What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 06 August 2018 10:05

ဆီးချိုရောဂါသည်များ ဆေးမသောက်ပါက ခြေလက်ဖြတ်ရခြင်း၊ မျက်စိကွယ်ခြင်းနှင့် သေဆုံးခြင်းတို့ ကြုံတွေ့နိုင်

ဆီးချိုရောဂါသည်များ ဆေးမသောက်ပါက ခြေလက်ဖြတ်ရခြင်း၊ မျက်စိကွယ်ခြင်းနှင့် သေဆုံးခြင်းတို့ ကြုံတွေ့နိုင် Google.com

အမျိုးအစား-၂ ဆီးချိုရောဂါသည် ၃၁၈,၀၀၀ ၏ ဆေးမှတ်တမ်း များကို အခြေခံ၍ လေ့လာရာတွင် ဆေးမသောက်ဘဲနေသော ရောဂါသည်များသည်

ခြေလက်ဖြတ်တောက်ရခြင်း၊ မျက်စိကွယ်ခြင်းနှင့် အသက်သေဆုံးနိုင်သည့် အန္တရာယ်ရှိကြောင်း လေ့လာတွေ့ရှိသည်။

အမျိုးအစား-၂ ဆီးချိုရောဂါသည်များ၏ ၃၇ ဒသမ ၈ ရာခိုင် နှုန်းသည် ဆေးမသောက်ဘဲနေပြီး တစ်ရက်စီအတွက် သတ်မှတ်ထားသော ဆေးကို သောက်ရန် မည်သည့်ဆေးကို သောက်ရမှန်းမသိ ဖြစ်နေကြောင်း သုတေသီများကပြောသည်။

အမျိုးအစား-၂ ဆီးချိုရောဂါသည် အန္တရာယ်မရှိဟု မကြာ ခဏ ထင်မှတ်နေကြသော်လည်း ယင်းရောဂါသည် ငုပ်လျှိုးနေ သော လူသတ်ကောင်ရောဂါဖြစ်ကြောင်း ပညာရှင်များက သတိ ပေးထားသည်။

ဆီးချိုရောဂါသည်များ ဆေးဝါးသောက်သုံးရန် ပျက်ကွက်မှု ကြောင့် ဆိုးရွားသော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

ဆေးကုသမှုမခံယူသော ဆီးချိုရောဂါသည်များသည် မျက်စိ ကွယ်ခြင်း ကျောက်ကပ်ရောဂါဖြစ်ခြင်း၊ ခြေနှင့်လက်တို့ ဖြတ် တောက်ပစ်ရခြင်းတို့ ကြုံတွေ့နိုင်သည့်အန္တရာယ်ရှိသည်။

သွေးထဲတွင်ပါဝင်သော သကြားဓာတ်ပမာဏကို ခန္ဓာကိုယ် က မထိန်းချုပ်နိုင်ဖြစ်သော အခြေအနေကို အမျိုးအစား-၂ ဆီးချို ရောဂါဟုခေါ်သည်။

ထို့အပြင် သွေးထဲရှိ သကြားဓာတ်ပမာဏ ပုံမှန်မလုပ်သော် လည်း ဆီးချိုရောဂါဖြစ်ရလောက်အောင် မမြင့်မားသေးသော အခြေအနေကို ဆီးချိုရောဂါအကြိုလက္ခဏာအဖြစ် သတ်မှတ်သည်။

အမျိုးအစား-၂ ဆီးချိုရောဂါသည်များ၏ သရက်ရွက်မှအင်ဆူလင်ဟုခေါ်သော ဟော်မုန်းကို ထုတ်လုပ်သော်လည်း ဆဲလ်များ အသုံးပြုသင့်သလောက် မသုံးနိုင်သောကြောင့် သွေးထဲ တွင် သကြားဓာတ် ပိုများလာရသည်။

source:7daydaily

Read:အိမ်သုတ်ဆေးများ၏ ၇၃ ရာခိုင်နှုန်းကျော်တွင် ခဲဓာတ်ပါဝင်မှု လွန်ကဲနေ

အိမ်သုတ်ဆေးများ၏ ၇၃ ရာခိုင်နှုန်းကျော်တွင် ခဲဓာတ်ပါဝင်မှု လွန်ကဲနေ

Read times Last modified on Monday, 06 August 2018 10:16
Rate this item
(2 votes)