What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 19 February 2018 12:02

ငွက္ဖ်ားေရာဂါ ကာကြယ္ျခင္း

ငွက္ဖ်ားေရာဂါ ကာကြယ္ျခင္း google.com

အေရွ႕ေတာင္အာရွႏိုင္ငံမ်ား ထဲမွ ျမန္မာႏိုင္ငံတြင္ ဗီတာမင္ (B1) ခ်ိဳ႕တဲ့မႈေၾကာင့္ျဖစ္ေသာ ဘယ္ရီဘယ္ရီေရာဂါကဲ့သို႔

ငွက္ဖ်ားေရာဂါသည္လည္း (B1) ခ်ိဳ႕တဲ့မႈနွင့္ ဆက္ႏြယ္ေနတာကို ေလ့လာေတြ႕ရွိရပါတယ္။

ဘီဝမ္း( B1 )သည္ ဗီတာမင္အုပ္စုဝင္တစ္မ်ိဳးျဖစ္ၿပီး အမည္ရင္းမွာ ( Thiamine )ျဖစ္ၿပီး အသီးအနွံမ်ားမွ အမ်ားဆံုးရရွိပါတယ္။ ဂ်ံဳ၊ ေျပာင္း၊ ဆန္ စသည့္တို႕၏ အေပၚယံအလႊာတြင္ အဓိကပါရွိၿပီး စပါးပင္၏ အခြံ(စပါးခြံ) တြင္ဘီဝမ္း အမ်ားဆံုး ပါရွိပါတယ္။ ဗီတာမင္ ဘီဝမ္းက ခႏၶာကိုယ္တြင္ မရွိမျဖစ္လိုအပ္ေသာ ဇီဝဓာတ္ကူပစၥည္းျဖစ္ပါတယ္။

ဘီဝမ္းခ်ိဳ႕တဲ့မႈေၾကာင့္ျဖစ္ေသာ ေရာဂါ ဘယ္ရီဘယ္ရီေရာဂါသည္ အာရံုေၾကာမ်ားေရာင္ရမ္းျခင္း၊ အားနည္းျခင္း၊ ေျခလက္မ်ားထံုက်ဥ္ျခင္း၊ တခ်ိဳ႕လူနာမ်ားတြင္ ပိုးေကာင္မ်ားတတ္သလို ရြစိ၊ ရြစိနဲ႕ ခံစားရသည္ဟု ေျပာပါတယ္။ႏွလံုးေရာဂါလည္း ျဖစ္နုိင္ၿပီး ဘီဝမ္းခ်ိဳ႕တဲ့မႈ ဆိုးရြားလာပါက ဦးေနွာက္၏ လုပ္ငန္းမ်ား ပ်က္စီး၍ ရႈးသြပ္သည္အထိ ျဖစ္နုိင္ပါတယ္။ ကေလးမ်ားတြင္လည္း ဘီဝမ္းခ်ိဳ႕တဲ့မႈေၾကာင့္ ႏွလံုးေရာဂါျဖင့္ ေသဆံုးမႈမ်ား ႀကံဳေတြ႕ၾကရပါတယ္။

ငွက္ဖ်ားေရာဂါသည္ ပရိုတိုဇြ (Protozoa) မ်ိဳးႏြယ္ဝင္ Plas-modium ပိုးေၾကာင့္ ျဖစ္ရတာပါ။ ၎ပိုးကိုပဲ Malarias, jalciparum, Vivix & Ovale ဟူ၍ ေလးမ်ိဳးရွိျပန္ပါတယ္။ ျမန္မာႏိုင္ငံတြင္ Ovale အမ်ိဳးအစား ပိုးမ်ိဳးမရွိဟု ဆိုပါတယ္။ ငွက္ဖ်ားေရာဂါသည္ ျခင္မွ အမ်ားဆံုးကူးစက္တာျဖစ္ၿပီး စိမ့္စမ္းေရေသာက္၍ ေသာ္လည္းေကာင္း၊ ငွက္ဖ်ားေရာဂါရွိရာေဒသမွ အစားအေသာက္ကို စားသံုးမိ၍လည္း ျဖစ္တတ္ပါတယ္။ မွတ္ခ်က္အေနနဲ႕ ငွက္ဖ်ားပိုးရွိေသာ ေသြးသြင္းမိျခင္း မွလည္း ကူးစက္နိုင္ပါတယ္

