What's New




Sunday, 26 November 2023 14:53

တရုတ်နိုင်ငံတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ရရှိသူများ တိုးလာ

တရုတ်နိုင်ငံတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ရရှိသူများ တိုးလာ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

တရုတ်နိုင်ငံ မြောက်ပိုင်းတွင် အထူးသဖြင့် ကလေးများတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရရှိသူများ တိုးပွားလာနေသည်။

 

သို့သော်လည်း တရုတ်ကျန်းမာရေး အာဏာပိုင်များက ကူးစက်မှု မြင့်တက်လာမှုသည် သိထားပြီးဖြစ်သည့် ဗိုင်းရပ်စ်များ ရောနှောပါဝင်နေခြင်းသာဖြစ်ပြီး တရုတ်နိုင်ငံ၏  အအေးမိသည့်ရာသီ စတငမခြင်းနှင့် ဆက်စပ်နေသည်ဟု ဆိုသည်။

 

အခြေအနေ အပြည့်အစုံကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း၊  ဗိုင်းရပ်စ်အသစ်ကြောင့် ဖြစ်ပွားရခြင်း ဖြစ်နိုင်ခြေ အနည်းငယ်သာရှိသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

နိုဝင်ဘာလ ၂၀ ရက်တွင်  တရုတ်အမျိုးသားကျန်းမာရေး ကော်မရှင်မှ အစီရင်ခံ တင်ပြသည်မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုများမြင့်တက်နေပြီး အများစုမှာ ကလေးငယ်များ ဖြစ်သည်။

 

အအေးမိရာသီ ရောက်လာပြီး တုပ်ကွေး၊ အဆုပ်ရောင်ရောဂါ ဖြစ်ပွားစေသည့် ကပ်ပါးရောဂါပိုး mycoplasma pneumonia ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ် ရောဂါပိုး respiratory syncytial virus (RSV) အစရှိသည့် သိထားပြီးသား  ရောဂါပိုးများ ပျံ့နှံ့ခြင်းကြောင့် ရောဂါဖြစ်ပွားမှု များပြားနေခြင်း ဖြစ်သည်ဟု တရုတ်အာဏာပိုင်များက ပြောကြားသည်။ 

 

နိုဝင်ဘာလ ၂၀ ရက်တွင် လူထု ရောဂါကူးစက်မှု စောင့်ကြည့်ရေးစနစ် ProMED က အစီရင်ခံသည်မှာ အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုကြောင့် အချို့သော တရုတ်ဆေးရုံများတွင် “ဖျားနာသော ကလေးများ” ပြည့်လျှံနေသည်။ 

ယခု ကူစစက်ဖြစ်ပွားမှုများသည် ဘေဂျင်းမြို့တော်တွင် အဓိကဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ထို့ပြင် အရှေ့မြောက်ပိုင်း Liaoning ပြည်နယ်နှင့် တရုတ်နိုင်ငံရှိ အခြားဒေသများတွင်လည်း ပါဝင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရောဂါလက္ခဏာများတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်းမရှိဘဲ အဆုတ်ရောင်ခြင်းနှင့် အဆုတ်အဖုအကြိတ်များ ပါဝင်သည်။

သေဆုံးမှု မရှိသေးပါ။

ပဋိဇီဝဆေးများဖြင့် အလွယ်တကူ ကုသနိုင်သော ကလေးများတွင် ကပ်ပါးပိုးကြောင့် ဖြစ်ရသော အဆုပ်ရောင်ရောဂါ mycoplasma pneumonia  အဖြစ်များ‌သည်။

 

နိုဝင်ဘာလ ၂၂ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization WHO ကသတင်းအချက်အလက်များ ပိုမိုအသိပေးရန် တရုတ်အာဏာပိုင်များထံ တောင်းဆိုခဲ့သည်။

 

နိုဝင်ဘာလ ၂၃ ရက်တွင် ပုံမှန်မဟုတ်သော သို့မဟုတ် ဆန်းသစ်သော ရောဂါပိုးများကို မတွေ့ရသေးပါဟု တရုတ်အာဏာပိုင်တို့က အကြောင်းပြန်ကြားခဲ့သည်ဟု WHO က ကြေညာချက် ထုတ်ပြန်သည်။

 

အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ကူးစက်ခံရခြင်းကို ရှောင်ရှားရန် ပုံမှန် ဆောင်ရန် ရှောင်ရန် စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်သင့်ပါသည်ဟု WHO မှ အကြံပြုထားပါသည်။

၎င်းအချက်များတွင်

• ကာကွယ်ဆေး ထိုးနှံခြင်း

• ရောဂါလက္ခဏ ပေါ်ထွက်လာသည့်အခါ သီးခြား ခွဲပြီး နေထိုင်ခြင်း

• ဆေးးစစ်ခြင်း

• မတ်စ်တပ်ခြင်း

တို့ ပါဝင်ပါသည်။

 

လက်ရှိ သိထားသမျှ သတင်းအချက်အလက်များအပေါ်အခြေခံ၍ WHO က တရုတ်နိုင်ငံနှင့်ပတ်သက်သည့် ခရီးသွားကန့်သတ်ချက်များ မလိုအပ်ကြောင်း ပြောကြားသည်။

Source AFP

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Sunday, 26 November 2023 23:33
Rate this item
(0 votes)