What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 12 June 2018 13:14

ကမ္ဘာ့နံပါတ် ၁ လူသတ်သမား

ကမ္ဘာ့နံပါတ် ၁ လူသတ်သမား Google.com

နှလုံးရောဂါ ဟာ ကမ္ဘာ မှာ သေဆုံးမှု တွေကို ဦးဆောင်နိုင်မှု အများဆုံးအဖြစ် ရပ်တည်နေပေမယ့် ဒါကို ကုသဖိုက နည်းလမ်း တိုးတတ်မှုကတော့ နှေးကွေးနေသေပါတယ်။

၁၉၉၀ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်ကြားမှာ နှလုံးရောဂါ ကုထုံးဆေးတွေကို ခြေရာခံ လေ့လာမှုတွေ နဲ့ စီမံကိန်းတွေ တိုးတက်လာပါတယ်။

နှလုံးဆေး ၃၄၇ မျိုးကိုလေ့လာကြည့်တဲ့အခါ ဆေးတော်တော်များများက သွေးဖိအားမြင့်တာ နဲ့ သွေးတွင်း အဆီဓါတ် ၊ ကိုလက်စရော လျော့ကျတာနဲ့ အဆီခဲတာတွေအတွက် ကုသတာကို တွေ့ရပါတယ်။ ဆေးတစ်ခုခြင်းဆီရဲ့ အာနိသင် နဲ့ စိတ်ချရမှုက တော့ မတူညီကြပါဘူး။
အစောဆုံးစစ်ဆေးမှုဖြစ်တဲ့ ၁၉၉၀ ခုနှစ်နဲ့ ၁၉၉၅ ခုနှစ်အတွင်း နှလုံးဆေး တွေထဲက ၁၆ ရာခိုင်နှုန်း အသုံးပြုနိုင်ပြီး ၂၀၀၅ ခုနှစ် နဲ့ ၂၀၁၂ ခုနှစ် အတွင်းမှာတော့ ၅ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
တချိန်တည်းမှာပဲ ကင်ဆာဆေးတွေလည်း ထွက်ပေါ်လာတာကို လေ့လာတွေ့ရှိရပါတယ်။
ဒီလိုရှာဖွေတွေ့ရှိမှုက နှလုံးသွေးကြောနဲ့ သက်ဆိုင်တဲ့ ရှာဖွေမှုတွေမှာ အရေးပါတဲ့ အရာတွေဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုထက် လုပ်ဆောင်မှုတွေ တိုးတက်လာပါ လို့ ဒေါက်တာ Aaro Kesselheim က ပြောပါတယ်။

အရေးကြီးတာကတော့ အသစ်ထွက်ရှိလာတဲ့ နှလုံးဆေး တိုင်းလိုလိုဟာ ခွင့်ပြုချက်မရတာပါပဲ။ နှလုံးရောဂါ နဲ့ ပက်သက်တဲ့ဆေးတွေ ရောင်းချနေတဲ့ ဆေးကုမ္ပဏီ တော်တော်များများက ကုမ္ပဏီ အသေးတွေနဲ့ အလယ်အလတ် အဆင့်တွေပဲ ရှိကြတာကိုတွေ့ရပါတယ်။
အသစ်ထုတ်တဲ့ ဆေးတွေရဲ့ အကျိုးအာနိသင်က ရှိပြီးသားဆေး အာနိသင် တွေနဲ့ ကွာခြားခြင်းမရှိတာကလဲ ဆေးထုတ်ဖို့ ခွင့်ပြုချက်မရတဲ့ အကြောင်းရင်း တစ်ခုပဲ ဖြစ်ပါတယ်။ တခြားရောဂါတွေနဲ့ ယှဉ်ရင် နှလုံးဆေး ထုတ်လုပ်မှုတွေက ပိုများတာကိုလည်းတွေ့ရပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လူဦးရေ ရဲ့ သုံးပုံတစ်ပုံဟာ နှလုံးရောဂါကြောင့် သေဆုံးနေကြတာပါ။ဒါကြောင့် ဆေးအသစ်ထွက်တိုင်းထွက်တိုင်းဆေးတွေကို သေချာလေ့လာပြီးမှ ဝယ်ယူသောက်သုံးသင့်ပါတယ်လို့လည်း အကြံဥာဏ်လေးတစ်ခု ပါးလိုက်ခြင်း ပါတယ်။


source:lwinpyin

Read:ကျောကုန်း က ဝက်ခြံတွေကို ဖယ်ရှားပေးမယ့် နည်း (၂) နည်း

ကျောကုန်း က ဝက်ခြံတွေကို ဖယ်ရှားပေးမယ့် နည်း (၂) နည်း

Read times Last modified on Tuesday, 12 June 2018 13:40
Rate this item
(1 Vote)