What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 19 September 2021 15:59

အန္ဒိယမှ ကမ္ဘာ့အကြီးမားဆုံး ကာကွယ်ဆေးလုပ်ငန်းက ပြည်ပတင်ပို့မှု တားမြစ်ချက် ဖြေလျှော့ပေးရန် မျှော်လင့်


အန္ဒိယမှ ကမ္ဘာ့အကြီးမားဆုံး ကာကွယ်ဆေးလုပ်ငန်း ဖြစ်သော Serum Institute of India က အန္ဒိယအစိုးရမှ ကိုဗစ်-၁၉ ကာကွယ်ရေး ထိုးဆေးမျာ

ပြည်ပတင်ပို့မှု ပိတ်ပင်တားမြစ်ထားခြင်းအား ဖြေလျှော့ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းလုပ်ငန်း၏ အမှုဆောင်ချုပ် Adar Poonawalla က ပြောကြားခဲ့သည်။ လာမည့် နှစ်လအတွင်း ဖြေလျှော့ပေးလိမ့်မည်ဟု မျှော်မှန်းကြောင်းနှင့် ဆင်းရဲသောနိုင်ငံများတွင် ပထမအကြိမ်ကိုပင်လျှင် မထိုးရသေးသောသူများ ရှိနေစဉ် ချမ်းသားသည့် နိုင်ငံများက တတိယအကြိမ် ဆေးထိုးနေကြခြင်းကိုလည်း ဝေဖန်ပြောကြားလိုက်သည်။

အိန္ဒိယမှ ကိုဗစ်ကာကွယ်ရေး ထိုးဆေးများ တင်ပို့ခြင်းကို ပြီးခဲ့သည့် ဧပြီလကတည်းက ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ကိုဗစ် ဒုတိယလှိုင်းပြင်းထန်နေပြီး Delta မျိုးကွဲ ကူးစက်မှုများ မြင့်မားနေသဖြင့် ပြည်တွင်းသုံးစွဲမှုကို ဦးစားပေးရန် ပြည်ပတင်ပို့ခြင်းကို ပိတ်ပင်ထားလိုက်ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ဈေးချိုသေ အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ရေး ထိုးဆေးများကို မျှော်ကိုးနေကြသော ဖွံ့ဖြိုးဆဲနိုင်ငံများ အကျပ်ရိုက်သွားစေခဲ့သည်။
“လာမယ့် နှစ်လအတွင်းမှာ ပြည်ပတင်ပို့မှုများကို ဖြည်းဖြည်းချင်း ဖြေလျှော့ပေးလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု Adar Poonawalla က ပြောသည်။ “ဒါပေမဲ့ အစိုးရ ဆုံးဖြတ်ချက်က အလွန်သတိထားတယ်။ ကာကွယ်ဆေးလက်ကျန်ကို တွက်ချက် စီမံတယ်” ဟု သူက ပြောသည်။
“ကျွန်တော်တို့က လိုအပ်ချက်အတွက် လုံလောက်တာထက် ပိုလျှံတော့မယ့်အမှတ်နား အရမ်းနီးနေပါပြီ” ဟု သူက ပြောသည်။
Serum Institute of India သည် အန္ဒိယနိုင်ငံမှ ကာကွယ်ဆေးထုတ်လုပ်သည့် နောက်ထပ်လုပ်ငန်း ဖြစ်သော Biocon Biologics နှင့်လည်း မဟာဗျူဟာမြောက် မဟာမိတ် ပြုထားသည်။

ယခုနှစ်ဆန်းပိုင်းတွင် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီက လူ့ဘောင်ကို ကာကွယ်ရန် အန္ဒိယ အသင့်ဖြစ်ပြီဟု ကြေညာခဲ့သည်။ ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေးများ ပြုလုပ်နေပြီး Serum Institute က ထုတ်လုပ်သော Oxford-AstraZeneca လည်း ထုတ်လုပ်နေပြီဟု အသိပေးပြောကြားခဲ့သည်။

ကိုဗစ်ကာကွယ်ရေး ထိုးဆေး ကြိမ်ရေ ၆၆ သန်းအတွက် ထိုးဆေးများ ပြည်ပသို့ တင်ပိုခဲ့ပြီး အချို့အဝက်ကို အိမ်နီးနာချင်း နိုင်ငံများအား လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ ကျန်သည်တို့ကို ဖွံ့ဖြိုးဆဲနိုင်ငံများအား ရောင်းချခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ Covax အစီအစဉ်သို့လည်း ရောင်းချခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ ကာကွယ်ဆေး ရရှိစေရေးကို ဦးတည်ချက် ထားရှိသည်။

ဧပြီလလယ်တွင် အိန္ဒိယအစိုးရက ကိုဗစ်ကာကွယ်ဆေး ပြည်ပတင်ပို့မှုကို လုံးဝပိတ်ပင်လိုက်သည်။ ပြည်တွင်းမှာ ဆေးရုံများ မဆန့်အောင် ကူးစက်မှု များပြားလွန်းနေသည့်အပြင် သေဆုံးနှုန်းလည်း မြင့်မားလျက် ရှိသောကြောင့် ပြည်တွင်းမှာ ကာကွယ်ဆေး အလုံအလောက် ရရှိနေကြောင်း သေချာစေရန်အတွက် ပြည်ပတင်ပို့မှုများ ပိတ်ပင်ထားလိုက်ခြင်း ဖြစ်သည်။

ယခုအခါ ထိုးဆေးထုတ်လုပ်မှု အရှိန်အဟုန်ကောင်းနေပြီ ဖြစ်သည်။ Serum Institute က တစ်လလျှင် ထိုးဆေး ကြိမ်ရေ သန်း ၁၆၀ အတွက် ထုတ်လုပ်နိုင်သည်။ အောက်တိုဘာလတွင် သန်း ၂၀၀ အထိ ထုတ်လုပ်ပေးနိုင်မည် ဖြစ်ကြောင်း Poonawalla က ပြောကြားသည်။

အိန္ဒိယတွင် ဆေးထိုးပြီးစီးမှု အခြေအနေမှာ လူ ၁၀၀ ဦးလျှင် ၆၀ ဦး ထိုးပြီးပြီ ဖြစ်သည်။ ကြိမ်ရေ ၇၈၈ သန်း ထိုးပေးပြီးပြီဖြစ်သည်။
ထုတ်လုပ်မှုပမာဏမှာ တစ်ရက်လျှင် ထိုးဆေး ကြိမ်ရေ ၆.၈ သန်း အတွက် ထုတ်လုပ်ပေးနိုင်သည်။

Serum Institute က Biocon Biologics နှင့် မဟာဗျူဟာမြောက် ပူးပေါင်း လုပ်ကိုင်ခြင်းအတွက် Biocon Biologics ၏ ရှယ်ယာ ၁၅ % ကို အမေရိကန်ဒေါ်လာ ၄.၉ ဘီလျံဖြင့် ဝယ်ယူမည် ဖြစ်ပြီး Biocon Biologics ထံမှ တစ်နှစ်လျှင် ထိုးဆေး ကြိမ်ရေ သန်း ၁၀၀ ကို ၁၅ နှစ်ကြာသည်အထိ ရရှိမည် ဖြစ်သည်။

Read times Last modified on Sunday, 19 September 2021 16:05
Rate this item
(0 votes)