ပျားရည်ဆိုသည်မှာ သင်စားသုံးနေသော အစားအစာများကို ချိုမြိန်အောင် ပြုလုပ်ပေးနိုင်သည်သာမက သင့်ရဲ့ကျန်းမာရေးကို ကောင်းမွန်အောင် ထိန်းသိမ်းပေးနိုင်တဲ့အပြင် သင့်ရဲ့အရေပြားကိုလည်း ကြည်လင်တောက်ပ လာစေပါတယ်။
ချောင်းဆိုးသက်သာစေခြင်း
ပျားရည်သောက်သုံးခြင်းအားဖြင့် လည်ချောင်းထဲရှိ အမြှေးပါးများ ရောင်ရမ်းခြင်းကို သက်သာစေပြီး ချောင်းဆိုးခြင်းကို သက်သာ သွားစေပါတယ်။ ပျားရည်အား ညအိပ်ရာမ၀င်ခင် လက်ဖက်ရည်ဇွန်း (၂) ဇွန်းခန့် သောက်သုံးပေးပါက ညဖက်ချောင်းဆိုးခြင်းမှ သက်သာစေတဲ့အတွက် ကောင်းမွန်စွာ အိပ်စက်နိုင်ပါတယ်။
အသားရည်ကို စိုပြေစေခြင်း
ပျားရည်တွင်ပါရှိတဲ့ သကြားဓာတ်မော်လီကျူးများဟာ အရေပြားရှိ ရေဓါတ်ကို ထိန်းသိမ်းထားနိုင်တဲ့ အာနိသင်ရှိတာကြောင့် အသားရည်ကို စိုပြေစေတဲ့ သဘာဝပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။
ပျားရည်ဟာ အရေပြားရဲ့ အပေါ်မှာ အလွှာပါးတစ်ခုအနေဖြင့် ရှိနေတာကြောင့် အရေပြားအတွင်းရှိ အစိုဓာတ်ကို အုပ်ထိန်း ထားနိုင်ပါတယ်။
ဝက်ခြံများကို သက်သာစေခြင်း
ပျားရည်တွင်ပါရှိသည့် အလွန်သေးငယ်သော ပိုးမွှားများကို သုတ်သင်ပေးနိုင်သည့် အာနိသင်တစ်မျိုးမှာ ၀က်ခြံကြောင့် ဖြစ်ပေါ်လာသော ရောင်ရမ်းမှုများကို လျှော့ချပေးနိုင်ပါတယ်။
ဇာတိပ္ဖိုလ်သီးနဲ့ ပျားရည်ကိုအချိုးကျ ရောစပ်ပြီး ၀က်ခြံများပေါ်တွင် မိနစ်(၂၀) ခန့် အုံထားပြီးနောက် ရေနဲ့ဆေးချခြင်းကို ပြုလုပ်ပေးပါက ၀က်ခြံများ သက်သာစေပါတယ်။
အပူလောင်ဒဏ်ရာများကို ပျောက်ကင်းစေခြင်း
အပူလောင်ဒဏ်ရာများကို ကုသရာတွင် လူသုံးများသည့် silver sulfadiazine ဓာတ်ပါသော ဆေးများကို အသုံးပြုခြင်းထက် ပျားရည်ကို အသုံးပြုပါက အနာကြပ်မြန်စေတဲ့အပြင် ရောင်ရမ်းခြင်းကိုလည်း အလျင်အမြန် လျော့ကျစေနိုင်ပါတယ်။
ဗောက်များကို ဖယ်ရှားပေးခြင်း
ပျားရည်ဖြင့် ဖော်စပ်ထားသော ခေါင်းလျှော်ရည်များကို အသုံးပြုခြင်းသည် ဦးရည်ကို ချောမွေ့စေတဲ့အပြင် ဗောက်များကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။
အဆီအိတ်များကြောင့် ဖြစ်ပေါ်တတ်သော ဦးရေပြားဆိုင်ရာ ရောဂါနှင့် ဗောက်ရှိသူများ အနေဖြင့် ပျားရည်ခေါင်းလျှော်ရည်ကို အသုံးပြုပါက ဦးရေပြား ယားယံခြင်းကို သက်သာစေတဲ့အပြင် ဦးရေပြားကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။
ပျားရည်မှာ မှိုစွဲခြင်းကို ဆန့်ကျင်သော အာနိသင်တစ်မျိုးပါဝင်တဲ့အပြင် ဦးရေပြားကိုလည်း အေးမြစိုစွတ်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။
ကိုယ်တိုက်ဆပ်ပြာရည်အဖြစ် အသုံးပြုနိုင်ခြင်း
အသားရည်ရဲ့အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်ပေါ်ရှိ ၀က်ခြံ နှင့် အနံ့ဆိုးများကို ဖြစ်ပေါ်စေသော ပိုးမွှားများကို သေစေနိုင်တဲ့ အာနိသင်ရှိတာမို့ ပျားရည်ကို ကိုယ်တိုက်ဆပ်ပြာအဖြစ် အသုံးပြုနိုင်ပါတယ်။
လက်ဖက်ရည် ဇွန်း (၂) ဇွန်းခန့် ပမာဏရှိသော ပျားရည်အား စားပွဲဇွန်း (၁) ဇွန်းစာ သံလွင်ဆီနှင့် ရောစပ်ပြီး ဆပ်ပြာရည်အဖြစ် အသုံးပြုနိုင်ပါတယ်။
ကိုလက်စထရော အခြေအနေကို ကောင်းမွန်စေခြင်း
ဖြည့်စွက်အချိုရည်များကို သောက်သုံးသူများအနက် တစ်နေ့ကို ပျားရည် (၇၅) ဂရမ်အား ရေ (၂၅၀) လီတာဖြင့် ရော၍ (၁၅) ရက်ဆက်တိုက် သောက်သုံးပေးသူများဟာ ခန္ဓာကိုယ်အား အကျိုးမပြုတဲ့ ကိုလက်စထရော ပမာဏ လျော့ကျလာပြီး ခန္ဓာကိုယ်အကျိုးပြု ကိုလက်စထရော ပမာဏ မြင့်တက်လာစေပါတယ်။
Credit: irrawaddy