What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 29 January 2018 17:58

ကပ္ပယ္အေၾကာင္း က်န္းမာေရး ဗဟုသုတ

ကပ္ပယ္အေၾကာင္း က်န္းမာေရး ဗဟုသုတ google.com

ေဝွးေစ့ကို (ေဂြး (သို႕) ေဘာ) လို႕ေခၚၾကၿပီး လိင္တံရဲ႕ အရင္း ေအာက္မွာတြဲလဲေလးျဖစ္ေနတဲ့ ဘဲဥပံုသ႑ာန္ရွိ ကိုယ္တြင္း အဂၤါအစိတ္အပိုင္းျဖစ္တယ္ဆုိတာ ေျပာျပဖုိ႔ လုိမယ္ မထင္ပါဘူး။

ဒီေတာ့ တျခား သိသင့္သိထုိက္တာေတြကုိပဲ တင္ျပသြားပါမယ္။

ေဝွးေစ့ရဲ႕အဓိကအလုပ္လုပ္ပံုကေတာ့ သုတ္ပိုး နွင့္ testosterone ေဟာ္မုန္းထုတ္လုပ္ေပးတဲ့ အဂၤါတခုပါ။ testosterone ေဟာ္မုန္းဟာ အဖုိေဟာ္မုန္းတစ္ခုျဖစ္ၿပီး လူပ်ိဳေဖာ္ဝင္ခ်ိန္ေျပာင္းလဲမႈမ်ားအတြက္ အဓိကက် ေသာ ေဟာ္မုန္းတခုျဖစ္ပါတယ္။

လူပ်ိဳေဖာ္ဝင္ခ်ိန္ေျပာင္းလဲမႈဆိုတာ သင္ရဲ႕ခႏၶာကိုယ္လူပ်ိဳေပါက္အရြယ္သို႕ စတင္ေျပာင္းလဲလာတဲ့ အခ်ိန္ ျဖစ္ပါတယ္။

လူပ်ိဳေဖာ္ဝင္ကာစေျပာင္းလဲၿပီးေနာက္ ေဝွးေစ့က တစ္ရက္ကို သုတ္ပိုးသန္းေပါင္းမ်ားစြာ ထုတ္လုပ္ပါတယ္။ ၎သုတ္ပိုးမ်ားစြာတုိ႔ဟာ သုတ္ရည္အျဖဴနွင့္ေပါင္းစပ္ၿပီး အတူရွိေနတာပါ။ သုတ္ရည္ကေတာ့ လိင္ဆက္ဆံတဲ့အခါ လိင္တံကေနတစ္ဆင့္ သုတ္ပိုးေတြကိုျဖန္႕ခ်ိေပးမယ့္ အရည္တစ္မ်ိဳးပါ။

အသက္ ၁၁ႏွစ္ နဲ႕ ၁၇ႏွစ္ ၾကားမွစၿပီးသုတ္ရည္ဟာ သင္နဲ႕ လိင္ဆက္ဆံတဲ့အေဖာ္ကို ကိုယ္ဝန္ရေအာင္စြမ္း ေဆာင္နုိင္ပါတယ္။

ဘယ္အခ်ိန္မွာ ေဝွးေစ့စတင္ႀကီးထြားပါလဲ။

သင္ရဲ႕ ေဝွးေစ့ဟာ လူပ်ိဳေဖာ္မဝင္ခင္အေစာပိုင္း အသက္ ၁၀ႏွစ္ကေန ၁၃ႏွစ္ၾကားမွာ စတင္ႀကီးထြားပါတယ္။ ေဝွးေစ့ႀကီးလာသကဲ့သို႕ ကပ္ပယ္အိတ္ပတ္လည္ရွိအေရျပားဟာလည္း တြဲလာၿပီး အေမႊးအမွ်င္ေတြလည္း ဖံြ႕ၿဖိဳးမႈစတင္ပါတယ္။

