ကိုယ်ဝန်ဆောင်ကာလအတွင်း ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရမျှတတဲ့ အစားအသောက်တွေကို စားသုံးပေးပါက ကလေးငယ်ရဲ့ ဥာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေပါတယ်။
ဦးနှောက်လျင်လျင်မြန်မြန် ဖွံ့ဖြိုးနေတဲ့ ကိုယ်ဝန်ဆောင် ကာလ ၂၄ ပတ်ကနေ ၄၂ ပတ် အတွင်းမှာ အာဟာရဓာတ် အပြည့်အ၀ ရရှိဖို့ လိုအပ်ပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးပေးပါ။
- ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ တစ်နေ့ကို ပုံမှန်စားသုံးနေတဲ့ ကယ်လိုရီပမာဏထက် ၃၀၀ လောက် ပိုမိုစားသုံးပေးဖို့ လိုအပ်ပါတယ်။
- နေ့စဉ်စားသုံးနေတဲ့ အစားအသောက်ထဲမှာ ထမင်း၊ ဂျုံနဲ့ ပေါင်မုန့်၊ သစ်သီး၊ ဟင်းသီးဟင်းရွက်များ၊ ပရိုတင်းနှင့် နို့ထွက်ပစ္စည်းများ ပါဝင်အောင် စားသုံးပေးရပါ့မယ်။
- သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်နဲ့ ဖောလစ်အက်ဆစ်လိုမျိုး အရေးပါတဲ့ အာဟာရဓာတ်တွေ အများအပြားပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ တစ်နေ့ကို သစ်သီးများကို ၂ ကြိမ်ကနေ ၄ ကြိမ် စားသုံးပေးသင့်ပြီး ဟင်းသီးဟင်းရွက်များကိုတော့ တစ်နေ့ကို အနည်းဆုံး ၄ ပွဲလောက် စားသုံးသင့်ပါတယ်။
- ကိုယ်ဝန်ဆောင် မိခင်တစ်ဦးအနေနဲ့ တစ်နေ့ကို ပေါင်မုန့် သို့မဟုတ် ဆန်လိုမျိုး အစေ့အဆန်များကို စားသုံးပေးသင့်ပါတယ်။
- ကိုယ်ဝန်ဆောင် ကာလတတိယပတ်နဲ့ ဒုတိယပတ်မှာ ပရိုတင်းဓာတ်အလုံအလောက်ရရှိဖို့အတွက် အသား၊ ဥအမျိုးမျိုးနှင့် ပဲအမျိုးမျိုးတို့ကို စားသုံးရပါမည်။
- နို့နဲ့ ဒိန်ချဉ်လိုမျိုး နို့ထွက်ပစ္စည်းများက သန္ဓေသားကြီးထွားဖို့အထွက် အရေးပါတဲ့ ကယ်စီယမ်ဓာတ်ကို ထုတ်ပေးတဲ့ အရင်းအမြစ်ဖြစ်ပါတယ်။
၁. ကိုလင်း
ကိုယ်ဝန်ဆောင်ကာလအတွင်း ကိုလင်းဖြည့်စွက်စားသုံးပေးမှုက မွေးလာမယ့် ကလေးမှာ သင်ယူမှုဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ မှတ်ဥာဏ်တိုးတက် ကောင်းမွန်စေပါတယ်။
၂. သံဓာတ်
သံဓာတ်ဟာ သန္ဓေသားရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ နောက်ထပ် အာဟာရတစ်မျိုးဖြစ်ပါတယ်။ အခြောက်ခံထားတဲ့ ပဲအမျိုးမျိုး၊ စပျစ်သီးခြောက်၊ မက်မွန်းသီးခြောက်နှင့် တရုတ်ဇီးသီးခြောက်တို့လိုမျိုး သစ်သီးခြောက်များကို စားသုံးပေးသင့်ပါတယ်။
၃. အိုမီဂါသရီး ဖက်တီးအက်ဆစ်
အိုမီဂါသရီး ဖက်တီးအက်ဆစ်ဟာ ကလေးငယ်ရဲ့ ဦးနှောက်ရဲ့ မျက်ကြည်လွှာဖြစ်တည်ဖွံ့ဖြိုးမှုအတွက် အရေးပါပြီး ကိုယ်ဝန်ဆောင်ကာလအတွင်း စိတ်ကျ ဝေဒနာခံစားရမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
၎. ပရိုတင်း
ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ပရိုတင်းဓာတ်အလုံအလောက် ရရှိအောင် စားသုံးပေးဖို့ လိုအပ်ပါတယ်။
၅. ဇင့်
ဇင့်ချို့တဲ့တာကလည်း ကလေးငယ်ရဲ့ ဦးနှောက်လုပ်ငန်းစဉ်တွေအပေါ်မှာ ဆိုးကျိုးသက်ရောက်မှု ဖြစ်ပေါ်စေနိုင်ပါတယ်။
Source: kumudra journal