What's New




Saturday, 03 June 2023 21:15

မျက်လုံး ကျန်းမာရေးအတွက် အချက် ၉ ချက်

မျက်လုံး ကျန်းမာရေးအတွက် အချက် ၉ ချက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

အမြင်အာရုံ ယုတ်လျော့လာခြင်းသည် အသက်အရွယ်ကြီးရင့်ခြင်း၏ မလွှဲမရှောင်သာသော အခြင်းအရာ တစ်ခု မဟုတ်ပါ။ 

မည်သည့်အသက်အရွယ်မဆို အမြင်အာရုံ အားနည်းလာသောအခါတွင် မျက်စိအထူးကုဆရာဝန် ဖြင့် ပြသပါ။

.

.

၁။ အလင်းရောင် အားမကောင်းသည့်နေရာမှာ စာဖတ်လျှင် မျက်လုံး ထိခိုက်တတ်သည်ဟု ဆိုကြသည်။ ဖုန်းစခရင်၊ ကွန်ပျူတာစခရင် ကြည့်ခြင်းကြောင့် မျက်လုံးထိခိုက်တတ်သည်ဟု ဆိုကြသည်။

 

အပြည့်အဝ မမှန်ပါ။ စာဖတ်သည့်အခါ အလင်းရောင် အားမကောင်းလျှင် မျက်နှာနားသို့ ဆွဲယူပြီး ဖတ်ရှုမိကြသည်။ ဖုန်းစခရင်၊ ကွန်ပျူတာစခရင်တို့ မျက်နှာနှင့် နီးနီးမှာထားပြီး သုံးစွဲတတ်ကြသည်။ ထိုသို့ မျက်နှာနား နီးနေခြင်းကြောင့်သာ မျက်လုံးကျန်းမာရေး ထိခိုက်ပါသည်။

လူ့မျက်လုံးများသည် မျက်နှာနား နီးနီးထားပြီး အရာဝတ္ထုတစ်ခုခုကို အချိန်ကြာကြာ စူးစိုက်ကြည့်ဖို့ မဟုတ်သဖြင့် ထိုသို့ပြုဖန်များလာလျှင် မျက်လုံး ကျန်းမာရေး ထိခိုက်ပါသည်။ မျက်လုံးကို အနီးကြည့်သည့် မျက်လုံး ဖြစ်သွားစေသဖြင့် အဝေးမှုန် မျက်လုံးများ ဖြစ်သွားစေပါသည်။

.

အဝေးမှုန်မဖြစ်ရန် ဂရုစိုက်လိုပါက ၂၀-၂၀-၂၀ နည်းလမ်းကို သုံးပါ။

နီးနီးကပ်ကပ် မိနစ် ၂၀ စာဖတ်ပြီးလျှင် အနည်းဆုံး  ပေ ၂၀ ဝေးသည့်နေရာကို အနည်းဆုံး စက္ကန့် ၂၀ ကြည့်ပေးပါ။

.

.

၂။ အမှောင်ထဲမှာ စာဖတ်တာက အမြင်အာရုံကို ပိုဆိုးစေနိုင်သည်ဟု ဆိုကြသည်။

 

မမှန်ပါ။ အထက်မှာ ဆိုခဲ့သည့်အတိုင်း မျက်နှာနား နီးနီးထားပြီး ဖတ်ရှုခြင်းကြောင့်သာ မျက်လုံး ထိခိုက်ခြင်း ဖြစ်ပါသည်။ မျက်လုံး ညောင်းစေပါသည်။ မျက်လုံးတစ်ဝိုက်ကို နာကျင်စေနိုင်ပါသည်။ နားထင်ကြောများ ကိုက်ခဲတတ်ပါသည်။ ခေါင်းကိုက်ခဲတတ်ပါသည်။ အာရုံစူးစိုက်ဖို့ ခက်ခဲနေတတ်ပါသည်။ သို့သော် ယာယီသာ ဖြစ်ပါသည်။

ရှောင်ရန်မှာ မျက်နှာနား နီးနီးထားပြီး စာကို ကြာကြာမဖတ်ရန် ဖြစ်ပါသည်။

.

.

၃။ အဆောက်အဦ အပြင်မှာ အချိန်ပိုဖြုန်းတာက မျက်စိအမြင်အာရုံကို အထောက်အကူပြုသည်ဟု ဆိုကြသည်။

 

မှန်ပါသည်။ အဆောက်အဦ အပြင်ဘက် ခပ်လှမ်းလှမ်းကို လှမ်းကြည့်နိုင်သော နေရာမျိုးတွင် အချိန်ကြာကြာနေခြင်းသည် အဝေးမှုန်ခြင်း myopia ဖြစ်ပွားဖို့အရေးကို လျှော့ချပေးပါသည်။

အဘယ်ကြောင့် ဆိုသည်ကို တိတိပပ မသိကြရသေးပါ။ 

.

.

