What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 25 August 2022 13:32

ဘေးအန္တရာယ်ကင်း အွန်လိုင်းရှော့ပင်း အလှကုန် ရွေးချယ်မှု

ယနေ့မြန်မာနိုင်ငံရဲ့ ခေတ်စားနေတဲ့ အွန်လိုင်းရှော့ပင်းဆိုတဲ့ ဈေးကွက်ကြီးထဲမှာ အမျိုးသမီးများရဲ့ နေ့စဉ်အသုံးပြုကြရတဲ့ အလှကုန်ပစ္စည်းတွေ အများအပြားပါဝင်နေတာ တွေ့ရှိရပါတယ်၊

 

အလှကုန်ပစ္စည်းဆိုတာ အမျိုးသမီးတွေအများဆုံး အသုံးပြုကြပေမယ့် အမျိုးသားတွေသုံးတဲ့ အလှကုန် ပစ္စည်းတွေလဲရှိနေပါတယ်၊ အလှကုန်ပစ္စည်းများမှာ ခေါင်းအစခြေအဆုံး အသုံးပြုကြတဲ့ ပစ္စည်းအမျိုးအစားပေါင်း အများအပြားရှိပါတယ်၊

 

အမျိုးသမီးတွေ အနေနဲ့ တစ်ခါတစ်လေမှာ အလှကုန်ပစ္စည်းတွေကို မျက်စိနဲ့တပ်အပ်မြင်ပြီး သေချာရွေးဝယ်လာပြီးမှ အသုံးပြုတဲ့အခါမှာ မကြိုက်လို့ အဆင်မပြေလို့ဆိုပြီး ချောင်ထိုးထားရတဲ့ အလှပြင်ပစ္စည်း တွေရှိတတ်ပါတယ်၊ လူတွေမှာ တစ်ယောက်နဲ့တစ်ယောက် အသားအရေတွေမတူ ကွဲပြားကြပါတယ်၊ သူများ သုံးတဲ့ အလှကုန်ပစ္စည်းက ကိုယ်နဲ့လည်းတည့်ချင်မှတည့်နိုင်မှာပါ၊ အလှကုန်ပစ္စည်းများကို ဝယ်ယူတဲ့အခါမှာ သူများအသားအရေနဲ့ ကိုက်ညီတိုင်းမိမိရဲ့ အသားအရေနဲ့ အဆင်ပြေချင်မှပြေမယ် ဆိုတာကို သတိရဖို့လိုပါတယ်၊

 

ဝယ်ယူပြီးတဲ့အခါမှာလည်း မိမိအသားအရေနဲ့ ကိုက်ညီမှုရှိ/ မရှိ ဆိုတာကို ဦးစွာစစ်ဆေးဖို့တော့လိုအပ်ပါတယ်၊ အချို့သော အလှကုန်ပစ္စည်းများမှာ ဈေးနှုန်း တန်ဖိုးကြီးတွေပေးရပြီး စမ်းသပ်အသုံးပြုခွင့် မရတာတွေရှိသလို အချို့သော အလှကုန်ပစ္စည်းတွေမှာ စမ်းသပ်အသုံးပြုနိုင်ရန်အတွက် နမူနာဘူး (ဘူးသေး)များဖြင့် ရောင်းချတာတွေလဲရှိပါတယ်၊

youtube1.jpg

အချို့သောအလှကုန်များ အသုံးပြုခြင်းကြောင့် မျက်နှာပြင်နှင့်ခန္ဓာကိုယ်တွင် အလာ့ဂျစ်များဖြစ်စေခြင်းမှာ ၎င်းအလှကုန်ပစ္စည်းများတွင် မျက်နှာနှင့်ခန္ဓာကိုယ်တွင် လိမ်းခြယ်ရာ၌ ကြာရှည်စွဲထင်အောင်နဲ့ အနံ့များကောင်းအောင်ပြုထားတဲ့ ဓါတုပစ္စည်းများကြောင့် အဖုအပိန့်တွေကို ဖြစ်စေနိုင်ခြင်းဖြစ်ပါတယ်၊ ယားနာလို အင်ပြင်များဖြစ်ခြင်းမှာ အလှကုန်ပစ္စည်းများ မှားယွင်းရွေးချယ်မိခြင်း မိမိအသားအရေနှင့် မကိုက်ညီခြင်းများကြောင့်ဖြစ်ပါတယ်၊

 

ကုန်ပစ္စည်း(သို့) ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုတဲ့အခါမှာ စားသုံးသူကာကွယ်ရေး ဥပဒေတွင်ပါဝင်သည့် စားသုံးသူများရရှိတဲ့ အခွင့်အရေးများအတိုင်း မိမိဝယ်ယူလိုတဲ့ ကုန်စည်(သို့)ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက် အပေါ်စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်တဲ့သတင်းအချက်အလက်များ ပြည့် စုံမှန်ကန်စွာသိရှိခွင့်နှင့် စိတ်ကြိုက်ရွေးချယ် ဝယ်ယူသုံးစွဲနိုင်ခွင့်ဆိုတဲ့ စားသုံးသူများရရှိထားတဲ့ အခွင့်အရေးများကို သေချာသိရှိထားဖို့ လိုအပ်ပါတယ်၊

 

စားသုံးသူအခွင့်အရေးများကို သေချာစွာသိရှိထားပါက ယခုလိုမျက်စိနဲ့သာ မြင်တွေ့ခွင့်ရှိပြီး ထိတွေ့စမ်းသပ်ခွင့်မရတဲ့ ခေတ်စားနေတဲ့ အွန်လိုင်းရှော့ပင်းတွေမှာ စားသုံးသူပြည်သူများ နစ်နာမှုမရှိဘဲ မှန်ကန်တဲ့ရွေးချယ်မှုတွေနဲ့ ဝယ်ယူ အသုံးပြုနိုင်မှာဖြစ်ပါတယ်၊ စားသုံးသူများအနေဖြင့် ကုန်စည်(သို့)ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူအသုံးပြုတဲ့အခါမှာ စားသုံးသူများ၏ ရရှိထားတဲ့ အခွင့်အရေး အသိတွေနဲ့အတူ မှားယွင်းစွာရွေးချယ်မှုမရှိစေဖို့အတွက် သတိရှိရမှာဖြစ်ပါတယ်၊

 

စားသုံးသူများအနေဖြင့် မှန်ကန်စွာရွေးချယ် ဝယ်ယူနိုင်စေဖို့အတွက် စားသုံးသူအသိနဲ့ သတိယှဉ်ကာ နစ်နာမှုမရှိ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူအသုံးပြုနိုင်ရန်အတွက် အကြံပြုရေးသား လိုက်ခြင်းဖြစ်ပါတယ်။

 

DOCA(ရှမ်း)

Myanmar Health Products Guide

youtube.jpg

Read times Last modified on Thursday, 25 August 2022 14:21
Rate this item
(1 Vote)