ျမန္မာႏိုင္ငံတြင္ အဓိကအားျဖင့္ ငွက္ဖ်ားပိုး ( ၃ ) မ်ိဳးသာျဖစ္နိုင္ၿပီး ေရာဂါပိုးအမ်ိဳးအစားအလုိက္ ေရာဂါလကၡဏာျဖစ္ေပၚမႈ မတူၾကပါဘူး။ တခ်ိဳ႕လူနာမ်ားမွာ ငွက္ဖ်ားပိုးတစ္မ်ိဳးတည္းျဖစ္တတ္ေသာ္လည္း၊ တခ်ိဳ႕က ငွက္ဖ်ားပိုးတစ္ခုထပ္ပိုးၿပီး ဝင္တတ္ပါတယ္။

ငွက္ဖ်ားေရာဂါ လကၡဏာေတြကေတာ့-

-ကိုယ္အပူခ်ိန္ တတ္ျခင္း၊ (ဖ်ားျခင္း)(တခ်ိဳ႕ ေနစဥ္ရက္ဆက္ဖ်ားျခင္း)

-ကိုယ္အပူခ်ိန္ ျမင့္တတ္လာသည္ႏွင့္ ခ်မ္းျခင္း၊ တုန္ျခင္း၊ (တခါတခါ ခိုက္ခိုက္တုန္ေအာင္ ခ်မ္းျခင္း)

တို႕ျဖစ္ၿပီ ဆိုရင္ နီးစပ္ရာေဆးခန္း၊ ေဆးရံုသို႕ ျပသသင့္ပါတယ္။

ျမန္မာႏိုင္ငံတြင္ ငွက္ဖ်ားတိုက္ဖ်က္ေရး လုပ္ငန္းမ်ားကို ႀကိဳးပမ္းလ်က္ရွိၾကၿပီး ငွက္ဖ်ားသယ္ေဆာင္ေသာ ျခင္ကိုက္မခံရေအာင္ ေနထုိင္သင့္ပါတယ္။ေဆးဝါးမ်ားျဖင့္ ငွက္ဖ်ားမျဖစ္ေအာင္ တိုက္ဖ်က္ရာတြင္ အတိုင္းအတာတစ္ခုထိ ေအာင္ျမင္ေသာ္လည္း မျဖစ္ခင္ႀကိဳတင္ကာကြယ္တာ ပိုေကာင္းပါတယ္။ ေရာဂါျဖစ္လာၿပီ ဆိုရင္လည္း ေရာဂါကို အျမတ္ျပတ္ေအာင္ ကုသသင့္ပါတယ္။

ငွက္ဖ်ားေရာဂါရဲ႕ အႏၲရာယ္အရွိဆံုးအေျခအေနက ဦးေႏွာက္ထဲ ငွက္ဖ်ားပိုးေရာက္ျခင္းပါ။ ဦးေနွာက္ထဲ ငွက္ဖ်ားပိုးေရာက္ၿပီဆိုရင္ ခ်က္ခ်င္းစိတ္ေဖာက္ျပန္ရာမွ ေသဆံုးျခင္း၊ ေက်ာက္ကပ္ပ်က္စီးျခင္း၊ ဝမ္းေလွ်ာျခင္း၊ သတိလစ္ေမ့ေျမာျခင္း၊ ေသြးနီဥမ်ား ပ်က္စီးျခင္း၊ စသည့္ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ားျဖစ္ပြားနိုင္ပါတယ္။