ဘယ္ေလာက္အထိ ႀကီးနုိင္ပါသလဲ။

ပ်မ္းမွ်အားျဖင့္ ေဝွးေစ့ အရွည္ ၂လက္မမွ ၃လက္မ၊ အနံ ၁ လက္မေလာက္ႀကီးနိုင္ပါတယ္။

ေဝွးေစ့နွစ္လံုးဟာ အရြယ္အစားမတူဘူးဆိုတာ မွန္ပါသလား။

မွန္ပါတယ္။ ေယာက်ာ္းေလးတုိင္းမွာ အနည္းငယ္အရြယ္အစားကြဲျပားေနတဲ့ ေဝွးေစ့ကိုယ္စီရွိၾကပါတယ္။ အမ်ားအားျဖင့္ လက္ယာဘက္အလံုးက လက္ဝဲဘက္ထက္ ပိုႀကီးေနပါတယ္။

ေအးလာရင္ ဘာလို႕ေဝွးေစ့က်ံဳ႕သြားရတာလဲ။

ေဝွးေစ့က သုတ္ပိုးေတြကို ထုတ္လုပ္ဖို႕အတြက္ ေဝွးေစ့ရဲ႕ ဆီေလ်ာ္တဲ့ အပူခ်ိန္မွာ သိုမွီးထားဖုိ႔ လုိပါတယ္။ အဲဒီလုိ ဆီေလ်ာ္တဲ့အပူခ်ိန္မွာ သိုထားတာ ေသခ်ာေစဖုိ႔ ကပ္ပယ္အိတ္က အရြယ္အစား ေျပာင္းလဲပစ္ပါလိမ့္မယ္။ အဲဒီလုိ လုပ္ေပးဖုိ႔ ခင္ဗ်ားက လုပ္ေပးဖုိ႔ မလုိပါဘူး။ ေအးလာတဲ့အခါ သင့္ကုိယ္ခႏၶာက ကပ္ပယ္အိတ္ကို လွမ္းၫႊန္ၾကားလုိက္ၿပီး ကပ္ပယ္အိတ္က်ံဳသြားတာပါ။

ဘာေၾကာင့္ေဝွးေစ့ေအာက္ကို တြဲက်ေနရတာလဲ။

ေအးလာတဲ့အခါျဖစ္ျဖစ္၊ ပူလာတဲ့အခါျဖစ္ျဖစ္ သင္ရဲ႕ခႏၶာကိုယ္က ကပ္ပယ္အိတ္ကို ညြန္ၾကားသကဲ့သို႕ ေအးတဲ့အခါမွာ က်ံဳ႕ၿပီး၊ ပူတဲ့အခါမွာေတာ့ ေအာက္သို႕တြဲက်ေနျခင္းျဖစ္ပါတယ္။အပူခ်ိန္ပုိျပင္းလာေလ ေအာက္သို႕ပို၍တြဲက်လာေလ ျဖစ္ပါ တယ္။

ဘာလို႕ ေဝွးေစ့နာက်င္ျခင္း (သို႕) ေရာင္ရမ္းျခင္းျဖစ္တာလဲ။

ေဝွးေစ့နာက်င္ျခင္း(သို႕) ေရာင္ရမ္းျခင္းျဖစ္ေစေသာအေၾကာင္းရင္းအမ်ိဳးမ်ိဳးရွိပါတယ္။

(၁) ေဝွးေစ့တဝိုက္မွာ hydrocele အရည္မ်ား စုေဆာင္းမိသည့္အခ်ိန္၊

(၂)လိင္မွတစ္ဆင့္ ကူးစက္တတ္ေသာဗိုင္းရပ္စ္ (STD) ေရာဂါကူးစက္ခံရျခင္း၊

(၃)ေဝွးေစ့ကို ထိခိုက္မိျခင္း၊

(၄)ေဝွးေစ့ကင္ဆာ၊

(၅) testicular torsion

သင္မွာ testicular torsion ရွိတယ္ထင္ေနရင္ ေဆးဘက္ဆုိင္္ရာ အေရးေပၚအေျခအေနျဖစ္တဲ့အတြက္ ခ်က္ခ်င္းဆရာဝန္နဲ႕ ျပသင့္ပါတယ္။

