What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 07 February 2019 10:18

ပါးစပ်တွင်းမှာ ဒုက္ခပေးတတ်တဲ့ အပူနာအတွက် အိမ်တွင်းကုသနည်း

လူတော်တော်များများ အပူနာကို ခံစားကြဖူးမယ်ထင်ပါတယ်။

အနာကြီးလာပြီဆိုရင် ထမင်းစားချိန် ရေသောက်ချိန်တွေအထိပါ မျက်ရည်ကျလောက်အောင် နာပြီး ပါစပ်းလှုပ်တာနဲ့ ဖျင်းကနဲဖြစ်ပြီး စပ်လွန်းလို့ ဒုက္ခရောက်ခဲ့တဲ့အချိန်တွေရှိကြဖူးမှာပါ။အာခံတွင်း လျှာအောက်ပိုင်းနဲ့ သွားနဲ့ထိနေတဲ့ အတွင်းနှာခမ်းနေရာတွေ အတွင်းပါးစောင်တွေမှာ ဖြစ်တတ်တဲ့ အပူနာ ၊ ပါစပ်းနာ ဟာ မထင်ရင်မထင်သလိုဖြစ်တတ်ပြီး စဖြစ်ပြီဆိုတာနဲ့ နှစ်ပတ်လောက်အထိကို ခံစားရပါတယ်။ အချို့ကြတော့လဲ တစ်လလောက် ကြာတတ်ပါတယ်။ ဒီအကြောင်းနဲ့ ပက်သက်ပြီး ဘာကြောင့်ဖြစ်ရတာလဲဆိုတာနဲ့ ဘယ်လိုဆောင်ရန်၊ ရှောင်ရန်တွေကို လိုက်နာရမလဲဆိုတာကို ပြောပြသွားမှာဖြစ်ပါတယ်။

 

ဘာကြောင့်ဖြစ်ရလဲ..

*အပူများခြင်းကြောင့်ဖြစ်တတ်ပါတယ်

*သွားနဲ့ အတွင်းသားတွေကို ကိုက်မိခြင်းကြောင့်ဖြစ်တတ်ပါတယ်

 

*တစ်ခုခုနဲ့ခြစ်မိလို့လဲ ဖြစ်တတ်ပါတယ်

*အိပ်ရေးပျက်ခြင်းကြောင့်လဲဖြစ်တတ်ပါတယ်

*တစ်ချို့က သွားတိုက်ဆေးမှာပါတဲ့ sodium laureth sulfate ဓာတ်နဲ့မတည့်တဲ့အခါဖြစ်တတ်ပါတယ်

*အစာအိမ်ရောဂါနဲ့ အူလမ်းကြောင်းရောဂါရှိသူတွေလဲဖြစ်တတ်ပါတယ်။

 A man drinking water

အနာစဖြစ်ဖြစ်ခြင်းဆိုရင်

ဒီအချက်ကတော့ ဖြစ်ဖြစ်ခြင်း ကြိုတင်ကာကွယ်နိုင်ဖို့ပါ။ ပါးစပ်တွင်းတစ်နေရာမှာ စဖြစ်တော့မယ်ဆိုရင် အနာက အရမ်းမနာသေးပါဘူး အနာရင့်လာမှ ပါစပ်းလုပ်လို့မရအောင်နာတာပါ။ တကယ်လို့ ဒီလိုအပူနာတွေ စဖြစ်ဖို့အတွက်နိမိတ်ပြလာပြီဆိုရင်တော့ ပထမဆုံး

* ရေးများများသောက်ပါ (ရေခဲရေမဟုတ်ရိုးရိုးရေ)

* အပေါ့များများသွားပါ

* အိပ်ခါနီး ဒူးအပေါ် ပေါင်နားကနေ ရေလောင်းပြီးအိပ်ပါ

 

* မနက်နိုးနိုးခြင်း ရေတစ်ဝသောက်ပါ (ငါးဂျင်းခွက်တစ်ခွက်စာ)

* ပြီးလျှင် ရေချိုးပါ

ဒီအချက်တွေကို တစ်ပတ်လောက်သေသေချာချာလုပ်ပေးမယ်ဆိုရင် သင့်အနာက ဆက်ပြီးမကြီးထွားနိုင်တော့ဘဲ တဖြည်းဖြည်း ပျောက်ကွယ်သွားပါလိမ့်မယ်။ ဒါကအနာစဖြစ်ဖြစ်ခြင်း လုပ်ရမယ်မှာပါ။ စဖြစ်ဖြစ်ခြင်းလုပ်ရင်တော့ ပျောက်သွားနိုင်ပါတယ် ရင့်လာတဲ့အချိန်ဆိုရင်တော့ မပျောက်နိုင်ပါဘူး ဒါပေမဲ့ ဒီအချိန်ဆိုရင်လည်း ဒီနည်းကိုအသုံးပြုပေးပါ။

 

cankersores Downers Grove dentist

 

 

အနာကြီးလာပြီဆိုရင်

အနာကြီးလာပြီဆိုရင်တော့ ကုသရမယ်အဆင့်ရောက်ပါပြီ။ အောက်ပါအချက်တွေက အိမ်မှာတတ်နိုင်သလောက်လုပ်နိုင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။

 

*ရှားစောင်းလက်ပပ်ဂျယ်နဲ့ တစ်နေ့နှစ်ကြိမ်လောက်ပွတ်ပေးပါ။ ရှားစောင်းလက်ပပ်ဖျော်ရည်နဲ့လည်း တစ်နေ့နှစ်ကြိမ်လောက် ပလုတ်ကျင်းပေးပါ (မနက်၊ည)

*ရေတစ်ခွက်ထဲကို လက်ဖက်ပင်ဆီ ဆက်စက်ရောပြီး တစ်နေ့နှစ်ကြိမ်လောက် ပလုပ်ကျင်းပေးပါ

*ပျားရည်ကို လက်ဖက်ရည် ဇွန်းတစ်ဇွန်းနဲ့ နနွင်းမှုန့်အနည်းငယ်ရောစပ်ပြီး အနှစ်ဖြစ်လာတဲ့အခါ အနာပေါ်သုတ်လိမ်းပေးပါ

 

*ဒုဓလီပွင့်ကို ရေးနွေးဆူဆူထဲထည့်ပြီ အေးလာချိန်မှာ ပလုတ်ကျင်းပေးနိုင်ပါတယ်။ ဒုဓလီပွင့်ဟာ အ၀ါရောင်အပွင့်ဖြစ်ပြီး အလေ့ကျပေါက်တတ်ပါတယ်။

အနာက နာလွန်းလို့ အိပ်မရဖြစ်နေသူတွေ၊ မနက်ပိုင်းလုပ်သွားရမယ်သူတွေကတော့ အကိုက်အခဲပျောက်ဆေးသောက်ပြီး အိပ်တာအကောင်းဆုံးပါပဲ။

Ref - Healthdigezt / Dr Su Pyae

 

Read: အမေရိကန်လူငယ်များတွင် အဝလွန်ခြင်းနှင့် ဆက်စပ်သော ကင်ဆာဖြစ်ပွားမှုမြင့်တက်

အမေရိကန်လူငယ်များတွင် အဝလွန်ခြင်းနှင့် ဆက်စပ်သော ကင်ဆာဖြစ်ပွားမှုမြင့်တက်

Read times Last modified on Friday, 08 February 2019 10:03
Rate this item
(1 Vote)