ထို႔ေၾကာင့္ ငွက္ဖ်ားအျဖစ္မ်ားသည့္ ေဒသမ်ားတြင္ ေနသူမ်ား၊ ငွက္ဖ်ားေရာဂါမၾကာခဏ ခံစားရသူမ်ား အဖို႕ ဘီဝမ္းၾကြယ္ဝေသာ အစားအစာမ်ားစားရန္၊ ဘီဝမ္းပါေသာ ဗီတာမင္ေဆးမ်ား ႀကိဳတင္မွီဝဲရန္ လိုအပ္ပါသည္။

Source: Dr: Aye Kyaw

 

Unicode

အရှေ့တောင်အာရှနိုင်ငံများ ထဲမှ မြန်မာနိုင်ငံတွင် ဗီတာမင် (B1) ချို့တဲ့မှုကြောင့်ဖြစ်သော ဘယ်ရီဘယ်ရီရောဂါကဲ့သို့ ငှက်ဖျားရောဂါသည်လည်း (B1) ချို့တဲ့မှုနှင့် ဆက်နွယ်နေတာကို လေ့လာတွေ့ရှိရပါတယ်။ 

ဘီဝမ်း( B1 )သည် ဗီတာမင်အုပ်စုဝင်တစ်မျိုးဖြစ်ပြီး အမည်ရင်းမှာ ( Thiamine )ဖြစ်ပြီး အသီးအနှံများမှ အများဆုံးရရှိပါတယ်။ ဂျုံ၊ ပြောင်း၊ ဆန် စသည့်တို့၏ အပေါ်ယံအလွှာတွင် အဓိကပါရှိပြီး စပါးပင်၏ အခွံ(စပါးခွံ) တွင်ဘီဝမ်း အများဆုံး ပါရှိပါတယ်။ ဗီတာမင် ဘီဝမ်းက ခန္ဓာကိုယ်တွင် မရှိမဖြစ်လိုအပ်သော ဇီဝဓာတ်ကူပစ္စည်းဖြစ်ပါတယ်။
ဘီဝမ်းချို့တဲ့မှုကြောင့်ဖြစ်သော ရောဂါ ဘယ်ရီဘယ်ရီရောဂါသည် အာရုံကြောများရောင်ရမ်းခြင်း၊ အားနည်းခြင်း၊ ခြေလက်များထုံကျဉ်ခြင်း၊ တချို့လူနာများတွင် ပိုးကောင်များတတ်သလို ရွစိ၊ ရွစိနဲ့ ခံစားရသည်ဟု ပြောပါတယ်။နှလုံးရောဂါလည်း ဖြစ်နိုင်ပြီး ဘီဝမ်းချို့တဲ့မှု ဆိုးရွားလာပါက ဦးနှောက်၏ လုပ်ငန်းများ ပျက်စီး၍ ရှုးသွပ်သည်အထိ ဖြစ်နိုင်ပါတယ်။ ကလေးများတွင်လည်း ဘီဝမ်းချို့တဲ့မှုကြောင့် နှလုံးရောဂါဖြင့် သေဆုံးမှုများ ကြံုတွေ့ကြရပါတယ်။
ငှက်ဖျားရောဂါသည် ပရိုတိုဇွ (Protozoa) မျိုးနွယ်ဝင် Plas-modium ပိုးကြောင့် ဖြစ်ရတာပါ။ ၎င်းပိုးကိုပဲ Malarias, jalciparum, Vivix & Ovale ဟူ၍ လေးမျိုးရှိပြန်ပါတယ်။ မြန်မာနိုင်ငံတွင် Ovale အမျိုးအစား ပိုးမျိုးမရှိဟု ဆိုပါတယ်။ ငှက်ဖျားရောဂါသည် ခြင်မှ အများဆုံးကူးစက်တာဖြစ်ပြီး စိမ့်စမ်းရေသောက်၍ သော်လည်းကောင်း၊ ငှက်ဖျားရောဂါရှိရာဒေသမှ အစားအသောက်ကို စားသုံးမိ၍လည်း ဖြစ်တတ်ပါတယ်။ မှတ်ချက်အနေနဲ့ ငှက်ဖျားပိုးရှိသော သွေးသွင်းမိခြင်း မှလည်း ကူးစက်နိုင်ပါတယ်