သင္၏ေဝွးေစ့ (သို႕) ေဝွးေစ့တစ္ဝိုက္မွာ နာက်င္မႈတခုခု၊ ေရာင္ရမ္းျခင္းတခုခုျဖစ္ၿပီလို သတိထားမိပါက ဆရာ၀န္ကုိ တတ္နိုင္သမွ်အျမန္ဆံုးေျပာျပသင့္ပါတယ္။ ေဝွးေစ့နဲ႕ပတ္သတ္တဲ့ ျပႆနာအမ်ားအျပားဟာ နာက်င္ျခင္း၊ ေရာင္ရမ္းျခင္းတုိ႔နဲ႔ ဆက္စပ္လ်က္ရွိပါတယ္။ ဒါကိုလ်စ္လ်ဴရႈထားလွ်င္ ပိုဆိုးရြားသြားေစပါတယ္။

မိမိကိုယ္တိုင္ ေဝွးေစ့ကင္ဆာရနုိင္ပါသလား။

တစ္ဦးႏွင့္တစ္ဦး ဆဲလ္ဖြဲ႕စည္းပံုခ်င္းမတူတဲ့အတြက္ အက်ိတ္ေတြမ်ားလာသည့္အခါ ေဝွးေစ့ကင္ဆာျဖစ္နုိင္ ပါတယ္။ ေဝွးေစ့ကင္ဆာရဲ႕ လကၡဏာတစ္ခုက ေဝွးေစ့နာက်င္ျခင္း မရွိဘဲ အျခားေသာလကၡဏာတစ္ခုခု ျပတတ္ပါတယ္။

(၁) နာက်င္မႈမရွိဘဲ ေရာင္ရမ္းျခင္း၊

(၂) မိုးေအးလာသည္နွင့္ ဆီးစပ္နား၊ ေပါင္ျခံနားတြင္ ျပင္းထန္စြာနာက်င္ကိုက္ခဲခံစားရျခင္း၊

သင္၏ေဝွးေစ့ကို လစဥ္စစ္ေဆးၾကည္သင့္ပါတယ္။ သင္ရဲ႕ လက္မနဲ႔ လက္ညိဳးျဖင့္ ညင္သာစြာ ပြတ္ၾကည္ေပးပါ။ ေခ်ာမြတ္ေနျခင္းမရွိဘဲ အက်ိတ္တစ္ခုခုေတြ႕ပါက ဆရာဝန္နွင့္ အျမန္ဆံုးျပသသင့္ပါတယ္။

ကပ္ပယ္အိတ္သာမက၊ အျခားအစိတ္အပိုင္းတစ္ခုျဖစ္တဲ့ လိင္တံကိုလည္း စစ္ေဆးသင့္ပါတယ္။ လိင္တံ ယခင္ကထက္ ေရာင္ရမ္းလာျခင္း၊ တစ္ခုခုမူမမွန္ဘူးလိ႔ု ခံစားရပါက ဆရာဝန္နွင့္ အျမန္ဆံုးျပသသင့္ပါတယ္။

Source: WebMD

 

