စင်ကာပူတွင် သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေးအတွက် ခြင် အကောင်ရေ သန်း ၃၀၀ စေလွှတ်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေးအတွက် ခြင်များ လွှတ်ပေးခြင်းသည် သွေးလွန်တုပ်ကွေး ဖြစ်ပွားစေသည့် ခြင်များ လျော့နည်းသွားစေမည် ဖြစ်သော်လည်း လုံးဝပပျောက် ကင်းစင်သည်အထိ မဖြစ်နိုင်ကြောင်း အမျိုးသားပတ်ဝန်းကျင်ဌာန National Environment Agency က သတိပေးထားသည်။
စင်ကာပူမှ ခြင်ထူထပ်သည့် ဧရိယာများတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားစေသည့် ခြင်များက လွှမ်းမိုး အနိုင်ယူထားလိမ့်မည်ဟု NEA က ပြောကြားသည်။
ခြင်မွေးမြူရေးစခန်းတွင် ခြင်ကောင်ရေ သန်း ၃၀၀ ကျော် သားဖောက်မွေးမြူခဲ့ပြီး တပတ်လျှင် ခြင်ကောင်ရေ ၇ သန်းအထိ ထုတ်လုပ်သည်။
၎င်းခြင်စခန်းသည် ဝိုဘာကီယာ စီမံကိန်း Project Wolbachia ၏ ဌာနချုပ် ဖြစ်ပြီး မကိုက်သည့် ခြင်ထီးများ မွေးမြူပြီး ခြင်ပေါသည့် ဧရိယာများတွင် ခြင်မများနှင့် မိတ်လိုက်ရန် လွှတ်ပေးသည်။
ခြင်ထီးများကို မွေးမြူရာ၌ ဝိုဘာကီယာ Wolbachia ဘက်တီးရီးယား ထည့်ပေးသည်။ ၎င်းဘက်တီးရီးယားသည် ဥ မပေါက်အောင် ပြုပေးသဖြင့် ခြင်အသစ်မပေါက်ဖွားတော့ချေ။ သို့ဖြစ်ရာ ၎င်းဧရိယာတွင် ခြင်ကောင်ရေ လျော့ကျစေသည်။
သို့သော် Project Wolbachia စတင်သည့် 2016 ခုနှစ်ကတည်းက စင်ကာပူတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ကျဆင်းသွားခြင်း မရှိသေးပါ။
၂၀၂၂ ခုနှစ်တွင် စုစုပေါင်း သွေးလွန်တုပ်ကွေး ၃၂,၁၇၃ မှု ဖြစ်ပွားခဲ့သည်။ ဒုတိယ အများဆုံးစံချိန် ဖြစ်သည်။ လက်ရှိ စံချိန်မှာ ၂၀၂၀ ပြည့်နှစ်တွင် ၃၅,၂၆၆ မှု ဖြစ်ပွားခဲ့သည့် အများဆုံးစံချိန် ဖြစ်သည်။
Source cna
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL