နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းအဆောက်အအုံသစ်ကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၅ လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြားရှိ
ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနရုံးဝင်းအတွင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု Covid-19 ရန်ပုံငွေရှာဖွေရေး ကော်မတီမှမတည် လှူဒါန်းငွေဖြင့် ဇွန်လနောက်ဆုံးပတ်မှ စတင်တည်ဆောက်ခဲ့ရာ အောက်တိုဘာ ပထမပတ်တွင် ၈၅ ရာခိုင်နှုန်း ခန့်ပြီးစီးလျက်ရှိပြီး အောက်တိုဘာ ၉ ရက်တွင် လေအေးပေးစက် AHU စနစ်များ တပ်ဆင်ခဲ့ပြီး ညပိုင်းတွင်လျှပ်စစ်မီး တပ်ဆင်ပြီးစီးမှုများ စမ်းသပ်ခဲ့သည်။
အဆိုပါ ဓာတ်ခွဲခန်း အဆောက်အအုံသစ်တွင် Covid-19 ရောဂါပိုးအပြင် အခြားရောဂါများပါ စစ်ဆေးနိုင်သော ဓာတ်ခွဲစက်(၃)စုံ ထားရှိမည်ဖြစ်သည်။ Covid-19 ရန်ပုံငွေ ရှာဖွေရေး ကော်မတီက လှူဒါန်းသော အာစီ(၂)ထပ်ခွဲ အဆောက်အဦ အမျိုးအစားဖြစ်သည်။ အလျား ၆၉ ပေ၊ အနံ ၅၈ ပေ စုစုပေါင်း ကြမ်းခင်း ဧရိယာ ၁၀၀၀၀ စတုရန်းပေခန့် နှစ်ထပ်ခွဲ တည်ဆောက်မည်ဖြစ်ပြီး အထက်မြန်မာနိုင်ငံအတွက် အားထားရမည့် နိုင်ငံတကာအဆင့်မီ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းကြီး ဖြစ်သည်။
MDN