What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 07 September 2020 17:31

ရန်ကုန်အထူးကုဆေးရုံသစ်

၂၀၁၉ ခုနှစ် ဧပြီလကုန်ပိုင်းတွင် ဆောက်လုပ်ရေး စတင်ခဲ့သော  New Yangon Specialist Hospital ကို ၂၀၂၁ ခုနှစ်တွင် 

အပြီးအစီး ဆောက်လုပ်သွားမည်ဟု သိရသည်။

ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းနှင့် ပြည်လမ်းထောင့် (စိန်ဂျွန်း)တွင်တည်ဆောက်နေသော ရန်ကုန် (နှလုံး၊ ဦးနှောက်နဲ့ အာရုံကြော) အထူးကုဆေးရုံသစ် စီမံကိန်းကို လျာထားချက်အတိုင်း အချိန်မီ ပြီးစီးအောင် တည်ဆောက်သွားမည်ဟု သိရသည်။

 

အဆိုပါ အထူးကုဆေးရုံသစ် စီမံကိန်းကို   ၂၀၁၉ ခုနှစ် ဧပြီ ၂၉ ရက်တွင် ပန္နက်ချပြီး စတင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်တွင် အပြီးအစီး တည်ဆောက်ရန် လျာထားခဲ့ပြီး ကိုဗစ်ကပ်ဘေးကြောင့် နှောင့်နှေးမှုများ ကြုံရသော်လည်း အချိန်မီ ပြီးစီးအောင် ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု သိရသည်။ 

 

အဆိုပါ အထူးကုဆေးရုံသစ် စီမံကိန်းကို ဂျပန်နိုင်ငံ အခြေစိုက် Taisei Corporation က တာဝန်ယူတည်ဆောက်ခြင်းဖြစ်ပြီး  ဆေးရုံဒီဇိုင်းကို ဂျပန်ပညာရှင်များက ရေးဆွဲထားကြောင်း သိရသည်။

ဆေးရုံအဆောက်အဦသည် စုစုပေါင်း ခုနစ်ထပ်ရှိပြီး ကုတင် ၃၀၀ ဆန့် ဆေးရုံ ဖြစ်သည်။ အခြားဆေးရုံ အများစုနည်းတူ မြေညီထပ်တွင်

အရေးပေါ်ဌာနနဲ့ ပြင်ပလူနာဌာန တွေကို မှာထားရှိပြီး ဓာတ်ခွဲခန်းနဲ့ အုပ်ချုပ်မှုဌာနတို့ကို ပထမအထပ်မှတွင်  ထားရှိမည် ဖြစ်သည်။  ဒုတိယအထပ်မှတွင်  ခွဲစိပ်ခန်းနဲ့ အထူးကြပ်မတ်ဆောင်တို့ကို ထားရှိ ပြီး ကျန်လေးထပ်တွင်  နှလုံးနဲ့ ဦးနှောက် အာရုံကြောဆိုင်ရာ ခွဲစိပ်ခြင်းနဲ့ ကုသခြင်း တွေကို အထပ်လိုက် ခွဲခြားဆောင်ရွက်သွားဖို့ စီစဉ်ထားကြောင်း သိရသည်။ 

 

အဆိုပါ အထူးကုဆေးရုံသစ် စီမံကိန်းကို ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုအဖြစ် အကောင်အထည် ဖော်ခြင်း ဖြစ်ပြီး ဂျပန်အစိုးရက ဂျပန်ယန်းငွေ ၈ ဒသမ ၆ ဘီလီယံခန့် ထောက်ပံ့ကူညီပေးပြီး မြန်မာနိုင်ငံ အစိုးရ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ကျပ်ငွေ ၄၂ ဘီလီယံခန့် အကုန်အကျခံကြောင်း သိရသည်။ ဂျပန်နိုင်ငံဘက်တွင်   Department of Medical Services (DoMS) နှင့် Japan International Cooperation Agency (JICA) တို့ ပူးပေါင်းဆောင်ရွက်ကြသည်။ ဂျပန်ယန်းငွေ ၈ ဒသမ ၆ ဘီလီယံ အကူအညီသည် ဂျပန်နိုင်ငံ၏ ODA အကူအညီများတွင် ပမာဏ အများဆုံးဖြစ်သည်ဟု သိရသည်။  ၇ ထပ် ဆေးရုံသစ်သည် ဆေးကုသခြင်းနှင့်အတူ ဆေးပညာသင်ကြားရေးကိုလည်း ဆောင်ရွက်မည် ဖြစ်သည်။

Read times Last modified on Wednesday, 09 September 2020 12:28
Rate this item
(0 votes)