What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 16 August 2019 13:58

ဂေါက်ရောဂါရှိသူတိုင်း သိထားရမယ့် အချက် (၆)ချက်

ဂေါက်ရောဂါဆိုတာ ခန္ဓာကိုယ်ထဲမှာ Uric acid တွေအရမ်းများတာကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲရောဂါပါ။

အဆစ်အမြစ်တွေရောင်ရမ်းလာပြီး အရမ်းကိုနာကျင်တဲ့ ရောဂါမျိုးပါ။ အဆစ်တွေ၊ ခြေမ၊ ခြေမျက်စိ စသည်ဖြင့် အဖုကြီးတွေဖြစ်တတ်ပါတယ်။ သင် ဒါမှမဟုတ် သင့်မိသားစု၊ အသိမိတ်ဆွေတွေထဲမှာ ဒီလိုရောဂါကိုခံစားနေရတဲ့သူရှိရင် ဒီနည်းလမ်းလေးတွေကို လက်ဆင့်ကမ်းလိုက်ပါနော်။

 

(၁) အစားအသောက်

နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ဒိန်ချဉ်တွေ၊ မုန်လာချဉ်၊ သခွားချဉ်၊ မုန်ညင်းချဉ်၊ ပေါင်မုန့်ကြမ်းစတဲ့ အစားအစာတွေကိုထည့်သွင်းစားသုံးပေးပါ။

 


(၂) ဗီတာမင်စီ

မကြာသေးခင်က သုတေသနပြုလုပ်ချက်အရ ဗီတာမင်စီဟာ ရောင်ရမ်းခြင်းနဲ့နာကျင်ကိုက်ခဲခြင်းတွေကို သက်သာပျောက်ကင်းစေပါတယ်။

 


(၃) အဆီနည်းတဲ့နို့နဲ့နို့ထွက်ပစ္စည်းများ

အဆီထုတ်ထားတဲ့ Low fat နို့နဲ့နို့ထွက်ပစ္စည်းတွေဟာ ဂေါက်ရောဂါကို ပိုဆိုးမလာအောင် ကာကွယ်ပေးနိုင်တာကြောင့် နေ့စဉ်ပုံမှန်သောက်ပေးသင့်ပါတယ်။

 

နှလုံး အားနည်းနေပြီးဆိုတာ ပြနေတဲ့ လက္ခဏာ (၇) မျိုး ဖတ်ရှုရန် နှိပ်ပါ 

နှလုံး အားနည်းနေပြီးဆိုတာ ပြနေတဲ့ လက္ခဏာ (၇) မျိုး

 

(၄) ရေများများသောက်ပါ

ရေများများသောက်ခြင်းဖြင့် ခန္ဓာကိုယ်ထဲက Uric acid တွေကို လျော့ပါးစေပါတယ်။ ဒါကြောင့် ရေများများဆိုတာထက် အများကြီးပိုသောက်ပေးသင့်ပါတယ်။

 


(၅) ကော်ဖီ

ကော်ဖီဟာလည်း ခန္ဓာကိုယ်ထဲက Uric Acid တွေကို လျော့ပါးစေနိုင်တာကြောင့် နေ့စဉ်သောက်သုံးပေးသင့်ပါတယ်။

 


(၆) ချယ်ရီသီး

ချယ်ရီသီးကိုစားသုံးပေးခြင်းဖြင့် ဂေါက်ရောဂါကြောင့်ဖြစ်ပေါ်လာတဲ့ ကိုက်ခဲမှုတွေကိုလျော့ပါးစေနိုင်ပါတယ်။

 

Em Em

Read times
Rate this item
(0 votes)