What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 10 January 2019 16:50

အမျှင်ဓာတ်များများစားသုံးခြင်းဖြင့် အူမကြီးကင်ဆာ ရောဂါကို လျော့ချနိုင်

အမျှင်ဓာတ် ပါဝင်မှုများသော အစားအစာများ စားသုံးသည့် သူများတွင် အူမကြီးကင်ဆာ ဖြစ်ပေါ်မှု အန္တရာယ် နည်းပါးကြသည်ကို သက်သေ ခိုင်လုံစွာ တွေ့ရှိရသည်ဟု သိပံ္ပပညာရှင်တို့က ထပ်မံ ဖော်ပြခဲ့ကြပါတယ်။ 

အစေ့အဆန်များ၊ အမျှင်ဓာတ် ပမာဏများသည့် အစားအစာများသည် အူမကြီးကင်ဆာ အန္တရာယ် နည်းပါးစေခြင်းနှင့် ဆက်နွယ်ချက် ရှိသည်ဟု ယခင် လေ့လာ စူးစမ်းချက်များမှ ဆိုခဲ့ကြသော်လည်း ခိုင်လုံသော သာဓကများနှင့် ဖော်ပြခဲ့ခြင်း မရှိပေ။

 

ယခု ဖော်ပြချက်ကမူ ကွဲပြားသော လေ့လာမှုပေါင်း ၂၅ ခု အပေါ် သုံးသပ်၍ သက်သေအထင်အရှား တွေ့ရှိရမှုများနှင့် ဖော်ပြခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ပါတယ်။လူဦးရေ (၈)သိန်း နီးပါးမျှ ပါဝင်သော လေ့လာမှု တစ်ခုမှလည်း နေ့စဉ်စားသုံးသည့် အစားအစာများထဲတွင် အမျှင်ဓာတ်နှင့် အစေ့အဆန်ပါ အသီးအနှံ (၁၀)ဂရမ်မျှ ပုံမှန် စားသုံးကြသူများ၌ အူမကြီးကင်ဆာ ဖြစ်ပေါ်မှု (၁၀) ရာနှုန်းနီးပါး လျော့နည်းစေသည်ဟု ဖော်ပြခဲ့ပါတယ်။

 

ဗြိတိန်နှင့် ဒတ်ခ်ျ သုတေသီအဖွဲ့ တစ်ခုမှလည်း ၎င်းတို့ လေ့လာမှု၌ ပါဝင်သူများ၏ တစ်နေ့တာ စားသုံးမှုတွင် အစေ့အဆန် (၉၀) ဂရမ်မျှ စားသုံးကြသူများ၌ အူမကြီးကင်ဆာ ဖြစ်ပေါ်မှု (၂၀) ရာနှုန်းနီးပါးမျှ လျော့နည်းကြသည်ကို တွေ့ရကြောင်း ဖော်ပြထားပါတယ်။ အမျှင်ဓာတ် ပါဝင်သော သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ စားသုံးခြင်း နည်းသူများနှင့် စာလျှင် အမျှင်ဓာတ် ပါဝင်မှုများသော အစေ့အဆန်၊ သစ်သီး၊ ဟင်းသီးဟင်းရွက် စားသုံးသူများ၌ အူမကြီးကင်ဆာ အန္တရာယ် လျော့နည်းစေခြင်းနှင့် ဆက်နွယ်ချက်ကို အထင်အရှား တွေ့ရသည်ဟု ဗြိတိသျှ ဆေးပညာဂျာနယ် (BMS) တွင်လည်း ဖော်ပြပါတယ်။

 

အမျှင်ဓာတ်ပါ အစားအစာများ စားသုံးခြင်းဖြင့် နှလုံးသွေးကြော ရောဂါ၊ ဆီးချိုသွေးချို အမျိုးအစား ၂၊ အဝလွန်ခြင်း၊ ယင်းတို့နှင့် ပတ်သက်၍ အသက်ဆုံးရှုံးမှုတို့ကို လျော့နည်းစေခြင်း စသည့် ကျန်းမာရေး အကျိုးရလဒ်များ ရရှိစေသည်ဟု ဖော်ပြခဲ့ပါတယ်။ ယခုကဲ့သို့ အမျှင်ဓာတ်ပါ အစားအစာများ စားသုံးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများ ဖြစ်စေသည့် ဝိသေသထူးများ အကြောင်းကို နောင်တွင် အကျယ်တဝင့် ရှင်းလင်းပြနိုင်မည် ဖြစ်ကြောင်းလည်း သိပံ္ပပညာရှင်များက အခိုင်အမာ ဆိုပါတယ်။

Source:Min Htet (yatanarpon)

 

Read: ဘယ်အကိုက်အခဲပျောက်ဆေးက သင့်အတွက် အသင့်တော်ဆုံးလဲ

ဘယ်အကိုက်အခဲပျောက်ဆေးက သင့်အတွက် အသင့်တော်ဆုံးလဲ

Read times Last modified on Wednesday, 27 February 2019 14:56
Rate this item
(1 Vote)