What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 21 February 2018 13:17

အရြယ္တင္ႏုပ်ိဳေစတဲ့ အုန္းရည္

အရြယ္တင္ႏုပ်ိဳေစတဲ့ အုန္းရည္ google.com

အုန္းရည္သည္ ေနရာတိုင္းမွာ အလြယ္တကူရရွိႏိုင္ၿပီး အသားအေရကိုအထူးေကာင္းမြန္ ေစတာမို႕

အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ား၊ နာမည္ႀကီးေမာ္ဒယ္ ေတာ္ေတာ္မ်ားမ်ား ၊ အလွအပႏွင့္ ၊ က်န္းမာေရးလိုက္စားၾက တဲ့သူမ်ား၊ေသာက္သံုးေနၾကတာေတြ႕ရပါတယ္။

အုန္းရည္ကို ႏွစ္ပတ္လံုးလံုးပံုမွန္ေသာက္သံုးပါက သင့္ရဲ႕ကိုယ္ခႏၶာမွာ ေအာက္ပါေျပာင္းလဲမႈေလးေတြ ေတြ႕ရမွာပါ။

(၁) ဝိတ္ျမန္ျမန္ဆန္ဆန္က်ျခင္း

ကုိယ္အေလးခ်ိန္က်ခ်င္သူေတြ အတြက္ အုန္းရည္က အေကာင္းဆံုးပါပဲ။သဘာဝအတိုင္း ကယ္လိုရီကို ေလွ်ာ့က်ေစနိုင္ၿပီး ခြန္အားလည္းျပည့္ဝေစနိုင္ပါတယ္။ ထမင္းမစားခင္ပံုမွန္တစ္ဖန္ခြက္ေလာက္ ေသာက္ ေပးပါက အစားလည္းနည္းနည္းပဲစားၿပီး အာဟာရခ်ိဳ႕တဲ့မႈ မျဖစ္ေစပါဘူး။

(၂) အစာအိမ္ကို သန္႕ရွင္းေစျခင္း

အုန္းရည္မွာ ပါတဲ့ အမွ်င္ဓာတ္ေၾကာင့္ အစာေျခစနစ္ကို ေကာင္းမြန္ေစၿပီး အစာအိမ္ကုိသန္႕စင္ေပးနုိင္ေသာ ေၾကာင့္ (WHO) ကေတာင္ အုန္းရည္ပံုမွန္ေသာက္ဖို႕ တိုက္တြန္းထားပါတယ္။

(၃) ေသြးေပါင္ပံုမွန္ျဖစ္ေစျခင္း

အုန္းရည္ဟာ ေသြးေပါင္( ေသြးဖိအား) ပံုမွန္ထိန္းညွိေပးေသာ သဘာဝအရည္တစ္မ်ိဳးျဖစ္သည္ဟု သိရပါတယ္။ ေသြးအားနည္းျခင္း၊ ေသြးတိုးျခင္း၊ ေခါင္းမူးျခင္း စသည့္က်န္းမာေရးျပႆနာမ်ားကို ကာကြယ္ေပး နိုင္ပါေသးသည္။

(၄) အသားအရည္ေခ်ာမြတ္ၾကည္လင္ေစျခင္း

အုန္းရည္ဟာ ေသာက္သံုးရင္ အက်ိဳးမ်ားစြာရရွိရံုသာမက မ်က္နွာကိုပံုမွန္လိမ္းေပးပါကလည္း အသားအရည္ကို တင္းရင္းလွပ၊ၾကည္လင္ေတာက္ပေစမွာ ျဖစ္ပါတယ္။

(၅) အေရးအေၾကာင္းမ်ားကို ေလ်ာ့နည္းေစျခင္း

အသက္အရြယ္ႀကီးရင့္လာလို႕ အေရးအေၾကာင္းေတြနဲ႕ လွပမႈေပ်ာက္ဆံုးေနၿပီလား။ ဘာမွမစိုးရိမ္ပါနဲ႕ေတာ့။ အုန္းရည္ဟာ အေရးအေၾကာင္းေတြ ျမန္ျမန္ထြက္လာျခင္းကို ထိန္းေပးၿပီး အရိုးနဲ႕ပတ္သတ္တဲ့ေရာဂါမ်ား၊ ကင္ဆာေရာဂါေတြကို ကာကြယ္ေပးနိုင္လို႕ ေန႕တိုင္းမေသာက္နိုင္ရင္ေတာင္ တစ္ပတ္ကို ေလးခါပံုမွန္ေသာက္ေပးသင့္ပါတယ္။

