What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 26 December 2017 14:18

မျက်စိကိုက်ရတဲ့အကြောင်းအရင်း

မျက်စိကိုက်ရတဲ့အကြောင်းအရင်း google.com

မျက်စိကိုက်ရတာက အကြောင်းအမျိုးမျိုး ရှိပါတယ်။ ဒီပြဿနာဟာ မျက်စိအထူးကု ဆရာဝန်တွေ နေ့တိုင်း ကြုံတွေ့နေရတဲ့ ပြဿနာလည်း ဖြစ်ပါတယ်။

မျက်စိကိုက်တာက တကယ်ရောဂါမရှိဘဲ Strain ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တကယ်ရောဂါရှိပြီးတော့ မျက်စိကိုက်တာလဲ ဖြစ်နိုင်ပါတယ်။

ရောဂါကြောင့် မျက်စိကိုက်တဲ့အခြေအနေ

ရောဂါကြောင့် မျက်စိကိုက်တယ်ဆိုရင် ရနိုင်တဲ့ ရောဂါတွေက ရေတိမ်ရောဂါ (Glaucoma) ၊ မျက်ကြည်လွှာရောဂါ (Corneal Disease) နဲ့ Intraocular Disease တွေကြောင့် ဖြစ်တတ်ပါတယ်။

ရောဂါကြောင့်မဟုတ်ဘဲ မျက်စိကိုက်ရတဲ့ အခြေအနေတွေကတော့ -

၁. မျက်နှာပြင်နာကျင်ကိုက်ခဲခြင်း (Facial Pain)

မျက်လုံးက မျက်နှာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် မျက်နှာနာကျင်မှု ဖြစ်ရင် Referred Pain အနေနဲ့ မျက်စိကိုက်ခဲမှု ဖြစ်တတ်ပါတယ်။ ဆိုလိုတာက ထိပ်ကပ်နာ (Sinusitis) ဖြစ်ရင် လူနာက မျက်စိနာတယ်လို့ ထင်ကြပါတယ်။ Trigeminal Neuralgia ဆိုတဲ့ Trigeminal Nerve တွေ နာကျင်ရင်လည်း မျက်စိနာတယ်လို့ ထင်တတ်ပါတယ်။ နောက်တစ်ခုက သွားတိုက်ရင်လည်း မျက်စိကိုက်တတ်တယ်လို့ ထင်တတ်ကြပါတယ်။

၂. ခေါင်းကိုက်ခြင်း

ခေါင်းကိုက်ရင်လည်း မျက်စိကိုက်တယ်လို့ တချို့လူတွေက ပြောကြပါတယ်။ ခေါင်းကိုက်တာကိုမသိဘဲ မျက်စိကိုက်ကတယ်လို့ ထင်ကြတဲ့ လူနာတွေလည်း ရှိပါတယ်။ နောက်တစ်ခုကတော့ ခေါင်းတစ်ခြမ်းကိုက်တဲ့ရောဂါ (Migrain) ကြောင့်လည်း မျက်စိနာတယ်လို့ တချို့က ထင်ကြပါတယ်။

၃. စိတ်ပိုင်းဆိုင်ရာအခြေအနေ

ဘာရောဂါမှမရှိဘဲ ဇက်ကြောတက်၊ ခေါင်းကိုက်တဲ့ Strain ကြောင့်လည်း မျက်စိကိုက်တယ်လို့ ထင်ကြပါတယ်။

READ - မျက်သားခြောက်သွေ့ခြင်းကို ဘယ်လိုကာကွယ်နိုင်သလဲ

Source: healthcare.com

Read times
Rate this item
(3 votes)