရေကျက်အေးထပ်ဖြည့်ပေးပါ။

ထို့နောက် ရှောက်သီး(သို့) သံပုယိုသီးကိုလည်း အကြမ်းပန်းကန်လုံးတလုံးစာ ရအောင်အရေညစ်ပါ။

ပန်းသီးရှာလကာရည်ကိုတော့ ပိုပြီးစိတ်ချရအောင် နိုင်ငံခြားmade ထဲမှရွေးချယ်ဝယ်ယူ၍ အကြမ်းပန်းကန်လုံး တစ်လုံးအပြည့်ဖြည့်ပါ။ ထိုနောက်အကြမ်းပန်းကန်လုံးတစ်လုံးစီထည့်ထားတဲ့ အမယ်(၄) မျိုးကိုရောစပ်ပြီး မီးအေးအေးဖြင့် (မိနစ် ၆၀)ကျို၍ အအေးခံပြီးလျှင် ပျားရည်စစ်စစ်ပန်းကန်လုံး ၃ လုံးခန့်လောက်ဖြင့် သမအောင်မွှေပြီး ဖန်ပုလင်းထဲတွင် ထည့်၍သုံးဆောင်နိုင်ပါပြီ။ များများလိုချင်ရင်တော့ ထိုနည်းအတိုင်းဆတူ တိုး၍ ဖော်စပ်နိုင်ပါတယ်။

သောက်ရမည့်အချိန်ကတော့--နံနက်အိပ်ယာထ ဘာမှမစားရသေးခင် ထမင်းစားဇွန်းတစ်ဇွန်းပြည့် သောက်ရပါမည်။ ၅ မိနစ်လောက်နေမှ ရေသောက်ပေးပါ။ ပြီးမှ စားနေကျအတိုင်း ပုံမှန်စားလိုရပါပြီ၊

ဤဆေးရည်ဟာ သင်၏ပိတ်နေ ၊ကျဉ်းနေသော သွေးကြောများကို ပြန်ဖွင့်ပေးပါလိမ့်မည်။ဆေး၏အရသာ လည်း အလွန်ကောင်းပါတယ်။(မှတ်ချက်-အနေနဲ့ကတော့- ရှာလကာရည်အရည်အသွေးကောင်းကောင်း ကိုသုံးပေးစေချင်ပါတယ်။

မူရင်ပိုစ်တင်သူအား credit ပေးပါတယ်။

Read times
Rate this item
(1 Vote)