၂၀၁၉ ခုနှစ် ဧပြီလကုန်ပိုင်းတွင် ဆောက်လုပ်ရေး စတင်ခဲ့သော New Yangon Specialist Hospital ကို ၂၀၂၁ ခုနှစ်တွင်
အပြီးအစီး ဆောက်လုပ်သွားမည်ဟု သိရသည်။
ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းနှင့် ပြည်လမ်းထောင့် (စိန်ဂျွန်း)တွင်တည်ဆောက်နေသော ရန်ကုန် (နှလုံး၊ ဦးနှောက်နဲ့ အာရုံကြော) အထူးကုဆေးရုံသစ် စီမံကိန်းကို လျာထားချက်အတိုင်း အချိန်မီ ပြီးစီးအောင် တည်ဆောက်သွားမည်ဟု သိရသည်။
အဆိုပါ အထူးကုဆေးရုံသစ် စီမံကိန်းကို ၂၀၁၉ ခုနှစ် ဧပြီ ၂၉ ရက်တွင် ပန္နက်ချပြီး စတင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်တွင် အပြီးအစီး တည်ဆောက်ရန် လျာထားခဲ့ပြီး ကိုဗစ်ကပ်ဘေးကြောင့် နှောင့်နှေးမှုများ ကြုံရသော်လည်း အချိန်မီ ပြီးစီးအောင် ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု သိရသည်။
အဆိုပါ အထူးကုဆေးရုံသစ် စီမံကိန်းကို ဂျပန်နိုင်ငံ အခြေစိုက် Taisei Corporation က တာဝန်ယူတည်ဆောက်ခြင်းဖြစ်ပြီး ဆေးရုံဒီဇိုင်းကို ဂျပန်ပညာရှင်များက ရေးဆွဲထားကြောင်း သိရသည်။
ဆေးရုံအဆောက်အဦသည် စုစုပေါင်း ခုနစ်ထပ်ရှိပြီး ကုတင် ၃၀၀ ဆန့် ဆေးရုံ ဖြစ်သည်။ အခြားဆေးရုံ အများစုနည်းတူ မြေညီထပ်တွင်
အရေးပေါ်ဌာနနဲ့ ပြင်ပလူနာဌာန တွေကို မှာထားရှိပြီး ဓာတ်ခွဲခန်းနဲ့ အုပ်ချုပ်မှုဌာနတို့ကို ပထမအထပ်မှတွင် ထားရှိမည် ဖြစ်သည်။ ဒုတိယအထပ်မှတွင် ခွဲစိပ်ခန်းနဲ့ အထူးကြပ်မတ်ဆောင်တို့ကို ထားရှိ ပြီး ကျန်လေးထပ်တွင် နှလုံးနဲ့ ဦးနှောက် အာရုံကြောဆိုင်ရာ ခွဲစိပ်ခြင်းနဲ့ ကုသခြင်း တွေကို အထပ်လိုက် ခွဲခြားဆောင်ရွက်သွားဖို့ စီစဉ်ထားကြောင်း သိရသည်။