Unicode


ဝှေးစေ့ကို (ဂွေး (သို့) ဘော) လို့ခေါ်ကြပြီး လိင်တံရဲ့ အရင်း အောက်မှာတွဲလဲလေးဖြစ်နေတဲ့ ဘဲဥပုံသဏ္ဍာန်ရှိ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းဖြစ်တယ်ဆိုတာ ပြောပြဖို့ လိုမယ် မထင်ပါဘူး။ ဒီတော့ တခြား သိသင့်သိထိုက်တာတွေကိုပဲ တင်ပြသွားပါမယ်။
ဝှေးစေ့ရဲ့အဓိကအလုပ်လုပ်ပုံကတော့ သုတ်ပိုး နှင့် testosterone ဟော်မုန်းထုတ်လုပ်ပေးတဲ့ အင်္ဂါတခုပါ။ testosterone ဟော်မုန်းဟာ အဖိုဟော်မုန်းတစ်ခုဖြစ်ပြီး လူပျိုဖော်ဝင်ချိန်ပြောင်းလဲမှုများအတွက် အဓိကကျ သော ဟော်မုန်းတခုဖြစ်ပါတယ်။
လူပျိုဖော်ဝင်ချိန်ပြောင်းလဲမှုဆိုတာ သင်ရဲ့ခန္ဓာကိုယ်လူပျိုပေါက်အရွယ်သို့ စတင်ပြောင်းလဲလာတဲ့ အချိန် ဖြစ်ပါတယ်။
လူပျိုဖော်ဝင်ကာစပြောင်းလဲပြီးနောက် ဝှေးစေ့က တစ်ရက်ကို သုတ်ပိုးသန်းပေါင်းများစွာ ထုတ်လုပ်ပါတယ်။ ၎င်းသုတ်ပိုးများစွာတို့ဟာ သုတ်ရည်အဖြူနှင့်ပေါင်းစပ်ပြီး အတူရှိနေတာပါ။ သုတ်ရည်ကတော့ လိင်ဆက်ဆံတဲ့အခါ လိင်တံကနေတစ်ဆင့် သုတ်ပိုးတွေကိုဖြန့်ချိပေးမယ့် အရည်တစ်မျိုးပါ။
အသက် ၁၁နှစ် နဲ့ ၁၇နှစ် ကြားမှစပြီးသုတ်ရည်ဟာ သင်နဲ့ လိင်ဆက်ဆံတဲ့အဖော်ကို ကိုယ်ဝန်ရအောင်စွမ်း ဆောင်နိုင်ပါတယ်။
ဘယ်အချိန်မှာ ဝှေးစေ့စတင်ကြီးထွားပါလဲ။
သင်ရဲ့ ဝှေးစေ့ဟာ လူပျိုဖော်မဝင်ခင်အစောပိုင်း အသက် ၁၀နှစ်ကနေ ၁၃နှစ်ကြားမှာ စတင်ကြီးထွားပါတယ်။ ဝှေးစေ့ကြီးလာသကဲ့သို့ ကပ်ပယ်အိတ်ပတ်လည်ရှိအရေပြားဟာလည်း တွဲလာပြီး အမွှေးအမျှင်တွေလည်း ဖွံ့ဖြိုးမှုစတင်ပါတယ်။
ဘယ်လောက်အထိ ကြီးနိုင်ပါသလဲ။
ပျမ်းမျှအားဖြင့် ဝှေးစေ့ အရှည် ၂လက်မမှ ၃လက်မ၊ အနံ ၁ လက်မလောက်ကြီးနိုင်ပါတယ်။
ဝှေးစေ့နှစ်လုံးဟာ အရွယ်အစားမတူဘူးဆိုတာ မှန်ပါသလား။
မှန်ပါတယ်။ ယောကျာ်းလေးတိုင်းမှာ အနည်းငယ်အရွယ်အစားကွဲပြားနေတဲ့ ဝှေးစေ့ကိုယ်စီရှိကြပါတယ်။ အများအားဖြင့် လက်ယာဘက်အလုံးက လက်ဝဲဘက်ထက် ပိုကြီးနေပါတယ်။
အေးလာရင် ဘာလို့ဝှေးစေ့ကျုံ့သွားရတာလဲ။
ဝှေးစေ့က သုတ်ပိုးတွေကို ထုတ်လုပ်ဖို့အတွက် ဝှေးစေ့ရဲ့ ဆီလျော်တဲ့ အပူချိန်မှာ သိုမှီးထားဖို့ လိုပါတယ်။ အဲဒီလို ဆီလျော်တဲ့အပူချိန်မှာ သိုထားတာ သေချာစေဖို့ ကပ်ပယ်အိတ်က အရွယ်အစား ပြောင်းလဲပစ်ပါလိမ့်မယ်။ အဲဒီလို လုပ်ပေးဖို့ ခင်ဗျားက လုပ်ပေးဖို့ မလိုပါဘူး။ အေးလာတဲ့အခါ သင့်ကိုယ်ခန္ဓာက ကပ်ပယ်အိတ်ကို လှမ်းညွှန်ကြားလိုက်ပြီး ကပ်ပယ်အိတ်ကျံုသွားတာပါ။
