ယနေ့မြန်မာနိုင်ငံရဲ့ ခေတ်စားနေတဲ့ အွန်လိုင်းရှော့ပင်းဆိုတဲ့ ဈေးကွက်ကြီးထဲမှာ အမျိုးသမီးများရဲ့ နေ့စဉ်အသုံးပြုကြရတဲ့ အလှကုန်ပစ္စည်းတွေ အများအပြားပါဝင်နေတာ တွေ့ရှိရပါတယ်၊
ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေသော အများဆုံးတွေ့ရသည့် တားမြစ်ဓါတု ပစ္စည်းများ ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ အောက်ဖော်ပြပါ အလှကုန်ပစ္စည်း (၁၇) မျိုးသည် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်း မရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်ကြောင်း အများပြည်သူလူထု သုံးစွဲရန် မသင့်တော်ပါကြောင်း အသိပေးအပ်ပါသည်။
အစားအသောက်နှင့် ဆေးဝါကွပ်ကဲရေးဦးစီဌာနမှာ ထုတ်ပြန်ကြေညာထားသော အလှကုန်ပစ္စည်း လျှောက်ထားခြင်းဆိုင်ရာ အချက်အလက်များ လျှောက်ထားပုံ အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။