What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 08 March 2018 11:25

လူချင်းမှားပြီး ဦးနှောက်ခွဲစိတ်ခဲ့တဲ့ ကင်ညာနိုင်ငံက ဆေးရုံ

လူချင်းမှားပြီး ဦးနှောက်ခွဲစိတ်ခဲ့တဲ့ ကင်ညာနိုင်ငံက ဆေးရုံ google.com

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ရှိ ဆေးရုံတစ်ရုံမှာ လူနာတစ်ဦးကို မှားယွင်းပြီး ဦးနှောက်ခွဲစိတ်ခဲ့မှုကြောင့်

သူနာပြုများမှ အကြီးအကဲအထိ ပါဝင်တဲ့ ဝန်ထမ်းများအား ရာထူးမှဆိုင်းငံ့လိုက်ပါတယ်။

အမျိုးသားလူနာနှစ်ဦးဟာ ဆေးရုံကို ဖေဖေါ်ဝါရီ ၂၅ ရက် နှောင်းပိုင်းမှာ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ၎င်းတို့အနက် လူနာတစ်ဦးဟာ ဦးနှောက်မှာသွေးခဲနေမှုကို ခွဲစိတ်ကုသရန် လိုအပ်ခဲ့တာ ဖြစ်ပေမဲ့ ခွဲစိတ်ကုသရန် မလိုအပ်ဘဲ ဦးခေါင်းဖူးရောင်နေမှုကို ကုသရန်သာလိုအပ်တဲ့ အခြားလူနာတစ်ဦးကို မှားယွင်းခွဲစိတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

cc

ဆရာဝန်တွေက လူနာမှားပြီး ခွဲစိတ်ကုသနေခဲ့တာကို နာရီပိုင်းကြာတဲ့အထိ သတိမပြုမိခဲ့ကြကြောင်း Daily Nation သတင်းက ပြောပါတယ်။ နာရီပိုင်းအကြာ ခွဲစိတ်မှုပြုလုပ်ပြီးနောက် လူနာရဲ့ ဦးနှောက်မှာ သွေးခဲနေမှု မရှိတာကို တွေ့ရှိခဲ့ကြရပါတယ်။ ဦးနှောက်ကို မှားယွင်းခွဲစိတ်ခံခဲ့ရတဲ့ လူနာဟာ ပြန်လည်နာလန်ထူနေပြီလို့ ဆိုပါတယ်။

ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်းနဲ့ တာဝန်ရှိသူတွေက အစီရင်ခံစာ တောင်းခံထားပြီး ကြားနာစစ်ဆေးမှု ပြုလုပ်သွားရန် စီစဉ်ထားကြောင်း ဆေးရုံက မတ်လ ၂ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဦးနှောက်အာရုံကြောခွဲစိတ်အထူးကု၊ အကူသူနာပြု၊ ခွဲစိတ်ကုသလူနာစာရင်းကို တာဝန်ယူရတဲ့ သူနာပြုနဲ့ မေ့ဆေးဆရာဝန်တို့ကို အလုပ်မှဆိုင်းငံ့ထားတယ်လို့ ဆိုပါတယ်။

ဆေးရုံအကြီးအကဲ အမျိုးသမီး လီလီကိုရော့စ်နဲ့ ဆေးဘက်ဆိုင်ရာ အရာရှိတစ်ဦးတို့ကိုလည်း ကျန်းမာရေးဝန်ကြီးက ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေစဉ်အတွင်း အလုပ်မှခွင့်ယူထားရန် ညွှန်ကြားခဲ့ပါတယ်။ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေက ယခုလို အမှားအယွင်း ဖြစ်ခဲ့ခြင်းအပေါ် အံ့သြတုန်လှုပ်ပြီး ဝေဖန်ခဲ့ကြပါတယ်။

byn9tap5pqryp59209aa279e79

လူနာမှားယွင်းပြီး ဦးနှောက်ခွဲစိတ်ကုသမှု ဖြစ်ခဲ့တဲ့ ကင်ညာယက်တာအမျိုးသားဆေးရုံ (Kenyatta National Hospital) မှာပင် ကလေးမွေးတဲ့ မိခင်တွေကို လိင်ပိုင်းစော်ကားတိုက်ခိုက်မှုတွေနဲ့ ကလေးခိုးယူခံမှုတို့ ဖြစ်ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးက စုံစမ်းစစ်ဆေးရန် ညွန်ကြားခဲ့ကြောင်း သိရပါတယ်။

အလုပ်မှဆိုင်းငံ့ခံရတဲ့ ဆရာဝန်နဲ့သူနာပြုတွေရဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ ဆိုင်းငံ့မှုကို ကန့်ကွက်ခဲ့ကြပြီး လူနာမှတ်တမ်း စာရင်းသွင်းရာမှာ ဖြည့်သွင်းရေးသားခဲ့သူကိုသာ အပြစ်ပေးသင့်တယ်လို့ ပြောကြပါတယ်။

Source: International news

Read times Last modified on Thursday, 08 March 2018 13:20
Rate this item
(0 votes)