မြန်မာနိုင်ငံတွင် အဓိကအားဖြင့် ငှက်ဖျားပိုး ( ၃ ) မျိုးသာဖြစ်နိုင်ပြီး ရောဂါပိုးအမျိုးအစားအလိုက် ရောဂါလက္ခဏာဖြစ်ပေါ်မှု မတူကြပါဘူး။ တချို့လူနာများမှာ ငှက်ဖျားပိုးတစ်မျိုးတည်းဖြစ်တတ်သော်လည်း၊ တချို့က ငှက်ဖျားပိုးတစ်ခုထပ်ပိုးပြီး ဝင်တတ်ပါတယ်။
ငှက်ဖျားရောဂါ လက္ခဏာတွေကတော့-
-ကိုယ်အပူချိန် တတ်ခြင်း၊ (ဖျားခြင်း)(တချို့ နေစဉ်ရက်ဆက်ဖျားခြင်း)
-ကိုယ်အပူချိန် မြင့်တတ်လာသည်နှင့် ချမ်းခြင်း၊ တုန်ခြင်း၊ (တခါတခါ ခိုက်ခိုက်တုန်အောင် ချမ်းခြင်း)
တို့ဖြစ်ပြီ ဆိုရင် နီးစပ်ရာဆေးခန်း၊ ဆေးရုံသို့ ပြသသင့်ပါတယ်။
မြန်မာနိုင်ငံတွင် ငှက်ဖျားတိုက်ဖျက်ရေး လုပ်ငန်းများကို ကြိုးပမ်းလျက်ရှိကြပြီး ငှက်ဖျားသယ်ဆောင်သော ခြင်ကိုက်မခံရအောင် နေထိုင်သင့်ပါတယ်။ဆေးဝါးများဖြင့် ငှက်ဖျားမဖြစ်အောင် တိုက်ဖျက်ရာတွင် အတိုင်းအတာတစ်ခုထိ အောင်မြင်သော်လည်း မဖြစ်ခင်ကြိုတင်ကာကွယ်တာ ပိုကောင်းပါတယ်။ ရောဂါဖြစ်လာပြီ ဆိုရင်လည်း ရောဂါကို အမြတ်ပြတ်အောင် ကုသသင့်ပါတယ်။
ငှက်ဖျားရောဂါရဲ့ အန္တရာယ်အရှိဆုံးအခြေအနေက ဦးနှောက်ထဲ ငှက်ဖျားပိုးရောက်ခြင်းပါ။ ဦးနှောက်ထဲ ငှက်ဖျားပိုးရောက်ပြီဆိုရင် ချက်ချင်းစိတ်ဖောက်ပြန်ရာမှ သေဆုံးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ ဝမ်းလျှောခြင်း၊ သတိလစ်မေ့မြောခြင်း၊ သွေးနီဥများ ပျက်စီးခြင်း၊ စသည့်နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်ပွားနိုင်ပါတယ်။
ထို့ကြောင့် ငှက်ဖျားအဖြစ်များသည့် ဒေသများတွင် နေသူများ၊ ငှက်ဖျားရောဂါမကြာခဏ ခံစားရသူများ အဖို့ ဘီဝမ်းကြွယ်ဝသော အစားအစာများစားရန်၊ ဘီဝမ်းပါသော ဗီတာမင်ဆေးများ ကြိုတင်မှီဝဲရန် လိုအပ်ပါသည်။
Source: Dr: Aye Kyaw

 

-

Read times
Rate this item
(0 votes)