What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 19 August 2020 15:56

အသက်အန္တာရယ် နှင့် ရင်ဆိုင်လာနိုင်တဲ့ အလှကုန် ပါဝင်ပစ္စည်းများ အကြောင်း

ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေသော အများဆုံးတွေ့ရသည့် တားမြစ်ဓါတု ပစ္စည်းများ ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

 

၁။ ဟိုက်ဒရိုကွီးမနုန်း (Hydroquinone)

၂။ ရတ်တီနိုးအစ်အက်စစ် (Retinoic Acid)

၃။ မာကျူရီ (Mercury)

၄။ စတီးရွိုက် (Steroid)

၅။ ခဲ (Lead)

၆။ တားမြစ်ဆိုးဆေး (Rhodamine B, C ၊ 15585)

360-Beauty-CenterBeauty-Parlours_0806.png

ဟိုက်ဒရိုကွီးမနုန်း (Hydroquinone)

(ချေးချွတ်သည့် ဓာတုပစ္စည်းအနေဖြင့် သုံးစွဲခြင်းကြောင့် ခရုသင်းရောဂါ၊ အရေပြားအကွက်လိုက်မည်းခြင်း (Patchy Pigmentation) အရေးပြားကင်ဆာတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။

 

မာကျူရီ (Mercury)

Eye, Makeup, Mascara, Whitening, Cream, Whitening Soap တွေမှာ ထည့်လေ့ရှိပါတယ်။ အရေးပြားမှတဆင့် ခန္ဓာကိုယ် အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း ၊ ကြွက်သားတုန်ခါခြင်း ( Peripheral Neuropathy) ၊ ခေါင်းကိုက်ခြင်း၊ မှတ်ဉာဏ်အားနည်းခြင်း နှင့် စိတ်ရောဂါတွေအပြင် ကြာလာသည့်နှင့်အမျှ အသက်အန္တာရယ်ပါ ထိခိုက်စေနိုင်ပါတယ်။

 

Topical Steroid

အရေးပြားပါးလွှားခြင်း ဝက်ခြံဖုများ ဖြစ်ပေါ်ခြင်း ၊ အရေပြားပါးလွှာ၍ ပိုးဝင်နိုင်ခြင်း ၊ ဆဲလ်ရောင်ရမ်းခြင်း ၊ ထုံထိုင်းခြင်း ၊ အရိုးပွရောဂါ ၊ ကျောက်ကပ်ရောင်ခြင်း စတာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။

 

ခဲ (Lead)

အဆိပ်သင့်ခြင်း (ပျို့အန်ခြင်း ၊ ဝမ်းဗိုက်နာခြင်း ၊ အဆစ်နာခြင်း ၊အင်အားချိနဲ့ခြင်း) Lad Poisoning (ခဲဆိပ်တတ်ခြင်း) ၊ Nervousness ဂဏာမငြိမ်းဖြစ်ခြင်း ၊ ခြေလတ်တုန်ချိခြင်း စတာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။

 

တားမြစ်ဆိုးဆေး (Rhodamine B, C ၊ 15585)

အရောင်းဆိုးဆေးသည် အဝတ်အထည်များ အရောင်းဆိုးရာတွင်သာ အသုံးပြုသော ဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီး ရေရှည်းသုံးစွဲပါက နှုတ်ခမ်းကင်ဆာ ၊ အစာအိမ်အူလမ်းကြောင်းကင်ဆာ နှင့် ကျောက်ကပ်ရောဂါဖြစ်စေနိုင်ပါတယ်။

 

ရတ်တီနိုးအစ်အက်စစ် (Retinoic Acid)

Vitamin A ပုံစံတစ်မျိုးဖြစ်ပြီး ကင်ဆာရောဂါ ကုထုံး၌ ကုသရန် အတွက် အသုံးပြုပါတယ်။ အရေးအကြောင်းတွေကို ခဏအတွင်း သက်သာပျောက်ကင်းစေပြီးတဲ့အပြင် ဝက်ခြံများကို သက်သာစေနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးအနေဖြင့် ခေါင်းကိုက် ၊ ခဏခဏဖျားခြင်း ၊ အန်ခြင်း ၊ အာခေါင် နှင့် နှာခေါင်းများ ခြောက်ခြင်း ၊ အမြင်အာရုံကိုပါ ထိခိုက်စေသည်အထိ ဖြစ်စေနိုင်ပါတယ်။

Kyi-PyarCosmetics_0112.png

စတီးရွိုက် (Steroid)

စတီးရွိုက် (Steroid) ပါဝင်သောပစ္စည်းများသည် အရေပြားချက်ချင်းဖြူလာခြင်း ၊ ဝက်ခြံ ၊ မှဲ့ခြောက်များ သိသိသာသာ အချိန်တိုအတွင်း ပျောက်ကင်းနိုင်စွမ်းရှိသောကြောင့် စျေးကွက်မှာ လူကြိုက်များဖိုံ ထည့်၍ သုံးစွဲကြပါတယ်။ ဘေးထက်ဆိုးကျိုးများကတော့ မသုံးဘဲ ဖြတ်လိုက်ပါ အရေပြားယောင်ရမ်းခြင်း ၊ နာကျင်ခြင်း ၊ အဖုထွက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ (အသုံးပြုချိန်ကာလကြာမြင့်လာလျှင်လဲ ဘေးထွက်ဆိုကျိုးများခံစားလာရနိုင်ပါတယ်။ )


မှတ်ချက်။ ။ အရေပြားဆရာဝန် ညွှန်ကြးချက်အရ လိုအပ်သည့် ပမာဏထက် နေ့စဉ် အသုံးပြုခြင်းကို လုံးဝ လုံးဝ မပြုလုပ်သင့်ပါ။

 

ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရပါက ထိုအလှကုန်ပစ္စည်းများ သံးစွဲခြငြ်း ရပ်တန့်၍ တတ်ကျွမ်းနားလည်သည့် အရေပြား အထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး ဆေးကုသမှု ခံယူသင့်ပါတယ်။

 

 

By Myanmar Health Products Guide

Source: Myanmar FDA

Padamyar-Stores_httpswww.facebook.compadamyar.store.png

Read times
Rate this item
(0 votes)