ဘာကြောင့်ဝှေးစေ့အောက်ကို တွဲကျနေရတာလဲ။
အေးလာတဲ့အခါဖြစ်ဖြစ်၊ ပူလာတဲ့အခါဖြစ်ဖြစ် သင်ရဲ့ခန္ဓာကိုယ်က ကပ်ပယ်အိတ်ကို ညွန်ကြားသကဲ့သို့ အေးတဲ့အခါမှာ ကျံု့ပြီး၊ ပူတဲ့အခါမှာတော့ အောက်သို့တွဲကျနေခြင်းဖြစ်ပါတယ်။အပူချိန်ပိုပြင်းလာလေ အောက်သို့ပို၍တွဲကျလာလေ ဖြစ်ပါ တယ်။
ဘာလို့ ဝှေးစေ့နာကျင်ခြင်း (သို့) ရောင်ရမ်းခြင်းဖြစ်တာလဲ။
ဝှေးစေ့နာကျင်ခြင်း(သို့) ရောင်ရမ်းခြင်းဖြစ်စေသောအကြောင်းရင်းအမျိုးမျိုးရှိပါတယ်။
(၁) ဝှေးစေ့တဝိုက်မှာ hydrocele အရည်များ စုဆောင်းမိသည့်အချိန်၊
(၂)လိင်မှတစ်ဆင့် ကူးစက်တတ်သောဗိုင်းရပ်စ် (STD) ရောဂါကူးစက်ခံရခြင်း၊
(၃)ဝှေးစေ့ကို ထိခိုက်မိခြင်း၊
(၄)ဝှေးစေ့ကင်ဆာ၊
(၅) testicular torsion
သင်မှာ testicular torsion ရှိတယ်ထင်နေရင် ဆေးဘက်ဆိုင််ရာ အရေးပေါ်အခြေအနေဖြစ်တဲ့အတွက် ချက်ချင်းဆရာဝန်နဲ့ ပြသင့်ပါတယ်။
သင်၏ဝှေးစေ့ (သို့) ဝှေးစေ့တစ်ဝိုက်မှာ နာကျင်မှုတခုခု၊ ရောင်ရမ်းခြင်းတခုခုဖြစ်ပြီလို သတိထားမိပါက ဆရာဝန်ကို တတ်နိုင်သမျှအမြန်ဆုံးပြောပြသင့်ပါတယ်။ ဝှေးစေ့နဲ့ပတ်သတ်တဲ့ ပြဿနာအများအပြားဟာ နာကျင်ခြင်း၊ ရောင်ရမ်းခြင်းတို့နဲ့ ဆက်စပ်လျက်ရှိပါတယ်။ ဒါကိုလျစ်လျူရှုထားလျှင် ပိုဆိုးရွားသွားစေပါတယ်။
မိမိကိုယ်တိုင် ဝှေးစေ့ကင်ဆာရနိုင်ပါသလား။
တစ်ဦးနှင့်တစ်ဦး ဆဲလ်ဖွဲ့စည်းပုံချင်းမတူတဲ့အတွက် အကျိတ်တွေများလာသည့်အခါ ဝှေးစေ့ကင်ဆာဖြစ်နိုင် ပါတယ်။ ဝှေးစေ့ကင်ဆာရဲ့ လက္ခဏာတစ်ခုက ဝှေးစေ့နာကျင်ခြင်း မရှိဘဲ အခြားသောလက္ခဏာတစ်ခုခု ပြတတ်ပါတယ်။
(၁) နာကျင်မှုမရှိဘဲ ရောင်ရမ်းခြင်း၊
(၂) မိုးအေးလာသည်နှင့် ဆီးစပ်နား၊ ပေါင်ခြံနားတွင် ပြင်းထန်စွာနာကျင်ကိုက်ခဲခံစားရခြင်း၊
သင်၏ဝှေးစေ့ကို လစဉ်စစ်ဆေးကြည်သင့်ပါတယ်။ သင်ရဲ့ လက်မနဲ့ လက်ညိုးဖြင့် ညင်သာစွာ ပွတ်ကြည်ပေးပါ။ ချောမွတ်နေခြင်းမရှိဘဲ အကျိတ်တစ်ခုခုတွေ့ပါက ဆရာဝန်နှင့် အမြန်ဆုံးပြသသင့်ပါတယ်။
ကပ်ပယ်အိတ်သာမက၊ အခြားအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ လိင်တံကိုလည်း စစ်ဆေးသင့်ပါတယ်။ လိင်တံ ယခင်ကထက် ရောင်ရမ်းလာခြင်း၊ တစ်ခုခုမူမမှန်ဘူးလို့ ခံစားရပါက ဆရာဝန်နှင့် အမြန်ဆုံးပြသသင့်ပါတယ်။

Read times Last modified on Monday, 29 January 2018 18:09
Rate this item
(1 Vote)