၄။ ခရမ်းလွန်ရောင်ခြည် ultraviolet (UV) များလွန်းလျှင် မျက်လုံးအမြင်အာရုံ ထိခိုက်သည်ဟု ဆိုကြသည်။

 

မှန်ပါသည်။  ultraviolet A နှင့် ultraviolet B ရောင်ခြည်တန်းများ နေရောင်တွင် ပါဝင်ပါသည်။ ၎င်းရောင်ခြည်တန်းများသည် မြင်လွှာ retina ကို “ပြန်မကုနိုင်သော ပျက်စီးမှု” ဖြစ်စေသည်။ အတွင်းတိမ် ဖြစ်နိုင်ခြေကိုလည်း တိုးစေနိုင်ပါသည်။

 

ထို့ကြောင့်လည်း နေကို ကြာကြာ ငေးမကြည့်ဖို့ တားမြစ်ပါသည်။

နေကာမျက်မှန် သုံးစွဲသည့်အခါ UV ရောင်ခြည်တန်းများကို ကာပေးသည့် နေကာမျက်မှန် အမျိုးအစားကုိ တပ်သင့်ပါသည်။

.

.

၅။ မျက်မှန်တပ်ရသူများသည် မျက်မှန်ကို မချွတ်စတမ်း တပ်ထားလျှင် မျက်စိ ပိုမှုန်စေသဖြင့် အခါအားလျော်စွာ မျက်မှန်ချွတ်ထားရမည်ဟု ဆိုကြပါသည်။

 

မမှန်ပါ။ မျက်မှန်တပ်ဖို့ လိုအပ်နေသည့် မျက်လုံးများအတွက် မျက်မှန်ကို အမြဲတပ်ပေးထားရပါမည်။ မျက်မှန်တပ်ခြင်းကြောင့် မျက်လုံး မပင်ပန်းပါ။ မျက်မှန်တပ်ခြင်းကြောင့် မျက်လုံး ပိုမမှုန်ပါ။

.

.

၆။ စခရင်များမှ အပြာရောင်အလင်း အနည်းငယ်မျှသည်ပင်လျှင် မျက်လုံးကို ထိခိုက်စေပါသည်ဟု ဆိုကြသည်။

 

မမှန်ပါ။ အလင်းပြာသည် အမြင်လွှာကို ထိခိုက်နိုင်ကြောင်း၊ အမြင်ပြဿနာ ရှိလာနိုင်ကြောင်း ခိုင်မာသည့် အထောက်အထား မရရှိသေးပါ။ 

အလင်းပြာ ပိတ်ကာပေးသည့် မျက်မှန်တပ်ခြင်းကြောင့် မျက်လုံးကျန်းမာရေး ပိုကောင်းမွန်သည့် အထောက်အထားလည်း မရရှိသေးပါ။

အလင်းပြာ ကာသည်ဖြစ်စေ မကာသည်ဖြစ်စေ စခရင် ကြာကြာကြည့်ခြင်းသည် အမြင်အာရုံကို ထိခိုက်စေပါသည်။ မျက်လုံးများ စွတ်စိုမှု လျော့ကျစေပါသည်။ အထူးသဖြင့် မျက်တောင်မခတ်စတမ်း ကြည့်နေမိပါက မျက်လုံးညောင်းခြင်း၊ အမြင်ဝါးတားတားဖြစ်ခြင်းတို့ ယာယီ ဖြစ်ပေါ်စေပါသည်။

 

သတိတရဖြင့် မျက်တောင်ခတ်ပေးပါ။ 

တဒင်္ဂ မျက်လုံး စုံမှိတ်ပေးပါ။ 

.

.

၇။ ဆေးလိပ်သောက်ခြင်းသည် မျက်စိကျန်းမာရေးကို ဆိုးရွားစေသည်ဟု ဆိုကြသည်။

 

 မှန်ပါတယ်။ အတွင်းတိမ် ဖြစ်စေခြင်း၊ အမြင်လွှာ ပျက်စီးခြင်းများ ဖြစ်ပွားစေပါသည်။ ဆေးလိပ်မှ အဆိပ်များ သွေးထဲ ရောက်ပြီး ၎င်းအဆိပ်သင့်ဓာတုပစ္စည်းများကြောင့် မျက်လုံးမှ တစ်ရှူးများ ပျက်စီးစေပါသည်။ 

.

.

photo_2023-06-03_21-14-09.jpg

 

၈။ မုန်လာဥဝါဟာ မျက်လုံးအတွက် ကောင်းမွန်သည်ဟု ဆိုကြသည်။

 

မှန်ပါသည်။ မုန်လာဥဝါမှာ ပါသည့် အာဟာရဓာတ်များတွင် beta-carotene , vitamins C , vitamins E အစရှိသည်တို့သည် စူးရှပြတ်သားသော၊ ရှေ့တည့်တည့်အမြင်ကို ထိန်းချုပ်သည့် မျက်လုံး၏ အစိတ်အပိုင်းဖြစ်သော macula ထိခိုက်သည့် Age-related macular degeneration (AMD)  ဖြစ်ပွားမှုကို နှေးစေပါသည်။ 

.

.

၉။ အမြင်အာရုံပိုဆိုးလာခြင်းသည် အိုမင်းရင့်ရော်ခြင်း၏ မလွှဲမရှောင်သာသော ကိစ္စတစ်ခုဖြစ်သည်ဟု ဆိုကြသည်။

 

မမှန်ပါ။ အမြင်မှုန်လာလျှင် အသက်အရွယ်ကြောင့် ဖြစ်ရသည်ဟု ယူဆပြီး မပေါ့လျော့ပါနှင့်။ အချိန်မီကုသမှု ခံယူပါ။ 

Source Guide4U

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Saturday, 03 June 2023 21:16
Rate this item
(0 votes)