What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 17 May 2018 15:42

ခန္ဓာကိုယ်မှာ ရောဂါမဝင်နိုင်အောင် ဘယ်လိုတားဆီးကြမလဲ။

ခန္ဓာကိုယ်မှာ ရောဂါမဝင်နိုင်အောင် ဘယ်လိုတားဆီးကြမလဲ။ google.com

အိမ်တစ်အိမ်ကို လုံခြုံဖို့အတွက် ခြံစည်းရိုးတွေ၊ တံခါးတွေနဲ့သေချာကာရံကြတယ်မဟုတ်လား။ အဲ့လိုပဲဗျ။

ကျွန်တော်တို့ခန္ဓာကိုယ်မှာလည်း ပြင်ပက ရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် “ကိုယ်ခံအား”ဆိုတဲ့ တံတိုင်းကြီး မကာထားနိုင်ရင် ရောဂါပိုးတွေက အလွယ်တကူဝင်ရောက်လာနိုင်ပါတယ်။ ကိုယ်ခံအားက ပြင်ပမှ ဗိုင်းရပ်စ်တွေ၊ ကပ်ပါးကောင်တွေ၊ အဆိပ်အတောက်တွေ၊ ခန္ဓာကိုယ်ကခုခံတိုက်ဖျက်ပေးတဲ့ အဓိက ခံတပ်ကြီးပေါ့။

ကိုယ်ခံအားစနစ်ကောင်းနေရင် သာမာန် အအေးမိခြင်း၊ ဖျားနာခြင်း၊ တို့ကိုပဲကာကွယ်ပေးနိုင်တာ မဟုတ်ပါဘူး၊ အသည်း၊ အဆုတ်၊ ကျောက်ကပ် စတဲ့ ရောဂါအန္တရာယ်တွေတောင်မှ ကာကွယ်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာမျက်စိနဲ့ မြင်ရတဲ့ပိုးမွှားတွေ၊ မျက်စိနဲ့ မမြင်ရတဲ့ ပိုးမွှားတွေ၊ အများကြီးရှိနေပါတယ်။ ကိုယ်ခံအားကောင်းနေတဲ့သူတစ်ယောက်ကို ဘယ်ရောဂါဆိုးမှ မစီးဝင်နိုင်ပါဘူး။

အခြားသူများထက်မိမိက အကြာခဏ ဖျားနေမယ်၊ အအေးမိနှာစေး၊ ချောင်းဆိုးခြင်း၊ ချောင်းဆိုးချိန်ကြာမြင့် ခြင်း၊ လည်ချောင်းနာကျင်ခြင်းတို့နဲ့ ကြုံနေရပါက ကိုယ်ခံအားမကောင်းတော့တာ သေချာနေပါပြီ။ ရာသီဥတုလေးပြောင်းပြီဆိုတာနဲ့ ဖျားနာပြီဆိုရင်တော့  မိမိကိုယ်ကိုသိသင့်နေပါပြီ၊ သာမာန်ကိုယ်တွင်း အပူချိန်က ကိုယ်ခံအားစနစ်ကို ကူညီပေးပြီး ၃၆.၃ ဒီဂရီထက် မလျော့သင့်ပါဘူး။ ခန္ဓာကိုယ်အပူချိန်ပုံမှန်ရ စေရန် လေ့ကျင့်ခန်းတွေလုပ်ပေးခြင်းက အကောင်းဆုံးနည်းလမ်းပေါ့။ ချင်းစိမ်း၊ ကြက်သွန်ဖြူ၊ သစ်ကြံပိုးခေါက် နှင့် လေးညှင်းတို့ကဲ့သို့ ခန္ဓာကိုယ်အတွက် အနွေးဓာတ်ရတဲ့ အစားအစာတွေ စားပေးသင့်ပါတယ်။

လူတစ်ယောက်ရဲ့ ကိုယ်ခံအား ၈၀ ရာခိုင်နှုန်းက အူလမ်းကြောင်းပေါ်မူတည်နေပါတယ်။ ဝမ်းချုပ်ခြင်း၊ အစာမကြေခြင်း၊ အက်စစ်ဓာတ်များခြင်း စတဲ့လက္ခဏာများသည် အူလမ်းကြောင်းကျန်းမာရေးညံ့နေပြီဆိုတဲ့ လက္ခဏာတွေပါ။ နေ့စဉ်စားသောက်တဲ့ အစားအစာများတွင် ကျန်းမာရေးကို အထောက်အကူပြုသော အစားအစာများပါဝင်သင့်ပါတယ်။

ဗီတာမင်ဒီကလည်း ကိုယ်ခံအားစနစ်အတွက် အရေးပါပါတယ်။ မနက်ခင်းနေရောင်ခြည်မှ ဗီတာမင်ဒီ ရရှိနိုင်ပြီး ဗီ-ဒီမချို့တဲ့အောင်နေခြင်းက ကိုယ်ခံအားစနစ်ကို ကာကွယ်ပေးပါတယ်။ သကြား၊ ဆား၊ ဖန်တီးစီမံထားသော အစားအစာများ၊ အသင့်စားအစားအစာများ လွန်ကဲစွာစားသုံးခြင်းကလည်း ကိုယ်ခံအားစနစ်ကို အားနည်းစေတဲ့ အဓိကအကြောင်းရင်းတွေပါ။

Source: 7daily news

Read: အိပ်ချိန်မလုံလောက်တဲ့သူတွေ ခံစားရမည့် နောက်တစ်နေ့ရဲ့ ပြဿနာ(၄) ချက်

အိပ်ချိန်မလုံလောက်တဲ့သူတွေ ခံစားရမည့် နောက်တစ်နေ့ရဲ့ ပြဿနာ(၄) ချက်

Read times Last modified on Thursday, 17 May 2018 16:53
Rate this item
(0 votes)