 

 Unicode

အုန်းရည်သည် နေရာတိုင်းမှာ အလွယ်တကူရရှိနိုင်ပြီး အသားအရေကိုအထူးကောင်းမွန် စေတာမို့ အနုပညာရှင်တော်တော်များများ၊ နာမည်ကြီးမော်ဒယ် တော်တော်များများ ၊ အလှအပနှင့် ၊ ကျန်းမာရေးလိုက်စားကြ တဲ့သူများ၊သောက်သုံးနေကြတာတွေ့ရပါတယ်။
အုန်းရည်ကို နှစ်ပတ်လုံးလုံးပုံမှန်သောက်သုံးပါက သင့်ရဲ့ကိုယ်ခန္ဓာမှာ အောက်ပါပြောင်းလဲမှုလေးတွေ တွေ့ရမှာပါ။
(၁) ဝိတ်မြန်မြန်ဆန်ဆန်ကျခြင်း
ကိုယ်အလေးချိန်ကျချင်သူတွေ အတွက် အုန်းရည်က အကောင်းဆုံးပါပဲ။သဘာဝအတိုင်း ကယ်လိုရီကို လျှော့ကျစေနိုင်ပြီး ခွန်အားလည်းပြည့်ဝစေနိုင်ပါတယ်။ ထမင်းမစားခင်ပုံမှန်တစ်ဖန်ခွက်လောက် သောက် ပေးပါက အစားလည်းနည်းနည်းပဲစားပြီး အာဟာရချို့တဲ့မှု မဖြစ်စေပါဘူး။
(၂) အစာအိမ်ကို သန့်ရှင်းစေခြင်း
အုန်းရည်မှာ ပါတဲ့ အမျှင်ဓာတ်ကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး အစာအိမ်ကိုသန့်စင်ပေးနိုင်သော ကြောင့် (WHO) ကတောင် အုန်းရည်ပုံမှန်သောက်ဖို့ တိုက်တွန်းထားပါတယ်။
(၃) သွေးပေါင်ပုံမှန်ဖြစ်စေခြင်း
အုန်းရည်ဟာ သွေးပေါင်( သွေးဖိအား) ပုံမှန်ထိန်းညှိပေးသော သဘာဝအရည်တစ်မျိုးဖြစ်သည်ဟု သိရပါတယ်။ သွေးအားနည်းခြင်း၊ သွေးတိုးခြင်း၊ ခေါင်းမူးခြင်း စသည့်ကျန်းမာရေးပြဿနာများကို ကာကွယ်ပေး နိုင်ပါသေးသည်။
(၄) အသားအရည်ချောမွတ်ကြည်လင်စေခြင်း
အုန်းရည်ဟာ သောက်သုံးရင် အကျိုးများစွာရရှိရုံသာမက မျက်နှာကိုပုံမှန်လိမ်းပေးပါကလည်း အသားအရည်ကို တင်းရင်းလှပ၊ကြည်လင်တောက်ပစေမှာ ဖြစ်ပါတယ်။
(၅) အရေးအကြောင်းများကိုလည်း လျော့နည်းခြင်း၊
အသက်အရွယ်ကြီးရင့်လာလို့ အရေးအကြောင်းတွေနဲ့ လှပမှုပျောက်ဆုံးနေပြီလား။ ဘာမှမစိုးရိမ်ပါနဲ့တော့။ အုန်းရည်ဟာ အရေးအကြောင်းတွေ မြန်မြန်ထွက်လာခြင်းကို ထိန်းပေးပြီး အရိုးနဲ့ပတ်သတ်တဲ့ရောဂါများ၊ ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်လို့ နေ့တိုင်းမသောက်နိုင်ရင်တောင် တစ်ပတ်ကို လေးခါပုံမှန်သောက်ပေးသင့်ပါတယ်။

Read times Last modified on Wednesday, 21 February 2018 13:25
Rate this item
(0 votes)