What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 20 December 2018 10:45

မာလ်တီဗီတာမင်များက နှလုံးသွေးကြောဆိုင်ရာ ရောဂါကို မကာကွယ်နိုင်

လူအများအပြားက နေ့စဉ် မာလ်တီဗီတာမင်ဆေးလုံးများကို ပဲလှော်စားသလို ဝါးစားနေကြတယ်။ မျှော်လင့်ချက်ကတော့ အထွေထွေကျန်းမာရေးကောင်းစေဖို့နှင့် အသက်ရှည်ဖို့ပဲပေါ့။ 

ကနေဒါနှင့် ပြင်သစ်မှ သုတေသီတို့က ယင်း ဖြည့်စွက်စာတွေက ကမ္ဘာမှာ သေဆုံးမှုအများဆုံးဖြစ်စေတဲ့ရောဂါများထဲမှ တစ်ခုဖြစ်တဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါ (Cardiovascular Disease-CVD) ကို အကာအကွယ် ပေး/မပေး ကြည့်ကြတယ်။

 

မကြာ သေးမီက စမ်းသပ်စစ်ဆေးချက်မှ ရလဒ်များကို စုစည်းကြည့်ရာမှာ ယင်းမာလ်တီဗီတာမင်များက CVC (နှလုံးတိုက်ခိုက်ခံရခြင်းနှင့် လေဖြတ်ခြင်း) ကျရောက်မှုအန္တရာယ်အပေါ် တစ်စုံတစ်ရာ သိသာတဲ့ အကျိုးသက်ရောက်မှု မပြသဘူးလို့ ဆိုပါတယ်။

 

ကိုယ်ဝန်ဆောင်တချို့နှင့် IBS ရောဂါခံစားရသူ တချို့မှ တစ်ပါး လူအများစုက သူတို့လိုတဲ့ ဗီတာမင်နှင့် သတ္တုဓာတ်အားလုံးကို အစားအစာမှ ရရှိနိုင်ပါတယ်။ ဖြည့်စွက်စာများ ဝယ်ယူစားသောက်ဖို့ မလိုပါဘူး။


Source: ဦးလှမြင့် (ဂန္ဓမာ) (Ref: R.D/ Nov.2018) 

Read times Last modified on Wednesday, 27 February 2019 15:20
Rate this item
(0 votes)